ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးများအား ဇွန်လ (၆)ရက်နေ့က စတင်ကျင်းပနေရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၁) ဦးရှိသည့်အနက် တက်ရောက်သူ (၁၃၁) ဦး၊ ခွင့်တိုင်ကြားသူ (၁၀)ဦးရှိကြောင်း သိရသည်။
ယနေ့လွှတ်တော်တွင် ကတိသစ္စာမပြုရသေးသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကြပြီး ကြယ်ပွင့်ပြမေးခွန်း (၁၃)ခုအား မေးမြန်းခြင်းနှင့် သက်ဆိုင်ရာက ဖြေကြားခြင်း၊ အစိုးရငွေလုံးငွေရင်း ရင်းနှီးမြှပ်နှံမှုဘတ်ဂျက် မြို့နယ်အလိုက် ခွဲဝေခြင်းဆိုင်ရာမူဘောင်အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ် (၁၀)ဦး ခွင့်တိုင်ကြား
*************
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးများအား ဇွန်လ (၆)ရက်နေ့က စတင်ကျင်းပနေရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၄၁) ဦးရှိသည့်အနက် တက်ရောက်သူ (၁၃၁) ဦး၊ ခွင့်တိုိင်ကြားသူ (၁၀)ဦးရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်လွှတ်တော်တွင် ယနေ့စတင်သည့် လွှတ်တော် အစည်းအဝေးများသို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့အစည်းမှ အဖွဲ့ဝင် (၂၁) ဦးလေ့လာသူအဖြစ် တက်ရောက်ကြောင်း သိရသည်။
ယနေ့လွှတ်တော်တွင် ကတိသစ္စာမပြုရသေးသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကြပြီး ကြယ်ပွင့်ပြမေးခွန်း (၁၃)ခုအား မေးမြန်းခြင်းနှင့် သက်ဆိုင်ရာက ဖြေကြားခြင်း၊ အစိုးရငွေလုံးငွေရင်း ရင်းနှီးမြှပ်နှံမှုဘတ်ဂျက် မြို့နယ်အလိုက် ခွဲဝေခြင်းဆိုင်ရာမူဘောင်အဆိိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို