မန္းေရႊစက္ေတာ္ဘုရားပြဲတြင္ ဒဏ္ေၾကးခ်မွတ္ခံရသည့္ တည္းခိုေဆာင္လုပ္ငန္းရွင္ႏွစ္ဦးထပ္တိုး

မန္းေရႊစက္ေတာ္ဘုရားပြဲတြင္ ဒဏ္ေၾကးခ်မွတ္ခံရသည့္ တည္းခိုေဆာင္လုပ္ငန္းရွင္ႏွစ္ဦးထပ္တိုး
မတ် 18, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မန္းေရႊစက္ေတာ္ ဘုရားပြဲေတာ္ကာလ လုပ္ငန္းလုပ္ကိုင္ခြင့္ေပးစဥ္က သတ္မွတ္ စည္းကမ္းအတိုင္း မလိုက္နာသည့္ တည္းခိုေဆာင္ လုပ္ငန္းရွင္ (၂၅)ဦးကို မတ္လအတြင္း ဒဏ္ေၾကး အသီးသီး ေပးေဆာင္ေစရန္ ခ်မွတ္ထားေၾကာင္း ဘုရားေဂါပကအဖြဲ႕ထံမွ သိရသည္။

အဆိုပါ လုပ္ငန္းရွင္မ်ားတြင္ သတ္မွတ္ထားသည့္ အခန္းအေရအတြက္ထက္ ပို၍ တည္ေဆာက္ထားသည့္ တည္းခိုေဆာင္ လုပ္ငန္းရွင္ (၂၃)ဦးႏွင့္ အခန္းခပိုေတာင္းသည့္ တည္းခိုေဆာင္လုပ္ငန္းရွင္ (၂)ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ စစ္ေဆးတဲ႔အခါ ေရစပ္တည္းခိုေဆာင္နံပါတ္ (၁၁၄)က တစ္ခန္းကုိ (၅၀၀၀၀)က်ပ္နဲ႔ ကုန္းတြင္း တည္းခိုေဆာင္နံပါတ္ (၁၁၇)က တစ္ခန္းကုိ (၃၀၀၀၀)က်ပ္ ေတာင္းတယ္။ သတ္မွတ္ေစ်းထက္ ပိုေတာင္းတာ စစ္ေဆးေတြ႔ရွိရတဲ႔အတြက္ အခုလုိ ေဆာင္ရြက္ရတာပါ”ဟု မန္းေရႊစက္ေတာ္ေဂါပကအဖြဲ႕ ဥကၠဌဦးျမင့္သိန္းက ေျပာသည္။

အဆိုပါ ဒဏ္ေၾကးေငြမ်ားအား ဘုရားရန္ပုံေငြအျဖစ္ ေပးသြင္းရမည္ျဖစ္ၿပီး လိုက္နာေဆာင္ရြက္ျခင္း မရွိပါက လုပ္ငန္းလုပ္ကုိင္ခြင့္ ရုပ္သိမ္း၍ ဥပေဒစည္းမ်ဥ္း စည္းကမ္းႏွင့္ အညီ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ေဂါပကအဖြဲ႕ထံမွ သိရသည္။

“စေန၊ တနဂၤေႏြနဲ႔ အခါႀကီးရက္ႀကီးရက္ေတြ ရံုးပိတ္ရက္ေတြမွာ ဘုရားဖူး စည္ကားေတာ့ တည္းေက်ာင္းေတြ မေလာက္ငွတ့ဲ ျပႆနာ၊ ေစ်းပိုေတာင္းတ့ဲ ျပႆနာေတြ ျဖစ္ၾကတာပါ။ ကြက္က်ားမိုးရြာၿပီး အေရးယူတာမ်ိဳး မျဖစ္ဖို႔ေတာ႔ လိုတယ္။ အခုလုိ ေဂါပကအဖြဲ႕က ကြင္းဆင္းစစ္ေဆးၿပီး ထိထိေရာက္ေရာက္ အေရးယူတာေတြ ဆက္တိုက္ လုပ္လာမယ္ဆုိရင္ ေစ်းႏႈန္းပိုယူတာေတြ ေလ်ာ့နည္းလာမယ္ေလ။ ဘုရားဖူးျပည္သူေတြလည္း စိတ္ခ်မ္းသာတာေပါ့ဗ်ာ”ဟု ရန္ကုန္မွ ဘုရားဖူ ေရာက္ရိွေနသူတစ္ဦးက ေျပာသည္။

ပြဲေတာ္ကာလအတြင္း တည္းခိုခေစ်းႏႈန္းမ်ားကုိ ေရစပ္ တစ္ခန္း (၃၀၀၀၀) က်ပ္ႏွင့္ ကုန္းတြင္း တစ္ခန္း (၂၀၀၀၀)က်ပ္ႏႈန္း ေကာက္ခံရန္ ေရႊစက္ေတာ္ဘုရားေဂါပကအဖဲြ႔မွ စည္ကမ္းသတ္မွတ္ထားေႀကာင္း သိရၿပီး သတ္မွတ္ေစ်းထက္ ပိုမိုေကာက္ခံသည့္လုပ္ငန္းရွင္(၂)ဦးအား ဒဏ္ေၾကးေငြ က်ပ္သိန္း(၃၀)စီ ေပးေဆာင္ရန္ သတ္မွတ္ထားေၾကာင္း ေဂါပကအဖြဲ႕ထံမွ သိရသည္။

ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွ ဧၿပီလ (၁၇)ရက္ေန႔အထိ က်င္းပေနသည့္ အဆိုပါ ဘုရားပြဲေတာ္ ကာလအတြင္း သတ္မွတ္ စည္းကမ္းႏွင့္ မကိုက္ညီသည့္ လုပ္ငန္းရွင္မ်ားအား ဒဏ္ေၾကး သတ္မွတ္ေပးေဆာင္ေစရာ သတ္မွတ္ထားသည့္ အခန္းအေရအတြက္ထက္ ပို၍တည္ေဆာက္ထားသည့္ တည္းခိုေဆာင္လုပ္ငန္းရွင္ (၂၃)ဦးကိုလည္း ဒဏ္ေၾကး (၁၂၇)သိန္း သတ္မွတ္ထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးစဉ်က သတ်မှတ် စည်းကမ်းအတိုင်း မလိုက်နာသည့် တည်းခိုဆောင် လုပ်ငန်းရှင် (၂၅)ဦးကို မတ်လအတွင်း ဒဏ်ကြေး အသီးသီး ပေးဆောင်စေရန် ချမှတ်ထားကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ လုပ်ငန်းရှင်များတွင် သတ်မှတ်ထားသည့် အခန်းအရေအတွက်ထက် ပို၍ တည်ဆောက်ထားသည့် တည်းခိုဆောင် လုပ်ငန်းရှင် (၂၃)ဦးနှင့် အခန်းခပိုတောင်းသည့် တည်းခိုဆောင်လုပ်ငန်းရှင် (၂)ဦးတို့ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ဆေးတဲ့အခါ ရေစပ်တည်းခိုဆောင်နံပါတ် (၁၁၄)က တစ်ခန်းကို (၅၀၀၀၀)ကျပ်နဲ့ ကုန်းတွင်း တည်းခိုဆောင်နံပါတ် (၁၁၇)က တစ်ခန်းကို (၃၀၀၀၀)ကျပ် တောင်းတယ်။ သတ်မှတ်ဈေးထက် ပိုတောင်းတာ စစ်ဆေးတွေ့ရှိရတဲ့အတွက် အခုလို ဆောင်ရွက်ရတာပါ”ဟု မန်းရွှေစက်တော်ဂေါပကအဖွဲ့ ဥက္ကဌဦးမြင့်သိန်းက ပြောသည်။

အဆိုပါ ဒဏ်ကြေးငွေများအား ဘုရားရန်ပုံငွေအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက လုပ်ငန်းလုပ်ကိုင်ခွင့် ရုပ်သိမ်း၍ ဥပဒေစည်းမျဉ်း စည်းကမ်းနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“စနေ၊ တနင်္ဂေနွနဲ့ အခါကြီးရက်ကြီးရက်တွေ ရုံးပိတ်ရက်တွေမှာ ဘုရားဖူး စည်ကားတော့ တည်းကျောင်းတွေ မလောက်ငှတဲ့ ပြဿနာ၊ ဈေးပိုတောင်းတဲ့ ပြဿနာတွေ ဖြစ်ကြတာပါ။ ကွက်ကျားမိုးရွာပြီး အရေးယူတာမျိုး မဖြစ်ဖို့တော့ လိုတယ်။ အခုလို ဂေါပကအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူတာတွေ ဆက်တိုက် လုပ်လာမယ်ဆိုရင် ဈေးနှုန်းပိုယူတာတွေ လျော့နည်းလာမယ်လေ။ ဘုရားဖူးပြည်သူတွေလည်း စိတ်ချမ်းသာတာပေါ့ဗျာ”ဟု ရန်ကုန်မှ ဘုရားဖူ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

ပွဲတော်ကာလအတွင်း တည်းခိုခဈေးနှုန်းများကို ရေစပ် တစ်ခန်း (၃၀၀၀၀) ကျပ်နှင့် ကုန်းတွင်း တစ်ခန်း (၂၀၀၀၀)ကျပ်နှုန်း ကောက်ခံရန် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ စည်ကမ်းသတ်မှတ်ထားကြောင်း သိရပြီး သတ်မှတ်ဈေးထက် ပိုမိုကောက်ခံသည့်လုပ်ငန်းရှင်(၂)ဦးအား ဒဏ်ကြေးငွေ ကျပ်သိန်း(၃၀)စီ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၁၇)ရက်နေ့အထိ ကျင်းပနေသည့် အဆိုပါ ဘုရားပွဲတော် ကာလအတွင်း သတ်မှတ် စည်းကမ်းနှင့် မကိုက်ညီသည့် လုပ်ငန်းရှင်များအား ဒဏ်ကြေး သတ်မှတ်ပေးဆောင်စေရာ သတ်မှတ်ထားသည့် အခန်းအရေအတွက်ထက် ပို၍တည်ဆောက်ထားသည့် တည်းခိုဆောင်လုပ်ငန်းရှင် (၂၃)ဦးကိုလည်း ဒဏ်ကြေး (၁၂၇)သိန်း သတ်မှတ်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~