ဂျာမနီနှင့်မြန်မာ ဆရာဝန်များ၏ အခမဲ့ ခွဲစိတ်ကုသမှုအစီအစဉ်တွင် ကုသခံယူမည့်လူနာများ တာချီလိတ်သို့ စတင်ရောက်ရှိ
ဂျာမနီနှင့်မြန်မာ ဆရာဝန်များ၏ အခမဲ့ ခွဲစိတ်ကုသမှုအစီအစဉ်တွင် ကုသခံယူမည့်လူနာများ တာချီလိတ်သို့ စတင်ရောက်ရှိ
မတျ 4, 2017
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဂျာမနီနိုင်ငံမှ ဆရာဝင်များနှင့် မြန်မာဆရာဝန်များ၏ အခမဲ့ ခွဲစိတ်ကုသမှုခံယူမည့် ဝေဒနာရှင်များ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို) ၀န်ထမ်းကုန်းကျောင်းတိုက်တွင် မတ်လ (၄) ရက်က ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ၊ နှာခေါင်းကွဲ ၊ မီးလောင်ဒဏ်ရာ ၊ အဆီအကြိတ်နှင့် ခြေပူးလက်ပူးများအား ခွဲစိတ်ကုသပေးမည့် အစီအစဉ်တွင် ကုသမှုခံယူမည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအသီးသီးမှ ဝေဒနာရှင်များနှင့် လူနာစောင့်များအတွက် အရပ်ဖက်အဖွဲ့အစည်းများက နေထိုင်စားသောက်ရေးအတွက် အသီးသီးခွဲဝေ တာဝန်ယူ စီစဉ်ပေးနေကြခြင်း ဖြစ်သည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဂျာမနီနိုင်ငံမှ ဆရာဝင်များနှင့် မြန်မာဆရာဝန်များ၏ အခမဲ့ ခွဲစိတ်ကုသမှုခံယူမည့် ဝေဒနာရှင်များ ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို) ဝန်ထမ်းကုန်းကျောင်းတိုက်တွင် မတ်လ (၄) ရက်က ရောက်ရှိနပြေီဖြစ်ကြောင်း သိရသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီအကြိတ်နှင့် ခြေပူးလက်ပူးများအား ခွဲစိတ်ကုသပေးမည့် အစီအစဉ်တွင် ကုသမှုခံယူမည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအသီးသီးမှ ဝေဒနာရှင်များနှင့် လူနာစောင့်များအတွက် အရပ်ဖက်အဖွဲ့အစည်းများက နေထိုင်စားသောက်ရေးအတွက် အသီးသီးခွဲဝေ တာဝန်ယူ စီစဉ်ပေးနကြခြေင်း ဖြစ်သည်။
“အခုလက်ရှိမှာတော့ လူနာ(၁၇)ယောက် ရောက်နပြေီ။ လူနာစောင့်နဲ့ဆို (၂၉)ယောက်လောက် ရှိတယ်။ စာရင်းလာပေးထားတာကတော့ (၇၀)ကျော်လောက်ရှိတယ်။ လူနာတွေက တဖြေးဖြေးနဲ့ ရောက်လာမှာပါ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးက ပြောသည်။
နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီအကြိတ် နှင့် ခြေပူးလက်ပူးများအား အခမဲ့ခွဲစိတ်ကုသရေးအစီအစဉ်ကို ဂျာမနီနိုင်ငံ အခြေစိုက် Interplast အဖွဲ့အစည်းနှင့် MCA (Myanmar Chef’s Association)အဖွဲ့တို့မှ ပူးပေါင်းစီစဉ်မှုဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး (ဓမ္မသီရိဆေးရုံကြီး)တွင် မတ်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~