တာခ်ီလိတ္ၿမိဳ႕ရွိ စတိုးဆိုင္မ်ားတြင္ အစားအေသာက္၊ ေဆးဝါးႏွင့္ အလွကုန္မ်ားအား ကြင္းဆင္းစစ္ေဆး

တာခ်ီလိတ္ၿမိဳ႕ရွိ စတိုးဆိုင္မ်ားတြင္ အစားအေသာက္၊ ေဆးဝါးႏွင့္ အလွကုန္မ်ားအား ကြင္းဆင္းစစ္ေဆး
ဇွန် 9, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ရွိ တာခ်ီလိတ္ၿမိဳ႕တြင္ အစားအေသာက္၊ေဆးဝါးႏွင့္ အလွကုန္မ်ား ေဘးအႏၱရာယ္ ကင္းရွင္းႏိုင္ေရးအတြက္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ လိုက္လံစစ္ေဆးကာ အသိပညာေပးမႈမ်ားကို ျပဳလုပ္ ေနလ်က္ရွိေၾကာင္း သိရသည္။

ဇြန္လ(၉)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ စားသုံးသူေရးရာဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ၿမိဳ႕နယ္ေမြး/ကု ၊ နယ္စပ္အစားအေသာက္ႏွင့္ ေဆးဝါးစစ္ေဆးေရးဌာန ႏွင့္ ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနစသည့္ ပူးေပါင္းအဖြဲ႕တို႔က ကုန္ေလွာင္ရုံမ်ား ၊ စတိုးဆိုင္မ်ား ႏွင့္ စူပါမားကတ္မ်ားတြင္ အစားအေသာက္၊ ေဆးဝါးႏွင့္ အလွကုန္မ်ားအား ကြင္းဆင္းစစ္ေဆးကာ အသိပညာေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

“စားေသာက္ကုန္မွာ ကုန္ပစၥည္းနာမည္၊ ပါဝင္ဓာတ္ပစၥည္းေတြ၊ ပါဝင္ႏႈန္းေတြ စတဲ့ အညႊန္း(Label)ေတြက အျပည္အစုံပါရမွာျဖစ္ၿပီး အနည္းဆုံးေတာ့ ျမန္မာစာ မပါရင္ေတာင္ အဂၤလိပ္စာ ပါ၀င္ရမွာျဖစ္ပါတယ္။ သတ္မွတ္ထားတဲ့ Label ေတြနဲ႔ မကိုက္ညီဘူးဆိုရင္ေတာ့ မေရာင္းခ်ဖို႔ အခုကာလမွာ အသိပညာေပးမွာ ျဖစ္ပါတယ္။ အလွကုန္ပစၥည္းေတြကိုေတာ့ တားျမစ္ထားတဲ့ဟာေတြ မေရာင္းခ်ဖို႔နဲ႔ ေနာက္ၿပီး Whitening Agent ဆိုၿပီး (၃) (၄)ရက္အတြင္း အသားျဖဴတယ္ဆိုၿပီး အဲဒီပစၥည္းေတြကို သုံးတဲ့အခါမွာ ေဘးထြက္ဆုိးက်ိဳးေတြျဖစ္ေစႏိုင္တယ္။”ဟု တာခ်ီလိတ္ခရိုင္ အစားအေသာက္၊ ေဆးဝါး ကြပ္ကဲေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္တိုး က ေျပာသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕တို႔က တာခ်ီလိတ္ၿမိဳ႕တြင္ အစားအေသာက္၊ ေဆးဝါးႏွင့္အလွကုန္မ်ား ေဘးအႏၱရာယ္ ကင္းရွင္းႏိုင္ေရး အတြက္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး သတ္မွတ္ထားေသာ Label မ်ားႏွင့္ မကိုက္ညီသည့္ စားေသာက္ကုန္မ်ားကို မေရာင္းခ်ရန္ အသိပညာေပးျခင္း ႏွင့္ စတိုးဆိုင္မ်ားတြင္ ေရာင္းခ်ေနေသာ Whitening Agent ပါ အလွကုန္ပစၥည္းမ်ားကို ဝယ္ယူကာ ေဘးထြက္အႏၱရာယ္ရွိ/မရွိ ေနျပည္ေတာ္ FDA ရုံးခ်ဳပ္သို႔ စစ္ေဆးရန္ ပို႔ေဆာင္ျခင္းမ်ား ေဆာင္ရြက္ေၾကာင္း သိရသည္။

ယင္က့ဲသို႔ လိုက္လံစစ္ေဆး အသိပညာေပးမႈကို ဆက္လက္၍ ဇြန္လ (၁၆)ရက္ေန႔ ႏွင့္ ဇြန္လ (၂၆)ရက္ေန႔တြင္လည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့တွင် အစားအသောက်၊ဆေးဝါးနှင့် အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးကာ အသိပညာပေးမှုများကို ပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

ဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မွေး/ကု၊ နယ်စပ်အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနစသည့် ပူးပေါင်းအဖွဲ့တို့က ကုန်လှောင်ရုံများ၊ စတိုးဆိုင်များ နှင့် စူပါမားကတ်များတွင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များအား ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးခြင်း ဖြစ်ကြောင်း သိရသည်။

“စားသောက်ကုန်မှာ ကုန်ပစ္စည်းနာမည်၊ ပါဝင်ဓာတ်ပစ္စည်းတွေ၊ ပါဝင်နှုန်းတွေ စတဲ့ အညွှန်း(Label)တွေက အပြည်အစုံပါရမှာဖြစ်ပြီး အနည်းဆုံးတော့ မြန်မာစာ မပါရင်တောင် အင်္ဂလိပ်စာ ပါဝင်ရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Label တွေနဲ့ မကိုက်ညီဘူးဆိုရင်တော့ မရောင်းချဖို့ အခုကာလမှာ အသိပညာပေးမှာ ဖြစ်ပါတယ်။ အလှကုန်ပစ္စည်းတွေကိုတော့ တားမြစ်ထားတဲ့ဟာတွေ မရောင်းချဖို့နဲ့ နောက်ပြီး Whitening Agent ဆိုပြီး (၃) (၄)ရက်အတွင်း အသားဖြူတယ်ဆိုပြီး အဲဒီပစ္စည်းတွေကို သုံးတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွဖြေစ်စေနိုင်တယ်။”ဟု တာချီလိတ်ခရိုင် အစားအသောက်၊ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တိုး က ပြောသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့က တာချီလိတ်မြို့တွင် အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး သတ်မှတ်ထားသော Label များနှင့် မကိုက်ညီသည့် စားသောက်ကုန်များကို မရောင်းချရန် အသိပညာပေးခြင်း နှင့် စတိုးဆိုင်များတွင် ရောင်းချနေသော Whitening Agent ပါ အလှကုန်ပစ္စည်းများကို ဝယ်ယူကာ ဘေးထွက်အန္တရာယ်ရှိ/မရှိ နပြေည်တော် FDA ရုံးချုပ်သို့ စစ်ဆေးရန် ပို့ဆောင်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ယင်ကဲ့သို့ လိုက်လံစစ်ဆေး အသိပညာပေးမှုကို ဆက်လက်၍ ဇွန်လ (၁၆)ရက်နေ့ နှင့် ဇွန်လ (၂၆)ရက်နေ့တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~