ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဇူလိုင်လ (၉)ရက်နေ့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားသို့ အရပ်ဖက်အဖွဲ့များကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
တောင်ကြီးမြို့တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ရေးအတွက် ပြင်ဆင်နေကြကြောင်း သိရသည်။
သတင်း - နိုနို
“လာမယ့် ဇူလိုင်လ (၉)ရက်နေ့မှာ လုပ်မယ့် အာဇာနည်နေ့ကို ကျွန်တော်တို့ ပြည်နယ်အစိုးရကနေ ဦးဆောင်ပြီးတော့ ကျင်းပသွားမှာပါ။ အစီအစဉ်တွေတော့ မဆွဲရသေးပါဘူး။ ဖိတ်ကြားမှာကတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အကုန်ဖိတ်မယ်။ ကျောင်းသား/ကျောင်းသူတွေရော အကုန်ပါမယ်။ ကျင်းပမယ့် နေရာကတော့ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာပါ။ အဲဒီမှာကတော့ နေရာနည်းနည်း ကျပ်တယ်ဆိုပေမယ့် နေရာကျယ်ကျယ်ဖြစ်အောင် စီစဉ်သွားမှာပါ”ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်အေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ရေးအတွက် ပြင်ဆင်နကြေကြောင်း သိရသည်။
“ကျွန်တော်တို့ ကွန်ရက်အနေနဲ့က ပန်းခြံမှာက ဗိုလ်ချုပ်တစ်ယောက်ပဲရှိတဲ့အတွက် အာဇာနည် (၉)ဦးရယ် သမိုင်းအချက် အလက်တွေပါတဲ့ ရုပ်ပုံတွေ ထောင်သွားမယ်။ သမိုင်းရာဇဝင်တွေကို ပြသဖို့ကို ရုပ်ပုံချပ် အချပ် (၂၀) ပြသသွားမယ်။ နှင်းဆီပန်းအပွင့် (၃၀၀) နဲ့ ရေသန့်၊မုန့်တွေကိုေဝသွားမှာပါ။ အခမ်းအနား ကျင်းပနိုင်ဖို့အတွက်ကို ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် တရားဥပဒေ စိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အရပ်ဖက်အဖွဲ့အစည်းပေါင်း (၂၀၀)ကျော်ရှိကြောင်း သိရသည်။
သတင်း - နိုနို