ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆောက်လုပ်နေသည့် ကုန်သည်စက်မှုအသင်း အဆောက်အဦ အတွက် တရုတ်ယွမ်ငွေ(၂)သိန်းလှူဒါန်းသည့် ယူနန်စီးပွားကူးသန်းအသင်းမှ အခန်း တောင်းဆိုခြင်းအား မပေးသော်လည်း တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်ချိတ်ဆွဲပေးရန် သဘောတူထားကြောင်း သိရသည်။
လားရှိုးမြို့ နမ့်ခိုက်ကားကွင်းအတွင်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အသင်းရန်ပုံငွေ ကျပ်သိန်း (၁၅၀၀)ခန့် အကုန်ကျခံ၍ ဆောက်လုပ်နေသည့် လေးထပ်(RC) အဆောက်အဦပန္နက်ချပွဲတွင် တက်ရောက် လာသည့် ယူနန်ပြည်နယ်စီးပွားကူးသန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး အပါအဝင် ဌာန တာဝန်ရှိသူများမှ စီးပွားကူးသန်းအသင်းအဖွဲ့အနေဖြင့်မဟုတ်ဘဲ လူမှုရေးအသင်းအနေဖြင့် ယွမ်(၂) သိန်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇူးဇူးနေခြည်
“သူတို့ကလည်း ဒီဒေသမှာ အကူအညီ လိုအပ်လာတာမျိုးရှိရင် လာပြီး ခေတ္တနေထိုင်ပြီး ကူညီပေးဖို့ အတွက် အခန်းတစ်ခန်းကို တောင်းဆိုတာပါ။ အခန်းကိုတော့ ပေးမှာမဟုတ်ပါဘူး။ သူတို့ဘာသာနဲ့ ဆိုင်းဘုတ်တော့ ချိတ်ပေးဖို့ သဘောတူလိုက်တယ်”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှုအသင်းမှ အသင်းဥက္ကဌ ဦးဒေးဗစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၂၀)ရက်နေ့တွင် ပြောသည်။
အလှူငွေ လှူဒါန်းသည့် ယူနန်ပြည်နယ် စီးပွားကူးသန်းအသင်းက အခန်းတစ်ခန်းပေးရန် တောင်းဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ကုန်သည်စက်မှုအသင်းဝင်များနှင့် ဆွေးနွေးသဘောတူညီချက်အရ အခန်းပေးမည်မဟုတ်ဘဲ တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်ချိတ်ဆွဲပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ နမ့်ခိုက်ကားကွင်းအတွင်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အသင်းရန်ပုံငွေ ကျပ်သိန်း (၁၅၀၀)ခန့် အကုန်ကျခံ၍ ဆောက်လုပ်နေသည့် လေးထပ်(RC) အဆောက်အဦပန္နက်ချပွဲတွင် တက်ရောက် လာသည့် ယူနန်ပြည်နယ်စီးပွားကူးသန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး အပါအဝင် ဌာနတာဝန်ရှိသူများမှ စီးပွားကူးသန်းအသင်းအဖွဲ့အနဖြေင့်မဟုတ်ဘဲ လူမှုရေးအသင်းအနဖြေင့် ယွမ်(၂) သိန်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇူးဇူးနခြေည်