ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းတွင် ယာဉ်တိုက်မှုကြောင့် မကျွတ်မလွတ်သေးသူများအား အမျှအတန်းပေးဝေ

ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းတွင် ယာဉ်တိုက်မှုကြောင့် မကျွတ်မလွတ်သေးသူများအား အမျှအတန်းပေးဝေ
ဇူလိုငျ 15, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးတွင် မကျွတ်မလွတ်သေးသူများအား ရည်စူး၍  ပရိတ်တရားတော်များရွတ်ဖတ်ခြင်း လှူဒါန်းမှုများပြုလုပ်ကာ ရေစက်ချ အမျှဝေခြင်းများကို ဇူလိုင်လ (၁၅)ရက်နေ့က ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၉၆/၄ နှင့် ၉၆/၅ အကြားတွင် စတင် ပြုလုပ်နေကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကျောက်မဲနှင့် လားရှိုးကြားရှိ လမ်းပိုင်းတစ်လျှောက်တွင် ယာဉ်မတော်မဆမှုများ ဖြစ်ပွားရာမှ သေဆုံးသူများအား ရည်စူး၍ အကျွတ်အလွတ် ရွတ်ဖတ်ခြင်းနှင့် အမျှအတန်း ပေးဝေခြင်းအား လုပ်ဆောင်မည်ဖြစ်ရာ ရင်ကွဲတောင်အနီးတွင် ဇူလိုင်လ (၁၅) ရက် နံနက် (၉) နာရီက စတင်ရွတ်ဖတ်ပြီး ယနေ့တွင် ကျောက်မဲမြို့အဝင်မုခ်ဦး၊ ကျောက်မဲတိုးဂိတ်အဆင်းနှင့် မောင်ဖုန်းတောင်အကွေ့နေရာများတွင် ဆရာတော်များက အကျွတ်အလွတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးတွင် မကျွတ်မလွတ်သေးသူများအား ရည်စူး၍ ပရိတ်တရားတော်များရွတ်ဖတ်ခြင်း လှူဒါန်းမှုများပြုလုပ်ကာ ရေစက်ချ အမျှဝခြေင်းများကို ဇူလိုင်လ (၁၅)ရက်နေ့က ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၉၆/၄ နှင့် ၉၆/၅ အကြားတွင် စတင် ပြုလုပ်နေကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကျောက်မဲနှင့် လားရှိုးကြားရှိ လမ်းပိုင်းတစ်လျှောက်တွင် ယာဉ်မတော်မဆမှုများ ဖြစ်ပွားရာမှ သေဆုံးသူများအား ရည်စူး၍ အကျွတ်အလွတ် ရွတ်ဖတ်ခြင်းနှင့် အမျှအတန်း ပေးဝခြေင်းအား လုပ်ဆောင်မည်ဖြစ်ရာ ရင်ကွဲတောင်အနီးတွင် ဇူလိုင်လ (၁၅) ရက် နံနက် (၉) နာရီက စတင်ရွတ်ဖတ်ပြီး ယနေ့တွင် ကျောက်မဲမြို့အဝင်မုခ်ဦး၊ ကျောက်မဲတိုးဂိတ်အဆင်းနှင့် မောင်ဖုန်းတောင်အကွေ့နေရာများတွင် ဆရာတော်များက အကျွတ်အလွတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~