ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ပလက္တီနမ္စတား ဟိုတယ္ပိုင္ရွင္က Miss Universe Tachileik အေၾကာင္းေရးသားသည့္ ေဖ့ဘုတ္အေကာင့္ပိုင္ရွင္အား ဇူလိုင္လ (၅)ရက္ေန႔ ညေနပိုင္းက ဆက္သြယ္ေရး ဥပေဒပုုဒ္မ ၆၆(ဃ)ျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ တုိင္တန္းလိုက္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလိုင္လ (၂)ရက္ေန႔က က်င္းပသည့္ Miss Universe Tachileik ၿပိဳင္ပြဲအား စပြန္ဆာ ေထာက္ပံ့ေပးထားသည့္ ပလက္တီနမ္စတားဟိုတယ္၏ ပိုင္ရွင္ျဖစ္သူ ေဒၚနန္းေဖာင္းက တရားလိုျပဳလုပ္ၿပီး တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
Miss Universe Tachileik အျဖစ္ ဆုရရွိသြားသည့္ ပလက္တီနမ္စတား ဟိုတယ္ပိုင္ရွင္၏ သမီးျဖစ္သူ မနန္းေမြေဖာင္းလံု ဆုရသြားျခင္းႏွင့္ ပတ္သက္၍ Mg Oscar အေကာင့္အမည္က ေဝဖန္ ပုတ္ခတ္ ေရးသားထားသည့္ အေရးအသားမ်ားႏွင့္ ဗီဒီယိုဖိုင္တစ္ခုအား တင္ထားသည္ကို ေဒၚနန္းေဖာင္းက ဇူလိုင္လ (၄)ရက္ေန႔ ည(၇)နာရီခန္႔တြင္ ေတြ႔ရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။
အဆိုပါ ဗီဒီယိုဖိုင္တြင္ ေျပာဆိုထားသည္မ်ားမွာ ဟိုတယ္၏ ဂုဏ္သိကၡာႏွင့္ ၿပိဳင္ပြဲတြင္ အမွန္တကယ္ ႀကိဳးစားၿပီး ပထမဆုရရိွခဲ့သည့္ သမီးျဖစ္သူ၏ ဂုဏ္သိကၡာတို႔ကို ထိခိုက္က်ဆင္းေစမည့္ အေျပာအဆိုမ်ား ပါဝင္သျဖင့္ Mg Oscar အေကာင့္ပိုင္ရွင္အား စံုစမ္းေဖာ္ထုတ္ အေရးယူေပးရန္ ေဒၚနန္းေဖာင္းက တုိင္တန္းထားျခင္း ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္လက္ခံျခင္း၊ တရားလိုႏွင့္ သက္ေသမ်ား စစ္ေဆးျခင္း၊ သက္ေသခံပစၥည္း သိမ္းဆည္းျခင္းမ်ား ေဆာင္ရြက္ကာ ရဲအုပ္ ေအာင္ေက်ာ္စိန္မွ အမႈစစ္အျဖစ္ ေဆာင္ရြက္ၿပီး (ပ)၁၃၉/၁၇၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
တာချီလိတ်မြို့တွင် ဇူလိုင်လ (၂)ရက်နေ့က ကျင်းပသည့် Miss Universe Tachileik ပြိုင်ပွဲအား စပွန်ဆာ ထောက်ပံ့ပေးထားသည့် ပလက်တီနမ်စတားဟိုတယ်၏ ပိုင်ရှင်ဖြစ်သူ ဒေါ်နန်းဖောင်းက တရားလိုပြုလုပ်ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Miss Universe Tachileik အဖြစ် ဆုရရှိသွားသည့် ပလက်တီနမ်စတား ဟိုတယ်ပိုင်ရှင်၏ သမီးဖြစ်သူ မနန်းမွေဖောင်းလုံ ဆုရသွားခြင်းနှင့် ပတ်သက်၍ Mg Oscar အကောင့်အမည်က ဝေဖန် ပုတ်ခတ် ရေးသားထားသည့် အရေးအသားများနှင့် ဗီဒီယိုဖိုင်တစ်ခုအား တင်ထားသည်ကို ဒေါ်နန်းဖောင်းက ဇူလိုင်လ (၄)ရက်နေ့ ည(၇)နာရီခန့်တွင် တွေ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ဗီဒီယိုဖိုင်တွင် ပြောဆိုထားသည်များမှာ ဟိုတယ်၏ ဂုဏ်သိက္ခါနှင့် ပြိုင်ပွဲတွင် အမှန်တကယ် ကြိုးစားပြီး ပထမဆုရရှိခဲ့သည့် သမီးဖြစ်သူ၏ ဂုဏ်သိက္ခါတို့ကို ထိခိုက်ကျဆင်းစေမည့် အပြောအဆိုများ ပါဝင်သဖြင့် Mg Oscar အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဒေါ်နန်းဖောင်းက တိုင်တန်းထားခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်လက်ခံခြင်း၊ တရားလိုနှင့် သက်သေများ စစ်ဆေးခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းခြင်းများ ဆောင်ရွက်ကာ ရဲအုပ် အောင်ကျော်စိန်မှ အမှုစစ်အဖြစ် ဆောင်ရွက်ပြီး (ပ)၁၃၉/၁၇၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။