ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် မေလ(၇)ရက်နေ့ နံနက်ပိုင်းတွင်က ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် လူငယ် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့ တက်ရောက်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းက ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ KBZ ဘဏ်က အကြွေးဝယ်ကတ်အကြောင်းကိုလည်း လာရောက်ရှင်းလင်းကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို