နမ့္ဖတ္ကာ - နမ့္ခမ္းလမ္းမွ တံတားတစ္ခုအား လက္နက္ကိုင္အဖြဲ႕တစ္ဖဲြ႕က မိုင္းခြဲ

နမ့္ဖတ္ကာ - နမ့္ခမ္းလမ္းမွ တံတားတစ္ခုအား လက္နက္ကိုင္အဖြဲ႕တစ္ဖဲြ႕က မိုင္းခြဲ
မေ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဖတ္ကာ - နမ့္ခမ္းလမ္းရွိ သံေဘာင္တံတားတစ္ခုအား ေမလ (၂၅) ရက္ နံနက္ (၇)နာရီခြဲခန္႔က လက္နက္ကိုင္အဖြဲ႔တစ္ခုမွ မိုင္းခြဲသြားသည့္အတြက္ တံတားတိုင္တစ္တိုင္ နိမ့္က်မႈ ျဖစ္ပြားသြားေၾကာင္း နမ့္ဖတ္ကာရဲစခန္းမွ သိရသည္။

“ဒီမနက္ ( ၇) နာရီခြဲေလာက္ကျဖစ္တာပါ။ နမ့္ဖတ္ကာ - နမ့္ခမ္းသြားလမ္းတစ္ခုျဖစ္တဲ့ မဟာဗ်ဴဟာ လမ္းေၾကာင္းမွာရွိတဲ့ သံေဘာင္တံတားတစ္ခုရဲ့ တိုင္တစ္တိုင္ကို လက္နက္ကိုင္အဖြဲ႔တစ္ခုက မိုင္းေထာင္ၿပီးခဲြခဲ့တာျဖစ္ပါတယ္။ မိုင္းကြဲမႈေၾကာင့္ တံတားတိုင္တစ္တိုင္ နိမ့္က်သြားၿပီး ယာဥ္ႀကီးေတြ သြားလာလို႔မရေတာ့ပါဘူး” ဟု တံတားမိုင္းခြဲခံရသည့္ေနရာအား သြားေရာက္စစ္ေဆးခဲ့သည့္ နမ့္ဖတ္ကာ ရဲစခန္းမွ စခန္းမွဴးမိုးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

နမ့္ဖတ္ကာမွ (၄)မိုင္ခန္႔အကြာရိွွ သံေဘာင္တံတားတစ္ခု၏ နမ့္ဖတ္ကာဘက္အျခမ္းမွ တိုင္တစ္တိုင္ အနည္းငယ္နိမ့္သြားသျဖင့္ ကားငယ္မ်ားႏွင့္ ဆိုင္ကယ္မ်ားသာ ျဖတ္သန္း သြားလာႏိုင္သည့္ အေနအထားတြင္ ရိွေနၿပီး မည့္သည့္ လက္နက္ကိုင္အဖြဲ႔မွ လုပ္ေဆာင္သြားသည္ကို အတည္ မျပဳႏုိင္ေသးေၾကာင္း သိရသည္။

“ဒီမနက္မွာ နမ့္ဖတ္ကာ-နမ့္ခမ္းသြားလမ္းက ေဘလီတံတားတစ္ခု မိုင္းခြဲခံရပါတယ္။ လူေတြအထိအခိုက္ မရွိေပမယ့္ တံတားကေတာ့ ေပါက္ကြဲမႈေၾကာင့္ နိမ့္က်သြားတယ္။ နမ့္ခမ္းသြားမယ့္သူေတြ ဒီဘက္လမ္းက မလာဖို႔ အသိေပးခ်င္တယ္။ ကားႀကီးေတြလည္းျဖတ္လို႔မရေလာက္ေတာ့ဘူး” ဟု နမ့္ဖတ္ကာ ေဒသခံတစ္ဦးက ေျပာသည္။

တံတား မိုင္းခြဲခံရမႈေၾကာင့္ တံတားသံေဘာင္အခ်ိဳ႕၊ ၾကမ္းခင္းအခ်ိဳ႕ႏွင့္ တံတိုင္းတိုင္တစ္တိုင္ ထိခိုက္ ပ်က္စီးသြားခဲ့ၿပီး စစ္ေဆးရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း နမ့္ဖတ္ကာ ရဲစခန္းမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - ကိုေအာင္ေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဖတ်ကာ - နမ့်ခမ်းလမ်းရှိ သံဘောင်တံတားတစ်ခုအား မေလ (၂၅) ရက် နံနက် (၇)နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုမှ မိုင်းခွဲသွားသည့်အတွက် တံတားတိုင်တစ်တိုင် နိမ့်ကျမှု ဖြစ်ပွားသွားကြောင်း နမ့်ဖတ်ကာရဲစခန်းမှ သိရသည်။

“ဒီမနက် ( ၇) နာရီခွဲလောက်ကဖြစ်တာပါ။ နမ့်ဖတ်ကာ - နမ့်ခမ်းသွားလမ်းတစ်ခုဖြစ်တဲ့ မဟာဗျူဟာ လမ်းကြောင်းမှာရှိတဲ့ သံဘောင်တံတားတစ်ခုရဲ့ တိုင်တစ်တိုင်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ပြီးခွဲခဲ့တာဖြစ်ပါတယ်။ မိုင်းကွဲမှုကြောင့် တံတားတိုင်တစ်တိုင် နိမ့်ကျသွားပြီး ယာဉ်ကြီးတွေ သွားလာလို့မရတော့ပါဘူး” ဟု တံတားမိုင်းခွဲခံရသည့်နေရာအား သွားရောက်စစ်ဆေးခဲ့သည့် နမ့်ဖတ်ကာ ရဲစခန်းမှ စခန်းမှူးမိုးကျော်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

နမ့်ဖတ်ကာမှ (၄)မိုင်ခန့်အကွာရှိ သံဘောင်တံတားတစ်ခု၏ နမ့်ဖတ်ကာဘက်အခြမ်းမှ တိုင်တစ်တိုင် အနည်းငယ်နိမ့်သွားသဖြင့် ကားငယ်များနှင့် ဆိုင်ကယ်များသာ ဖြတ်သန်း သွားလာနိုင်သည့် အနေအထားတွင် ရှိနပြေီး မည့်သည့် လက်နက်ကိုင်အဖွဲ့မှ လုပ်ဆောင်သွားသည်ကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

“ဒီမနက်မှာ နမ့်ဖတ်ကာ-နမ့်ခမ်းသွားလမ်းက ဘေလီတံတားတစ်ခု မိုင်းခွဲခံရပါတယ်။ လူတွေအထိအခိုက် မရှိပေမယ့် တံတားကတော့ ပေါက်ကွဲမှုကြောင့် နိမ့်ကျသွားတယ်။ နမ့်ခမ်းသွားမယ့်သူတွေ ဒီဘက်လမ်းက မလာဖို့ အသိပေးချင်တယ်။ ကားကြီးတွေလည်းဖြတ်လို့မရလောက်တော့ဘူး” ဟု နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ပြောသည်။

တံတား မိုင်းခွဲခံရမှုကြောင့် တံတားသံဘောင်အချို့၊ ကြမ်းခင်းအချို့နှင့် တံတိုင်းတိုင်တစ်တိုင် ထိခိုက် ပျက်စီးသွားခဲ့ပြီး စစ်ဆေးရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း နမ့်ဖတ်ကာ ရဲစခန်းမှ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုအောင်အောင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~