ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ဇူလိုင်လ (၂)ရက်နေ့ နေ့ လယ် (၁)နာရီက ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် ဓမ္မစကူးလ်ကျောင်းများ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လ၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ ဥက္ကဌ ဘဒ္ဒန္တပညာနန္ဒ၊ ဆရာတော် သံဃာတော်ကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် အရာရှိကြီးများ၊ ရှမ်းပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်၊ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဓမ္မစကူးလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
ကျိုင်းတုံမြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းများဖြစ်သည့် စိန်ပန်းဓမ္မစကူးလ်တွင် ကျောင်းသား/ကျောင်းသူ (၂၅၄)ဦး၊ လွိုင်မွေဓမ္မစကူးလ်တွင် ကျောင်းသား/ကျောင်းသူ (၁၅၀)ဦး၊ အောင်တော်မူ ဓမ္မစကူးလ်တွင် ကျောင်းသား/ကျောင်းသူ (၇၀)ဦး၊ မိုင်းခွန်ဓမ္မစကူးလ်တွင် ကျောင်းသား/ကျောင်းသူ (၃၀)ဦး စုစုပေါင်း ဓမ္မစကူးလ် ကျောင်းသား/ကျောင်းသူ ဦးရေ (၅၀၄)ဦး ရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ကျိုင်းတုံမြို့နယ် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲ၌ ထူးချွန်ဆုရရှိသူများနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းမှ သင်တန်းဆရာ/ဆရာမများအား စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
နာယက ဆရာတော်များက ဓမ္မစကူးလ် ကျောင်းသား/ ကျောင်းသူများအတွက် ဗုဒ္ဓဘာသာ သင်ခန်းစာ စာအုပ်များ ပေးအပ်ခြင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် အရာရှိကြီးများ နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများအား ဆပ်ကပ် လှူဒါန်းခြင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ဓမ္မစကူးလ်ကျောင်းများအား ပရိုဂျက်တာများ လှူဒါန်းခြင်းနှင့် ဓမ္မစကူးလ်ကော်မတီ နာယကဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ဆပ်ကပ် လှူဒါန်းခြင်းများလည်း လုပ်ဆောင်ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လ၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ ဥက္ကဌ ဘဒ္ဒန္တပညာနန္ဒ၊ ဆရာတော် သံဃာတော်ကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် အရာရှိကြီးများ၊ ရှမ်းပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်၊ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆို်င်ရာ အကြီးအကဲများ၊ ဓမ္မစကူးလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်