တာခ်ီလိတ္ စာစစ္ဌာန၏ ၂၀၁၇ခုႏွစ္ တကၠသိုလ္၀င္တန္း စာေမးပြဲမွ ထြက္ေပၚလာသည့္ ဂုဏ္ထူးရ ေက်ာင္းသား၊ ေက်ာင္းသူ (၂၅)ဦး ႏွင့္ ဘာသာရပ္ျပ ဆရာ၊ ဆရာမ(၁၈)ဦးအား ဂုဏ္ျပဳခ်ီးျမႇင့္

တာခ်ီလိတ္ စာစစ္ဌာန၏ ၂၀၁၇ခုႏွစ္ တကၠသိုလ္၀င္တန္း စာေမးပြဲမွ ထြက္ေပၚလာသည့္ ဂုဏ္ထူးရ ေက်ာင္းသား၊ ေက်ာင္းသူ (၂၅)ဦး ႏွင့္ ဘာသာရပ္ျပ ဆရာ၊ ဆရာမ(၁၈)ဦးအား ဂုဏ္ျပဳခ်ီးျမႇင့္
ဇွန် 28, 2017
By Tachileik News Agency

၂၀၁၇ ပညာသင္ႏွစ္၏ တကၠသိုလ္၀င္တန္း စာေမးပြဲတြင္ တာခ်ီလိတ္စာစစ္ဌာနမွ ဂုဏ္ထူးမ်ားျဖင့္ ထူးခြ်န္စြာ ေအာင္ျမင့္ခ့ဲၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ဂုဏ္ထူးမ်ား ရရွိရန္ သင္ၾကားေပး ခဲ့ၾကသည့္ ဆရာ၊ ဆရာမမ်ားအား ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ပြဲကို တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ ခန္းမတြင္ ဇြန္လ(၂၈)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက အဖြင့္ဂုဏ္ျပဳ အမွာစကား ေျပာၾကားၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚမာမာဦးက ယခုလို ဂုဏ္ျပဳပြဲ က်င္းပရျခင္း ႏွင့္ ပတ္သက္၍ ၀မ္းေျမာက္ေၾကာင္း စကားေျပာၾကားကာ တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ဂုဏ္ျပဳ ဆုမ်ားေပးအပ္ခ်ီးျမႇင့္ရာတြင္ ၂၀၁၇ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲ၌ ေအာင္ခ်က္ အေကာင္းဆံုးရရွိသည့္ ေက်ာင္းအုပ္ႀကီးမ်ားအျဖစ္ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္း မွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္၊ ပညာကမာၻကိုယ္ပိုင္ အထက္တန္းေက်ာင္း မွ ေက်ာင္းအုပ္ဆရာႀကီး ဦးယာဘို ႏွင့္ အေျခခံပညာအထက္တန္းေက်ာင္း (မိုင္းကိုး)မွ ေက်ာင္းအုပ္ ဆရာမႀကီး ေဒၚစန္းစန္းျမင့္တို႔အား စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦးက ဂုဏ္ျပဳ ဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ဆက္လက္၍ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ တာ၀န္ရွိသူမ်ားက ဂုဏ္ထူးမ်ား ရရွိေအာင္ သင္ၾကားေပးခဲ့ၾကသည့္ ဘာသာရပ္သင္ ဆရာ၊ ဆရာမ စုစုေပါင္း (၁၈)ဦးအား ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ ေပးခဲ့ၾကသည္။

တစ္ဆက္တည္းမွာပင္ ဂုဏ္ထူးရေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၂၅)ဦးအား တစ္ဦးလွ်င္ က်ပ္(၁)သိန္းႏႈန္း အပါအ၀င္ ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ားအား ခရိုင္/ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ားက အသီးသီး ေပးအပ္ခ်ီးျမႇင့္ၿပီး အခမ္းအနား ျဖစ္ေျမာက္ရန္အတြက္ ပါ၀င္လွဴဒါန္းေပးခဲ့ၾကသည့္ ေစတနာရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

အဆိုပါ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕ပညာေရး အေထာက္အကူျပဳေကာ္မတီက ႀကီးမွဴး က်င္းပျခင္းျဖစ္ၿပီး အခမ္းအနားတြင္ ဆုတံဆိပ္ ႏွင့္ ဆုေငြမ်ား အပါအ၀င္ ကုန္က်မႈမ်ားအား စီးပြားေရး လုပ္ငန္းရွင္မ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႔တို႔က စုေပါင္းလွဴဒါန္းခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ၂၀၁၇ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲတြင္ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က ၎ေက်ာင္းမွ (၅)ဘာသာ ဂုဏ္ထူးရ (၁)ဦး၊ (၂)ဘာသာ ဂုဏ္ထူးရ (၁)ဦး၊ (၁)ဘာသာဂုဏ္ထူးရ (၃)ဦး စုစုေပါင္း (၅)ဦးအား ဆုခ်ီးျမႇင့္ရာတြင္ ဂုဏ္ထူး(၁)ဘာသာလွ်င္ က်ပ္(၂)သိန္းႏႈန္းျဖင့္ စုစုေပါင္း က်ပ္သိန္း (၂၀)အား ထပ္မံခ်ီးျမႇင့္ေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ တကၠသိုလ္၀င္ စာေမးပြဲတြင္ ေအာင္ခ်က္အမ်ားဆံုး ေက်ာင္းမ်ားအေနျဖင့္ ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္းမွ ေအာင္ခ်က္ (၃၇.၉၃%)၊ ပညာကမာၻကိုယ္ပိုင္ အထက္တန္းေက်ာင္းမွ ေအာင္ခ်က္ (၃၃.၃၃%) ႏွင့္ အေျခခံပညာ အထက္တန္းေက်ာင္း(မိုင္းကိုး)မွ ေအာင္ခ်က္ (၁၆.၃၆%)ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕နယ္၏ ၂၀၁၇ခုႏွစ္ တကၠသိုလ္၀င္ စာေမးပြဲတြင္ အေျခခံပညာ စာသင္ေက်ာင္းမ်ားႏွင့္ ပုဂၢလိက ေက်ာင္းမ်ားအျပင္ အျပင္ေျဖမ်ား အပါအ၀င္ စုစုေပါင္း (၉၆၅)ဦး ၀င္ေရာက္ ေျဖဆိုၾကသည့္အနက္ (၁၅၃)ဦး ေအာင္ျမင္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္တစ္ခုလံုးတြင္ (၅)ဘာသာ ဂုဏ္ထူးရွင္တစ္ဦး အပါအ၀င္ ဂုဏ္ထူးရရွိသူ (၂၅)ဦး ပါ၀င္ေၾကာင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အေနျဖင့္ ေအာင္ခ်က္မွာ (၁၅.၈၅%)ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တာချီလိတ်စာစစ်ဌာနမှ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင့်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးများ ရရှိရန် သင်ကြားပေး ခဲ့ကြသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပွဲကို တာချီလိတ်မြို့ အောင်မြတ် ခန်းမတွင် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်ဂုဏ်ပြု အမှာစကား ပြောကြားပြီး တာချီလိတ်မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးက ယခုလို ဂုဏ်ပြုပွဲ ကျင်းပရခြင်း နှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်း စကားပြောကြားကာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ရာတွင် ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက် အကောင်းဆုံးရရှိသည့် ကျောင်းအုပ်ကြီးများအဖြစ် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်၊ ပညာကမာ္ဘကိုယ်ပိုင် အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဦးယာဘို နှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းကိုး)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းမြင့်တို့အား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦးက ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများက ဂုဏ်ထူးများ ရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဘာသာရပ်သင် ဆရာ၊ ဆရာမ စုစုပေါင်း (၁၈)ဦးအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့် ပေးခဲ့ကြသည်။

တစ်ဆက်တည်းမှာပင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅)ဦးအား တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်း အပါအဝင် ဂုဏ်ပြု မှတ်တမ်းလွှာများအား ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များက အသီးသီး ပေးအပ်ချီးမြှင့်ပြီး အခမ်းအနား ဖြစ်မြောက်ရန်အတွက် ပါဝင်လှူဒါန်းပေးခဲ့ကြသည့် စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားအား တာချီလိတ်မြို့ပညာရေး အထောက်အကူပြုကော်မတီက ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် ဆုတံဆိပ် နှင့် ဆုငွေများ အပါအဝင် ကုန်ကျမှုများအား စီးပွားရေး လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့က စုပေါင်းလှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က၎င်းကျောင်းမှ (၅)ဘာသာ ဂုဏ်ထူးရ (၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရ (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရ (၃)ဦး စုစုပေါင်း (၅)ဦးအား ဆုချီးမြှင့်ရာတွင် ဂုဏ်ထူး(၁)ဘာသာလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၂၀)အား ထပ်မံချီးမြှင့်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အများဆုံး ကျောင်းများအနဖြေင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ အောင်ချက် (၃၇.၉၃%)၊ ပညာကမာ္ဘကိုယ်ပိုင် အထက်တန်းကျောင်းမှ အောင်ချက် (၃၃.၃၃%) နှင့် အခြေခံပညာ အထက်တန်းကျောင်း(မိုင်းကိုး)မှ အောင်ချက် (၁၆.၃၆%)ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၏ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အခြေခံပညာ စာသင်ကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများအပြင် အပြင်ဖြေများ အပါအဝင် စုစုပေါင်း (၉၆၅)ဦး ဝင်ရောက် ဖြေဆိုကြသည့်အနက် (၁၅၃)ဦး အောင်မြင်ပြီး တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် (၅)ဘာသာ ဂုဏ်ထူးရှင်တစ်ဦး အပါအဝင် ဂုဏ်ထူးရရှိသူ (၂၅)ဦး ပါဝင်ကြောင်း နှင့် တာချီလိတ်မြို့နယ် အနဖြေင့် အောင်ချက်မှာ (၁၅.၈၅%)ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~