ေမလ(၅)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ ႏွင့္ ၀မ္ေကာင္းရပ္ကြက္ရွိ ေနရာအခ်ဳိ႕၌ လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္မည္

ေမလ(၅)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ ႏွင့္ ၀မ္ေကာင္းရပ္ကြက္ရွိ ေနရာအခ်ဳိ႕၌ လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္မည္
မေ 4, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုး(ေရႊတိဂံုေအာက္)မွ လွ်ပ္စစ္မီးႀကိဳးႏွင့္ မလြတ္ကင္းသည့္ သစ္ပင္ သစ္ကိုင္းမ်ားအား ေမလ(၅)ရက္ေန႔ နံနက္ပိုင္းတြင္ ခုတ္ထြင္ရွင္းလင္းရန္အတြက္ ၀မ္ေကာင္းရပ္ကြက္ ႏွင့္ ပုန္းထြန္ရပ္ကြက္အတြင္းရွိ အခ်ဳိ႕ေနရာမ်ားတြင္ လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္မည္ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ရွိ ရုပ္သံကုန္း၊ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းလမ္း ႏွင့္ ေငြေစတီလမ္း၊ ေက်ာက္ေတာင္ရွိ ၀မ္မိုင္ရြာလမ္းတစ္ေလွ်ာက္ စသည့္ေနရာမ်ားတြင္ လွ်ပ္စစ္မီးႀကိဳးႏွင့္ မလြတ္ကင္းသည့္ သစ္ပင္သစ္ကိုင္းမ်ားကို ခုတ္ထြင္ရွင္းလင္းမည္ျဖစ္သည့္အတြက္ လုပ္ငန္း ေဆာင္ရြက္ေနခ်ိန္တြင္ အႏၱရာယ္ကင္းေစရန္ လွ်ပ္စစ္မီးအား ေခတၱျဖတ္ေတာက္မည္ျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္းေဆာင္ရြက္ခ်ိန္ ေမလ(၅)ရက္ေန႔ နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအခ်ိန္အထိ လွ်ပ္စစ္မီးအား သတ္မွတ္ေနရာမ်ားတြင္ ေခတၱျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္းႏွင့္ သတ္မွတ္ခ်ိန္ မတိုင္မီ လုပ္ငန္း ၿပီးစီးပါက လွ်ပ္စစ္မီးအား အျမန္ဆံုး လႊတ္ေပးသြားမည္ ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုး(ေရႊတိဂံုေအာက္)မွ သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မီးလင်းရေးရုံး(ရွှေတိဂုံအောက်)မှ လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား မေလ(၅)ရက်နေ့ နံနက်ပိုင်းတွင် ခုတ်ထွင်ရှင်းလင်းရန်အတွက် ဝမ်ကောင်းရပ်ကွက် နှင့် ပုန်းထွန်ရပ်ကွက်အတွင်းရှိ အချို့နေရာများတွင် လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ရုပ်သံကုန်း၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းလမ်း နှင့် ငွေစေတီလမ်း၊ ကျောက်တောင်ရှိ ဝမ်မိုင်ရွာလမ်းတစ်လျှောက် စသည့်နေရာများတွင် လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သည့်အတွက် လုပ်ငန်း ဆောင်ရွက်နေချိန်တွင် အန္တရာယ်ကင်းစေရန် လျှပ်စစ်မီးအား ခေတ္တဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဆောင်ရွက်ချိန် မေလ(၅)ရက်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအချိန်အထိ လျှပ်စစ်မီးအား သတ်မှတ်နေရာများတွင် ခေတ္တဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချိန် မတိုင်မီ လုပ်ငန်း ပြီးစီးပါက လျှပ်စစ်မီးအား အမြန်ဆုံး လွှတ်ပေးသွားမည် ဖြစ်ကြောင်း တာချီလိတ်မြို့မီးလင်းရေးရုံး(ရွှေတိဂုံအောက်)မှ သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~