ေက်ာက္မဲၿမိဳ႕အနီး ယာဥ္တုိက္မႈမွ ကားအတြင္း ပိတ္မိေနသူအား မီးသတ္တပ္ဖြဲ႔အကူျဖင့္ ဆြဲထုတ္ရ

ေက်ာက္မဲၿမိဳ႕အနီး ယာဥ္တုိက္မႈမွ ကားအတြင္း ပိတ္မိေနသူအား မီးသတ္တပ္ဖြဲ႔အကူျဖင့္ ဆြဲထုတ္ရ
ဇူလိုင် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ေမြေတာ္ေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးတြင္ ဇူလိုင္လ(၂၄)ရက္ နံနက္ပိုင္းက ေရွ႕ကားအား ေက်ာ္တက္သည့္ (၂၂)ဘီးယာဥ္တစ္စီးႏွင့္ အိမ္စီးကားငယ္တစ္စီး တိုက္မိရာ ကားငယ္ ေမာင္းႏွင္သူမွာ စတီယာရင္ႏွင့္ညႇပ္ေန၍ မီးသတ္တပ္ဖြဲ႔အကူအညီျဖင့္ဆြဲထုတ္ၿပီး ေဆးရံုပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“ကားငယ္က လားရိႈး ဘက္က လာတာ။ တြဲကားကေတာ့ မႏၱေလးဘက္ကေန လာတာ။ တြဲကားက ေရွ႕ကားကို ေက်ာ္တက္ရင္း ကားငယ္နဲ႔ ထိပ္တိုက္ေတြ႔ေတာ့ ေရွာင္တိမ္းရင္း တိုက္မိသြားတာ။ အခုမွ စိစစ္ေနတုန္းပဲ ရွိပါေသးတယ္။ ျဖစ္တာကေတာ့ ခန္႔မွန္း မနက္(၉)နာရီ(၄၅)ေလာက္မွာျဖစ္တာပါ” ဟု ေက်ာက္မဲ ယာဥ္ထိန္းတပ္ဖြဲ႔မွ ဒုတပ္ၾကပ္လင္းထြန္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ယာဥ္ႏွစ္စီးထိပ္တိုက္ေတြ႔မိရာမွ ေရွာင္တိမ္းရင္းတိုက္မိသျဖင့္ ကားငယ္မွာလမ္းနံေဘးသို႔ ထိုးက်သြားခဲ့ၿပီး ယာဥ္ငယ္ေမာင္းႏွင္သူမွာ ကားအတြင္းၫွပ္မိေနသျဖင့္ ေက်ာက္မဲၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ လာေရာက္ ထုတ္ယူ ကယ္ဆယ္ေပးခဲ့ရေၾကာင္း သိရသည္။

“ယာဥ္ငယ္ေပၚက အမ်ိဳးသားကေတာ့ စတီယာရင္နဲ႔ၫႇပ္ေနလို႔ မီးသတ္က ကယ္ထုတ္ေပးရတယ္။ ကြ်န္ေတာ္တို႔ အဖြဲ႔ေရာက္ေနေပမယ့္ စက္ကိရိယာေတြမရွိေတာ့ မီးသတ္အဖြဲ႔ကပဲ လုပ္ေပးရတယ္။ စတီယာရင္နဲ႔ၫွပ္မိတဲ့ ဒဏ္ရာေၾကာင့္ ေက်ာက္မဲေဆးရံုႀကီးမွာတင္ထားတယ္။ အတူပါလာတဲ့ အမ်ိဳးသမီးျဖစ္သူကေတာ့ ပြန္းပဲ့ဒဏ္ရာေလာက္ပဲ ရေတာ့ ေဆးရံုမတင္ထားပါဘူး “ဟု မေတာ္တဆမႈျဖစ္ပြားရာသို႔ သြားေရာက္ကူညီခဲ့သည့္ ေက်ာက္မဲၿမိဳ႕ ဇီဝိတလူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴက ေျပာသည္။

