တာချီလိတ် - ကျိုင်းတုံ ခရီးသည်များ ယာဉ်အန္တာရာယ်လုံခြုံမှုရှိစေရေးအတွက် ကညန နှင့် ပူးပေါင်းအဖွဲ့မှ စစ်ဆေး

တာချီလိတ် - ကျိုင်းတုံ ခရီးသည်များ ယာဉ်အန္တာရာယ်လုံခြုံမှုရှိစေရေးအတွက် ကညန နှင့် ပူးပေါင်းအဖွဲ့မှ စစ်ဆေး
ဖေဖော်ဝါရီ 2, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့တွင် ခရီးသွား ပြည်သူများ အသက်ဘေး အန္တရာယ် လုံခြုံစေရေး အတွက် အဝေးပြေးယာဉ်လိုင်းများအား ကုန်းလမ်းပို့ဆောင်ရေညွှန်းကြားမှုဦးစီးဌာနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ  စစ်ဆေးရာ ထိုင်ခုံခါးပတ်ဝတ်ဆင်မှု အားနည်းကြောင်း သိရှိရသည်။

ကျိုင်းတုံ - တာချီလိတ် အဝေပြေးလမ်းခရီးတွင် ခရီးသွားပြည်သူများ အသက်ဘေးအန္တရာယ် လုံခြုံစေရေး အတွက် ဖေဖော်ဝါရီလ (၂)ရက်နေ့က စတုတ္ထအကြိမ် အဖြစ် ရွှေမြို့တော်အဝေးပြေးယာဉ်လိုင်းအား တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေညွှန်းကြားမှုဦးစီးဌာန ၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်) နှင့် ပို့/ဆက်တို့ ပါဝင်သည့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။


ကုန်းလမ်းပို့ဆောင်ရေညွှန်းကြားမှုဦးစီးဌာနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က ဇန်န၀ါရီလအတွင်းမှာ ရွှေရေကန်အဝေးပြေးယာဉ်လိုင်း၊တက်နေ၀န်း အဝေးပြေးယာဉ်လိုင်း ၊ ဆမ်လောဝ်အဝေးပြေယာဉ်လိုင်းနှင့် ရွှေတောင်မိုင်းဆတ်အဝေးပြေးယာဉ်လိုင်းတို့ကို စစ်ဆေးပြီးစီးလျှက်ရှိကြောင်းသိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ခရီးသွား ပြည်သူများ အသက်ဘေး အန္တရာယ် လုံခြုံစေရေး အတွက် အေဝးပြေးယာဉ်လိုင်းများအား ကုန်းလမ်းပို့ဆောင်ရေညွှန်းကြားမှုဦးစီးဌာနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ စစ်ဆေးရာ ထိုင်ခုံခါးပတ်ဝတ်ဆင်မှု အားနည်းကြောင်း သိရှိရသည်။

ကျိုင်းတုံ - တာချီလိတ် အေဝပြေးလမ်းခရီးတွင် ခရီးသွားပြည်သူများ အသက်ဘေးအန္တရာယ် လုံခြုံစေရေး အတွက် ဖေဖော်ဝါရီလ (၂)ရက်နေ့က စတုတ္ထအကြိမ် အဖြစ် ရွှမြေို့တော်အေဝးပြေးယာဉ်လိုင်းအား တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေညွှန်းကြားမှုဦးစီးဌာန၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်) နှင့် ပို့/ဆက်တို့ ပါဝင်သည့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

“စစ်ဆေးမှုတွေ လုပ်လာတဲ့ တလျှောက် အားလုံးကတော့ စည်းကမ်းချက်ထဲကအတိုင်း တော်တော်များများ ပါတယ်။ အများစု တွေ့ရတာကတော့ ထိုင်ခုံခါးပတ်ပဲ။ ထိုင်ခုံခါးပတ်ကို သိပ်မပတ်ကြဘူး။ ဒီတစ်ခေါက်စစ်တဲ့ ယာဉ်လိုင်းကတော့ ထူးထူးခြားခြား လိုင်စင်သက်တမ်းကုန်နေတာတွေ့တယ်။ ဒါကိုလည်း ပို့/ဆက်က ခံဝန်နဲ့ ရုံးကိုခေါ်ထားပါတယ်။”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေညွှန်းကြားမှုဦးစီးဌာနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က ဇန်နဝါရီလအတွင်းမှာ ရွှေရေကန်အေဝးပြေးယာဉ်လိုင်း၊တက်နေဝန်း အေဝးပြေးယာဉ်လိုင်း၊ ဆမ်လောင်အေဝးပြေယာဉ်လိုင်းနှင့် ရွှေတောင်မိုင်းဆတ်အေဝးပြေးယာဉ်လိုင်းတို့ကို စစ်ဆေးပြီးစီးလျှက်ရှိကြောင်းသိရသည်။

စစ်ဆေးသည့်အခါ အဓိကအားဖြင့် လုပ်ငန်းလိုင်စင်စည်းကမ်းနှင့် ညီ မညီ၊ ယာဉ်မောင်း၊ ယာဉ်အကူ နှင့် ယာဉ်လုပ်သားများ အရက်သေစာ သောက်စားထားခြင်းရှိ မရှိ၊မီးသတ်ဆေးဗူး၊ အရေးပေါ်မှန်ခွဲ ပုဆိန် နှင့် အရေးပေါ်ထွက်ပေါက်ပါ မပါ၊ ယာဉ်အကူ ပါ မပါ၊ ယာဉ်မောင်းချိန် (၈)နာရီထက်ကျော်လွန်သော ခရီးစဉ်တွင် ယာဉ်မောင်း (၂)ဦး ပါ မပါ၊ ရောင်ပြန်ပြားပါ မပါ၊ ကားတာယာကောင်း မကောင်း၊ ထိုင်ခုံခါးပတ် ပြည့်စုံမှုရှိ မရှိ၊ယာဉ်မောင်းနှင့် ခရီးသည်များ ထိုင်ခုံခါးပတ် ပတ်ဆင်ထားခြင်းရှိမရှိ စသည်တို့ကို စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~