ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ အထက (၁၀)ရိွ ေက်ာင္းမုန္႔ေစ်းတန္းအား ဇြန္လ (၂၇)ရက္ေန႔က စားသံုးသူေရးရာ ဦးစီးဌာနမွ စစ္ေဆးရာ စားသံုးရန္မသင့္ဟု ယူဆရသည့္ မုန္႔မ်ားႏွင့္ သက္တမ္းကုန္ေနသည့္ မုန္႔အမ်ိဳးအစား (၂၀)ေတြ႔ရိွ၍ သိမ္းဆည္းၿပီး ပညာေပးေဆာင္ရြက္ထားေၾကာင္း သိရသည္။
“ဒီေန႔ အထက (၁၀)ေက်ာင္းမွာ ပညာေပး ေဟာေျပာမႈေတြ လုပ္တယ္။ ေက်ာင္းမုန္႔ေစ်းတန္းေတြမွာ စစ္ေဆးမႈလုပ္တဲ့ အခါက်ေတာ့ ျပည္ပက အမ်ားဆံုးျဖစ္တဲ့ ဘာသာေပါင္းစံုနဲ႕ေရးထားတဲ့ ကေလးမုန္႔ေတြ အမ်ားႀကီးေတြ႕ရပါတယ္။ ႏိုင္ငံျခားဘာသာေတြနဲ႔ ေရာင္းခ်ထားတဲ့မုန္႔ေတြက ဘာပစၥည္းေတြ ပါ၀င္လည္းဆိုတာေတြ မသိဘူး။ သက္တမ္းလြန္ေတြလည္း ေရာင္းခ်ေနတယ္။ စားေသာက္ကုန္ ထုတ္လုပ္ေရာင္းခ်တဲ့ အခါမွာလည္း ကေလးေတြ အတြက္ ဂ်ယ္လီေတြကို လက္ပစ္ဗံုးပံုစံေတြ၊ ေဆးလိပ္ပံုစံေတြလုပ္ၿပီး ေရာင္းခ်ေနတာက ေတာ္ေတာ္ဆိုးပါတယ္။ ကိုယ္ေရာင္းေနတဲ့ ကုန္ပစၥည္းက စားသံုးရန္သင့္လား မသင့္လား၊ သက္တမ္းကုန္လား ဆိုတာေတြကို ၾကည့္ၿပီးေမးျမန္းၿပီးမွ ေရာင္းခ်ေစခ်င္ပါတယ္။ ေက်ာင္းမုန္႔ ေစ်းတန္းမွာေရာင္းခ်ေနတဲ့ သူေတြကလည္း မရွိလို႔ ေရာင္းခ်ေနတယ္ဆိုေပမယ့္လည္း ကေလးေတြအတြက္ အႏၱရာယ္ မျဖစ္ေစတဲ့မုန္႔ေတြကို ေသခ်ာ ေမးျမန္းၿပီးမွ ေရာင္းခ်ေစခ်င္တယ္။ သူတို႔ကိုယ္လည္း ထိခိုက္မနစ္နာေစခ်င္ပါဘူး” ဟု စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။
ေတာင္ႀကီးၿမိဳ႕တြင္ စားသံုးသူေရးရာ ဦးစီးဌာနက စားသံုးရန္မသင့္ ကုန္ပစၥည္းမ်ားကို ပညာေပး ေဟာေျပာပြဲႏွင့္ ကြင္းဆင္းစစ္ေဆးမႈမ်ားကို ဇြန္လအတြင္း (၁၃)ႀကိမ္ ေဆာင္ရြက္ထားၿပီးျဖစ္ေၾကာင္း သိရသည္။
“ေက်ာင္းေတြမွာ သံုးႏွစ္အတြင္း ပညာေပးလုပ္ငန္းေတြ လုပ္ေပးခဲ့ၿပီး ပါၿပီ။ ဒီေန႔ေတြ႔ရိ္ွရတဲ့ ကုန္စည္ေတြကလည္း အမ်ဳိးအမည္ေတြ မ်ားတယ္။ ျပည္ပက ခြင့္ျပဳခ်က္နဲ႔သြင္းသည္ျဖစ္ေစ ေမွာင္ခိုသြင္းခဲ့သည္ျဖစ္ေစ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဌာန နဲ႔ အကူအညီရယူၿပီးေတာ့မွ ကေလးေတြ အတြက္ တစ္ကယ္တမ္း စားေသာက္သင့္တဲ့ မုန္႔ေတြလားဆိုတာကို ပူးေပါင္း စစ္ေဆးခဲ႕ပါတယ္။ အခုသိမ္းဆည္းလာတဲ့ ကုန္ပစၥည္းေတြက ဒီမွာစစ္ေဆးလို႔ရမယ့္ ကုန္ပစၥည္းေတြ ျဖစ္တယ္။ ဒါေတြကို စစ္ေဆးမယ္။ စစ္ေဆးခ်က္အေပၚမွာ မူတည္ၿပီးေတာ့လည္း စားသံုးရန္သင့္မသင့္ကို တရား၀င္ေၾကညာသြားမွာပါ။ တျခားေက်ာင္းေတြမွာလည္း ထိထိေရာက္ေရာက္စစ္ေဆးဖို႔ အရွိန္အဟုန္ျမွင့္ေဆာင္ရြက္သြားမွာပါ” ဟု ဦးမင္းေအာင္က ေျပာသည္။
စားသံုးရန္မသင့္ေသာ အစားအေသာက္မ်ားႏွင့္ ပတ္သက္၍ အမ်ားျပည္သူသိရွိေစရန္ အသိေပး ေၾကညာခ်က္မ်ားကို Food and Drug Administration Myanmar website တြင္ တရား၀င္ေၾကညာထားေပးေၾကာင္း သိရသည္။
သတင္း / ဓာတ္ပံု - ႏိုႏို
“ဒီနေ့ အထက (၁၀)ကျောင်းမှာ ပညာပေး ဟောပြောမှုတွေ လုပ်တယ်။ ကျောင်းမုန့်ဈေးတန်းတွေမှာ စစ်ဆေးမှုလုပ်တဲ့ အခါကျတော့ ပြည်ပက အများဆုံးဖြစ်တဲ့ ဘာသာပေါင်းစုံနဲ့ရေးထားတဲ့ ကလေးမုန့်တွေ အများကြီးတွေ့ရပါတယ်။ နိုင်ငံခြားဘာသာတွေနဲ့ ရောင်းချထားတဲ့မုန့်တွေက ဘာပစ္စည်းတွေ ပါဝင်လည်းဆိုတာတွေ မသိဘူး။ သက်တမ်းလွန်တွေလည်း ရောင်းချနေတယ်။ စားသောက်ကုန် ထုတ်လုပ်ရောင်းချတဲ့ အခါမှာလည်း ကလေးတွေ အတွက် ဂျယ်လီတွေကို လက်ပစ်ဗုံးပုံစံတွေ၊ ဆေးလိပ်ပုံစံတွေလုပ်ပြီး ရောင်းချနေတာက တော်တော်ဆိုးပါတယ်။ ကိုယ်ရောင်းနေတဲ့ ကုန်ပစ္စည်းက စားသုံးရန်သင့်လား မသင့်လား၊ သက်တမ်းကုန်လား ဆိုတာတွေကို ကြည့်ပြီးမေးမြန်းပြီးမှ ရောင်းချစေချင်ပါတယ်။ ကျောင်းမုန့် ဈေးတန်းမှာရောင်းချနေတဲ့ သူတွေကလည်း မရှိလို့ ရောင်းချနေတယ်ဆိုပေမယ့်လည်း ကလေးတွေအတွက် အန္တရာယ် မဖြစ်စေတဲ့မုန့်တွေကို သေချာ မေးမြန်းပြီးမှ ရောင်းချစေချင်တယ်။ သူတို့ကိုယ်လည်း ထိခိုက်မနစ်နာစေချင်ပါဘူး” ဟု စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
တောင်ကြီးမြို့တွင် စားသုံးသူရေးရာ ဦးစီးဌာနက စားသုံးရန်မသင့် ကုန်ပစ္စည်းများကို ပညာပေး ဟောပြောပွဲနှင့် ကွင်းဆင်းစစ်ဆေးမှုများကို ဇွန်လအတွင်း (၁၃)ကြိမ် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
“ကျောင်းတွေမှာ သုံးနှစ်အတွင်း ပညာပေးလုပ်ငန်းတွေ လုပ်ပေးခဲ့ပြီး ပါပြီ။ ဒီနေ့တွေ့ရှိ်ရတဲ့ ကုန်စည်တွေကလည်း အမျိုးအမည်တွေ များတယ်။ ပြည်ပက ခွင့်ပြုချက်နဲ့သွင်းသည်ဖြစ်စေ မှောင်ခိုသွင်းခဲ့သည်ဖြစ်စေ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန နဲ့ အကူအညီရယူပြီးတော့မှ ကလေးတွေ အတွက် တစ်ကယ်တမ်း စားသောက်သင့်တဲ့ မုန့်တွေလားဆိုတာကို ပူးပေါင်း စစ်ဆေးခဲ့ပါတယ်။ အခုသိမ်းဆည်းလာတဲ့ ကုန်ပစ္စည်းတွေက ဒီမှာစစ်ဆေးလို့ရမယ့် ကုန်ပစ္စည်းတွေ ဖြစ်တယ်။ ဒါတွေကို စစ်ဆေးမယ်။ စစ်ဆေးချက်အပေါ်မှာ မူတည်ပြီးတော့လည်း စားသုံးရန်သင့်မသင့်ကို တရားဝင်ကြေညာသွားမှာပါ။ တခြားကျောင်းတွေမှာလည်း ထိထိရောက်ရောက်စစ်ဆေးဖို့ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမှာပါ” ဟု ဦးမင်းအောင်က ပြောသည်။
စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိစေရန် အသိပေး ကြေညာချက်များကို Food and Drug Administration Myanmar website တွင် တရားဝင်ကြေညာထားပေးကြောင်း သိရသည်။
သတင်း / ဓာတ်ပုံ - နိုနို