(၂၂)ဘီးယာဥ္အား ေမာင္းႏွင္သူအမ်ိဳးသားမွာ မႏၱေလးၿမိဳ႕တြင္ ေနထိုင္သူျဖစ္ၿပီး ယာဥ္ငယ္ ေမာင္းႏွင္သူမွာ ရန္ကုန္ၿမိဳ႕တြင္ေနထိုင္သူျဖစ္ေၾကာင္းႏွင့္ ယာဥ္မေတာ္တဆမႈႏွင့္ပတ္သက္၍ အေရးယူေဆာင္ရြက္ႏုိင္ရန္ ေက်ာက္မဲ ယာဥ္ထိန္းတပ္ဖြဲ႕က ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေစာမင္းၾကဴ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မွေတော်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် ဇူလိုင်လ(၂၄)ရက် နံနက်ပိုင်းက ရှေ့ကားအား ကျော်တက်သည့် (၂၂)ဘီးယာဉ်တစ်စီးနှင့် အိမ်စီးကားငယ်တစ်စီး တိုက်မိရာ ကားငယ် မောင်းနှင်သူမှာ စတီယာရင်နှင့်ညှပ်နေ၍ မီးသတ်တပ်ဖွဲ့အကူအညီဖြင့်ဆွဲထုတ်ပြီး ဆေးရုံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကားငယ်က လားရှိုး ဘက်က လာတာ။ တွဲကားကတော့ မန္တလေးဘက်ကနေ လာတာ။ တွဲကားက ရှေ့ကားကို ကျော်တက်ရင်း ကားငယ်နဲ့ ထိပ်တိုက်တွေ့တော့ ရှောင်တိမ်းရင်း တိုက်မိသွားတာ။ အခုမှ စိစစ်နေတုန်းပဲ ရှိပါသေးတယ်။ ဖြစ်တာကတော့ ခန့်မှန်း မနက်(၉)နာရီ(၄၅)လောက်မှာဖြစ်တာပါ” ဟု ကျောက်မဲ ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတပ်ကြပ်လင်းထွန်းသိန်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ယာဉ်နှစ်စီးထိပ်တိုက်တွေ့မိရာမှ ရှောင်တိမ်းရင်းတိုက်မိသဖြင့် ကားငယ်မှာလမ်းနံဘေးသို့ ထိုးကျသွားခဲ့ပြီး ယာဉ်ငယ်မောင်းနှင်သူမှာ ကားအတွင်းညှပ်မိနေသဖြင့် ကျောက်မဲမြို့နယ်မီးသတ်တပ်ဖွဲ့မှ လာရောက် ထုတ်ယူ ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

“ယာဉ်ငယ်ပေါ်က အမျိုးသားကတော့ စတီယာရင်နဲ့ညှပ်နေလို့ မီးသတ်က ကယ်ထုတ်ပေးရတယ်။ ကျွန်တော်တို့ အဖွဲ့ရောက်နေပေမယ့် စက်ကိရိယာတွေမရှိတော့ မီးသတ်အဖွဲ့ကပဲ လုပ်ပေးရတယ်။ စတီယာရင်နဲ့ညှပ်မိတဲ့ ဒဏ်ရာကြောင့် ကျောက်မဲဆေးရုံကြီးမှာတင်ထားတယ်။ အတူပါလာတဲ့ အမျိုးသမီးဖြစ်သူကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတော့ ဆေးရုံမတင်ထားပါဘူး “ဟု မတော်တဆမှုဖြစ်ပွားရာသို့ သွားရောက်ကူညီခဲ့သည့် ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက ပြောသည်။

(၂၂)ဘီးယာဉ်အား မောင်းနှင်သူအမျိုးသားမှာ မန္တလေးမြို့တွင် နေထိုင်သူဖြစ်ပြီး ယာဉ်ငယ် မောင်းနှင်သူမှာ ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ကြောင်းနှင့် ယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် ကျောက်မဲ ယာဉ်ထိန်းတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စောမင်းကြူ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~