တကၠသိုလ္ဝင္တန္းေျဖမည့္ ေက်ာင္းသားမ်ားအတြက္ စိတ္ခြန္အားျဖည့္ စာေပေဟာေျပာပြဲ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ က်င္းပ

တကၠသိုလ္ဝင္တန္းေျဖမည့္ ေက်ာင္းသားမ်ားအတြက္ စိတ္ခြန္အားျဖည့္ စာေပေဟာေျပာပြဲ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ က်င္းပ
မတ် 1, 2017
By Tachileik News Agency
တကၠသိုလ္ဝင္တန္း စာေမးပြြဲေျဖဆိုသူမ်ားအတြက္ ေအာင္ခ်က္ ျမင့္မားေစရန္ ျပည္နယ္ ၾကက္ေျခနီ အသင္းက ပညာဒါန အေနျဖင့္ စီစဥ္ကာ ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္းမွ ပူးေပါင္း ေဆာင္ရြက္သည့္ စာေပ ေဟာေျပာပြဲကို မတ္လ (၁) ရက္ေန႔ ေန႔လယ္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊမဟာကိုယ္ပိုင္ အထက္တန္း ေက်ာင္းတြင္ က်င္းပျပဳလုပ္သည္။ 
တာခ်ီလိတ္ၿမိဳ႕ ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္းတြင္ တာခ်ီလိတ္ၿမိဳ႕အတြင္းမွ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဆရာ ဦးေအာင္ေက်ာ္ဆန္းက "သားအတြက္ ဓားတစ္လက္၊ သမီးအတြက္ ထီးတစ္လက္ " ေခါင္းစဥ္ျဖင့္ စိတ္ခြန္အားျဖည့္ရန္ ေဟာေျပာခဲ့ေၾကာင္း သိရသည္။
"ေက်ာင္းေတြ ေတာ္ေတာ္မ်ားမ်ားကို ကြ်န္ေတာ္ကိုယ္တိုင္ လိုက္ဖိတ္ပါတယ္၊ အခုလို ေဟာေျပာပြဲ လုပ္ျဖစ္ဖိ႔ု ည(၁၀)နာရီေလာက္ကမွ စီစဥ္ျဖစ္လိုက္တာဆိုေတာ့ မနက္ေရာက္မွ လိုက္ဖိတ္ျဖစ္တာပါ။ အခုေဟာေျပာပြဲကို ပုန္းထြန္ နဲ႔ ေဟာင္လိတ္က ေက်ာင္းသား၊ ေက်ာင္းသူေတြ လာပါတယ္။  ကြ်န္ေတာ္တို႔ ေက်ာင္းက ေက်ာင္းႀကိဳပို႔ကားနဲ႔ ႀကိဳပို႔လုပ္ေပးခဲ့ပါတယ္"ဟု ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က ေျပာသည္။
အလားတူ ေဟာေျပာပြဲကို က်ိဳင္းတုံၿမိဳ႕တြင္လည္း တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသားေက်ာင္းသူမ်ားကို ဆရာ ဦးေအာင္ေက်ာ္ဆန္း ေဟာေျပာခဲ့ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု ။ ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူများအတွက် အောင်ချက် မြင့်မားစေရန် ပြည်နယ် ကြက်ခြေနီ အသင်းက ပညာဒါန အနဖြေင့် စီစဉ်ကာ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ပူးပေါင်း ဆောင်ရွက်သည့် စာပေ ဟောပြောပွဲကို မတ်လ (၁) ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင် အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်သည်။

တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းတွင် တာချီလိတ်မြို့အတွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ ဦးအောင်ကျော်ဆန်းက "သားအတွက် ဓားတစ်လက်၊ သမီးအတွက် ထီးတစ်လက် " ခေါင်းစဉ်ဖြင့် စိတ်ခွန်အားဖြည့်ရန် ဟောပြောခဲ့ကြောင်း သိရသည်။

"ကျောင်းတွေ တော်တော်များများကို ကျွန်တော်ကိုယ်တိုင် လိုက်ဖိတ်ပါတယ်၊ အခုလို ဟောပြောပွဲ လုပ်ဖြစ်ဖို့ ည(၁၀)နာရီလောက်ကမှ စီစဉ်ဖြစ်လိုက်တာဆိုတော့ မနက်ရောက်မှ လိုက်ဖိတ်ဖြစ်တာပါ။ အခုဟောပြောပွဲကို ပုန်းထွန် နဲ့ ဟောင်လိတ်က ကျောင်းသား၊ ကျောင်းသူတွေ လာပါတယ်။ ကျွန်တော်တို့ ကျောင်းက ကျောင်းကြိုပို့ကားနဲ့ ကြိုပို့လုပ်ပေးခဲ့ပါတယ်"ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ပြောသည်။

အလားတူ ဟောပြောပွဲကို ကျိုင်းတုံမြို့တွင်လည်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို ဆရာ ဦးအောင်ကျော်ဆန်း ဟောပြောခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~