ထိုင္းႏုိင္ငံအတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏို္င္ငံသား ၂၄ ဦးအား တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း

ထိုင္းႏုိင္ငံအတြင္း တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏို္င္ငံသား ၂၄ ဦးအား တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း
ဖေဖော်ဝါရီ 27, 2017
By Tachileik News Agency
အေထာက္အထား မျပည့္စုံျခင္း၊ သတ္မွတ္နယ္ေျမက်ဴးေက်ာ္ျခင္း တို႔ျဖင့္ ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံရေသာ ျမန္မာႏိုင္ငံသား (၂၄)ဦးကို တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၂)တြင္  ေဖေဖာ္၀ါရီလ (၂၇)ရက္ေန႔ ေန႔လယ္ပိုင္းက ျပန္လည္ လႊဲေျပာင္းေပးလုိက္သည္။
ျပန္လည္ လႊဲေျပာင္းေပးခဲ့သူမ်ားတြင္ အမ်ိဳးသား(၁၆)ဦးႏွင့္ အမ်ိဳးသမီး (၈)ဦးပါဝင္ၿပီး ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံ အတြင္းသို႔ ကန္႔သတ္နယ္ေျမ က်ဴးေက်ာ္ေနထိုင္ျခင္း၊ တရားမ၀င္ေနထိုင္ အလုပ္လုပ္ကိုင္ျခင္း၊ ေနထိုင္ခြင့္ အေထာက္အထား မျပည့္စုံျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံရသူမ်ားျဖစ္ေၾကာင္း သိရသည္။
 “ခုေနာက္ပိုင္းလႊဲေျပာင္းလာတဲ့အထဲ ႏွစ္ႀကီးသမားေတြက သိပ္မပါလာေတာ့ဘူး။ ဟိုတေလာက သူတို႔ဖက္မွာ ႏွစ္ေလွ်ာ့ၿပီး လြတ္ၿငိမ္းေပးလိုက္လို႔။ အခုလႊဲလာတာက ခါတိုင္းလိုပဲ ရက္တို ဖမ္းဆီးခံရတဲ့ သူေတြျဖစ္ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ထိုင္းႏုိင္ငံတြင္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏိုင္ငံသို႔ နယ္စပ္ၿမိဳ႕ တာခ်ီလိတ္မွ ျပန္လည္လႊဲေျပာင္းေလ့ရိွရာ ထိုင္းႏုိင္ငံမွ လြတ္ၿငိမ္းခ်မ္းသာ ေပးသည့္ ကာလမ်ားတြင္ ႏွစ္ရွည္ေထာင္ဒဏ္ က်ခံရသူမ်ားပါ ပါလာေလ့ရိွေၾကာင္း သိရသည္။
ယခုလႊဲေျပာင္းလာသည့္ ျမန္မာႏိုင္ငံသား (၂၄)ဦးသည္ ရွမ္းျပည္နယ္အတြင္းက ျဖစ္ၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ အမ်ားဆံုးျဖစ္ေၾကာင္း သိရသည္။ 
သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

အထောက်အထား မပြည့်စုံခြင်း၊ သတ်မှတ်နယ်မြေကျူးကျော်ခြင်း တို့ဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား (၂၄)ဦးကို တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည် လွှဲပြောင်းပေးလိုက်သည်။

ပြန်လည် လွှဲပြောင်းပေးခဲ့သူများတွင် အမျိုးသား(၁၆)ဦးနှင့် အမျိုးသမီး (၈)ဦးပါဝင်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ အတွင်းသို့ ကန့်သတ်နယ်မြေ ကျူးကျော်နေထိုင်ခြင်း၊ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်ခြင်း၊ နေထိုင်ခွင့် အထောက်အထား မပြည့်စုံခြင်းတို့ကြောင့် ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။

 “ခုနောက်ပိုင်းလွှဲပြောင်းလာတဲ့အထဲ နှစ်ကြီးသမားတွေက သိပ်မပါလာတော့ဘူး။ ဟိုတလောက သူတို့ဖက်မှာ နှစ်လျှော့ပြီး လွတ်ငြိမ်းပေးလိုက်လို့။ အခုလွှဲလာတာက ခါတိုင်းလိုပဲ ရက်တို ဖမ်းဆီးခံရတဲ့သူတွဖြေစ်ပါတယ်”ဟု တာချီလိတ်မြို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ နယ်စပ်မြို့ တာချီလိတ်မှ ပြန်လည်လွှဲပြောင်းလေ့ရှိရာ ထိုင်းနိုင်ငံမှ လွတ်ငြိမ်းချမ်းသာ ပေးသည့် ကာလများတွင် နှစ်ရှည်ထောင်ဒဏ် ကျခံရသူများပါ ပါလာလေ့ရှိကြောင်း သိရသည်။

ယခုလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား (၂၄)ဦးသည် ရှမ်းပြည်နယ်အတွင်းက ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှ အများဆုံးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~