တာဆန္းပူးေပါင္းဂိတ္တြင္ ခရီးတင္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာဆန္းပူးေပါင္းဂိတ္တြင္ ခရီးတင္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
မတ် 17, 2017
By Tachileik News Agency


ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းတံုၿမိဳ႕နယ္ႏွင့္ မိုင္းပန္ၿမိဳ႕နယ္ အၾကား တာဆန္း ပူးေပါင္း စစ္ေဆးေရး ဂိတ္တြင္ ပူးေပါင္း အဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မိုင္းဆတ္ဘက္မွာ ထြက္ခြာလာသည့္ ခရီးသည္ တင္ယာဥ္ တစ္စီးအား စစ္ေဆးရာမွ  စိတ္ၾကြေဆးျပားမ်ားကို သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာဝန္က် အဖြ႔ဲမ်ားက မတ္လ(၁၆)ရက္ေန႔ ေန႔လယ္(၁၂း၄၅)နာရီ၀န္းက်င္အခ်ိန္က ခရီးသည္တင္ ယာဥ္အား ရပ္တန္႔စစ္ေဆးရာ ယာဥ္ေပၚတြင္ တင္ေဆာင္လာသည့္ မေကသီခ်ိဳ (ရန္ကုန္) အမည္ပါေသာ စကၠဴဂ်ပ္ဖာအတြင္း အျပာေရာင္ ပလတ္စတစ္ ကပ္ခြာအိတ္ျဖင့္ ထည့္ထားၿပီး  တန္ဖိုးေငြ က်ပ္သိန္းေပါင္း(၂၈၀)၀န္းက်င္ရွိသည့္ WYပန္းေရာင္ စိတ္ႂကြေဆးျပား(၂၀၀)ျပားပါ (၁၄၀)ထုပ္ စုစုေပါင္း (၂၈,၀၀၀)ျပားအား ႐ွာေဖြ သိမ္းဆည္းရမိခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဒို႔ညီေနာင္ ယာဥ္လိုင္း၏ ဂိတ္မွဴး မုိင္းဆတ္ၿမိဳ႕မွ ဦးလွသန္းႏွင့္ ရန္ကုန္ၿမိဳ႕မွ မေကသီခ်ိဳတို႔မွာ လြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။
စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသည့္ ခရီးသည္တင္ယာဥ္မွ ယာဥ္ေမာင္း ဟန္ထြန္းႏိုင္၊ ဂိတ္မွဴး ဦးလွသန္းႏွင့္ မေကသီခ်ိဳတို႔အား မိုင္းပန္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၁၅/ ၁၉(က)/၂၁ အရ အမွဳဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ေအာင္ေဇယ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်နှင့် မိုင်းပန်မြို့နယ် အကြား တာဆန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းဆတ်ဘက်မှာ ထွက်ခွာလာသည့် ခရီးသည် တင်ယာဉ် တစ်စီးအား စစ်ဆေးရာမှ စိတ်ကြွဆေးပြားများကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

တာဝန်ကျ အဖွဲ့များက မတ်လ(၁၆)ရက်နေ့ နေ့လယ်(၁၂း၄၅)နာရီဝန်းကျင်အချိန်က ခရီးသည်တင် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် မကေသီချို (ရန်ကုန်) အမည်ပါသော စက္ကူဂျပ်ဖာအတွင်း အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားပြီး တန်ဖိုးငွေ ကျပ်သိန်းပေါင်း(၂၈၀)ဝန်းကျင်ရှိသည့် WYပန်းရောင် စိတ်ကြွဆေးပြား(၂၀၀)ပြားပါ (၁၄၀)ထုပ် စုစုပေါင်း (၂၈,ဝဝဝ)ပြားအား ရှာဖွေ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒို့ညီနောင် ယာဉ်လိုင်း၏ ဂိတ်မှူး မိုင်းဆတ်မြို့မှ ဦးလှသန်းနှင့် ရန်ကုန်မြို့မှ မကေသီချိုတို့မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ဟန်ထွန်းနိုင်၊ ဂိတ်မှူး ဦးလှသန်းနှင့် မကေသီချိုတို့အား မိုင်းပန်မြို့မရဲစခန်းတွင် မယ(ပ) ၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~