ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေပးေနသည့္ CNCMC ေကာ္မတီ၏ရံုး တာခ်ီလိတ္တြင္ စတင္ဖြင့္လွစ္

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေပးေနသည့္ CNCMC ေကာ္မတီ၏ရံုး တာခ်ီလိတ္တြင္ စတင္ဖြင့္လွစ္
ဖေဖော်ဝါရီ 12, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ား၏ အခက္အခဲမ်ားႏွင့္ ျပႆနာမ်ားအား ကူညီေျဖရွင္း ေပးေနသည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (CNCMC)၏ ရံုးခန္းအား ႏွစ္(၇၀)ျပည့္ ျပည္ေထာင္စုေန႔တြင္ ဖြင့္လွစ္ရာ တာခ်ီလိတ္ခရိုင္မွ အႀကီးအကဲမ်ား ႏွင့္ ထိုင္းႏိုင္ငံဘက္မွ ၿမိဳ႕နယ္ပိုင္ ႏွင့္ TBC အဖြဲ႔တို႔ တက္ေရာက္လာခဲ့ၾကသည္။

CNCMC ရံုးခန္းအား ဖြင့္လွစ္ရာတြင္ ေကာ္မတီ နာယကမ်ားျဖစ္ႀကသည့္ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်)တာခ်ီလိတ္၊ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္ ႏွင့္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ အပါအ၀င္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ခ်ဴသီေဒ့မီက်န္းတို႔မွ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ ေပးခဲ့ၾကသည္။

အခမ္းအနားတြင္ CNCMC ရံုးျဖစ္ေျမာက္ေရးႏွင့္ အဖက္ဖက္မွ ပံ့ပိုးကူညီလွဴဒါန္းခဲ့ၾကသူမ်ားကို ေကာ္မတီနာယကႀကီးမ်ား ႏွင့္ ဦးစီးေကာ္မတီ ဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ဖြင့္ပြဲအၿပီးတြင္ CNCMC ေကာ္မတီမွ ၂၀၁၃ကစ၍ လုပ္ငန္းေဆာင္ရြက္ခဲ့သည့္ မွတ္တမ္းဓာတ္ပံု ပိုစတာမ်ားကို အခမ္းအနားသို႔ တက္ေရာက္လာႀကသည့္ ျမန္မာ - ထိုင္း အႀကီးအကဲမ်ားႏွင့္ ဧည့္သည္ေတာ္မ်ားအား ျပသခဲ့ၾကသည္။

ယင္းေနာက္ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္လာသည့္ ျမန္မာ - ထိုင္း အႀကီးအကဲမ်ား၊ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔မ်ား ႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားအား တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္းႏွင့္ႏိုင္းႏိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္ မိသားစုမွ ဧည့္ခံေကြ်းေမြးခဲ့ၾကသည္။

CNCMC ရုံးခန္းအား ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚ ( ျမန္မာဘက္ )တြင္ တည္ေဆာက္ဖြင့္လွစ္ထားရွိၿပီး အကူအညီမ်ား လိုအပ္ပါက လာေရာက္ အကူအညီ ေတာင္းခံႏိုင္ေၾကာင္းႏွင့္ ဆက္သြယ္ရန္ ဖုန္းနံပါတ္ ( ထိုင္းဖုန္း - 0850181889 ၊ 0822837478 ၊ 0850388887 ၊ 0897558729 ) မ်ား သို႔ ဆက္သြယ္ အကူအညီေတာင္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

"ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ" Caring and Negotiating Committee for Myanmar Citizens In Mae Sai, Thailand (CNCMC)အား၂၀၁၃ခုႏွစ္ ၾသဂုတ္လ ၂၆ ရက္ေန႔က စတင္၍ ဖြဲ႔စည္းခဲ့ျခင္း ျဖစ္ၿပီး ရံုးအား ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ ႏွစ္(၇၀)ျပည့္ ျပည္ေထာင္စုေန႔တြင္ ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။

သတင္း - ေဇာင္းညီ
ဓာတ္ပံု - ေကာင္းဆက္လင္း ( ဓာတ္ပံု/ဗီဒီယို )


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ၏ အခက်အခဲများနှင့် ပြဿနာများအား ကူညီဖြေရှင်း ပေးနေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)၏ ရုံးခန်းအား နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့တွင် ဖွင့်လှစ်ရာ တာချီလိတ်ခရိုင်မှ အကြီးအကဲများ နှင့် ထိုင်းနိုင်ငံဘက်မှ မြို့နယ်ပိုင် နှင့် TBC အဖွဲ့တို့ တက်ရောက်လာခဲ့ကြသည်။

CNCMC ရုံးခန်းအား ဖွင့်လှစ်ရာတွင် ကော်မတီ နာယကများဖြစ်ကြသည့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက် နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ အပါအဝင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ချူသီဒေ့မီကျန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။

အခမ်းအနားတွင် CNCMC ရုံးဖြစ်မြောက်ရေးနှင့် အဖက်ဖက်မှ ပံ့ပိုးကူညီလှူဒါန်းခဲ့ကြသူများကို ကော်မတီနာယကကြီးများ နှင့် ဦးစီးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဖွင့်ပွဲအပြီးတွင် CNCMC ကော်မတီမှ ၂၀၁၃ကစ၍ လုပ်ငန်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ ပိုစတာများကို အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာ - ထိုင်း အကြီးအကဲများနှင့် ဧည့်သည်တော်များအား ပြသခဲ့ကြသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာ - ထိုင်း အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား တာချီလိတ်မြို့ ဗယ်လင်တိုင်းနှင့်နိုင်းနိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင် မိသားစုမှ ဧည့်ခံကျွေးမွေးခဲ့ကြသည်။

CNCMC ရုံးခန်းအား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် ( မြန်မာဘက် )တွင် တည်ဆောက်ဖွင့်လှစ်ထားရှိပြီး အကူအညီများ လိုအပ်ပါက လာရောက် အကူအညီ တောင်းခံနိုင်ကြောင်းနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် ( ထိုင်းဖုန်း - 0850181889၊ 0822837478၊ 0850388887၊ 0897558729 ) များ သို့ ဆက်သွယ် အကူအညီတောင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ" Caring and Negotiating Committee for Myanmar Citizens In Mae Sai, Thailand (CNCMC)အား၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က စတင်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ရုံးအား ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

သတင်း - ဇောင်းညီ
ဓာတ်ပုံ - ကောင်းဆက်လင်း ( ဓာတ်ပုံ/ဗီဒီယို )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~