တာခ်ီလိတ္-မိုင္းဆတ္ကားလမ္းေဘးမွ ကေလးငိုသံၾကားေၾကာင္း ခရီးသြားတစ္ဦးက တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ဇြန္လ (၁၅)ရက္ေန႔ ညေန (၄)နာရီခြဲခန္႔တြင္ သတင္းပို႔တိုင္ၾကားလာသျဖင့္ စခန္းမွဴး ဒုရဲမွဴးထိန္လင္း၊ တာဝန္မွဴး ဒုရဲအုပ္ေက်ာ္ေဇယ်ဝင္း၊ ရဲတပ္ၾကပ္ႀကီး ေအာင္စိုးမိုးတို႔သည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ တစ္ပတ္သားအရြယ္ မိန္းကေလးငယ္တစ္ဦးအား ျမက္ခင္းတြင္ စြန္႔ပစ္ထားသည္ကို ေတြ႔ရသျဖင့္ လိုအပ္သည့္ ေဆးကုသမႈခံယူႏုိင္ရန္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး စြန္႔ပစ္ခဲ့သည့္ မိဘအုပ္ထိန္းသူမ်ားအား စံုစမ္းေဖၚထုတ္ေနေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၂၃/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၁၇ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
*******************
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် - မိုင်းဆတ်ကားလမ်းဘေး လွယ်တော်ခမ်းအုပ်စု၊ စန်းလုရွာလမ်းခွဲအနီးတွင် တစ်ပတ်သားအရွယ် မိန်းကလေးတစ်ဦးအား စွန့်ပစ်ထားသည်ကိုတွေ့ရသဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့်ကုသမှုများ လုပ်ဆောင်နေကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
တာချီလိတ်-မိုင်းဆတ်ကားလမ်းဘေးမှ ကလေးငိုသံကြားကြောင်း ခရီးသွားတစ်ဦးက တာချီလိတ်မြို့မရဲစခန်းသို့ ဇွန်လ (၁၅)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် သတင်းပို့တိုင်ကြားလာသဖြင့် စခန်းမှူး ဒုရဲမှူးထိန်လင်း၊ တာဝန်မှူး ဒုရဲအုပ်ကျော်ဇေယျဝင်း၊ ရဲတပ်ကြပ်ကြီး အောင်စိုးမိုးတို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တစ်ပတ်သားအရွယ် မိန်းကလေးငယ်တစ်ဦးအား မြက်ခင်းတွင် စွန့်ပစ်ထားသည်ကို တွေ့ရသဖြင့် လိုအပ်သည့် ဆေးကုသမှုခံယူနိုင်ရန် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး စွန့်ပစ်ခဲ့သည့် မိဘအုပ်ထိန်းသူများအား စုံစမ်းဖေါ်ထုတ်နေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၂၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။