တာခ်ီလိတ္ႏွင့္ မယ္ဆိုင္ကုန္သည္အသင္းႏွစ္ခု ပူးေပါင္းကူညီသည့္ စီးပြားျဖစ္ ေကာ္ဖီေဖ်ာ္နည္း ႏွင့္ မုန္႔ဖုတ္နည္းသင္တန္း ၿပီးစီး

တာခ်ီလိတ္ႏွင့္ မယ္ဆိုင္ကုန္သည္အသင္းႏွစ္ခု ပူးေပါင္းကူညီသည့္ စီးပြားျဖစ္ ေကာ္ဖီေဖ်ာ္နည္း ႏွင့္ မုန္႔ဖုတ္နည္းသင္တန္း ၿပီးစီး
ဖေဖော်ဝါရီ 10, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း ကုန္သည္အသင္းမ်ား ပူးေပါင္းကူညီမႈျဖင့္ ဖြင့္လွစ္သည့္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္၊ ခ်င္းဆန္ၿမိဳ႕နယ္ရိွ  ႏိုင္ငံတကာ သက္ေမြး၀မ္းေၾကာင္းဆိုင္ရာဖြံ႕ၿဖိဳးေရးသင္တန္းေက်ာင္းမွ ေကာ္ဖီေဖ်ာ္နည္းႏွင့္မုန္႔ဖုတ္နည္း စီးပြားျဖစ္လုပ္ငန္းဆိုင္ရာသင္တန္းဆင္းပြဲကို ေဖေဖာ္၀ါရီလ (၁၀)ေန႔တြင္က်င္းပသည္။

တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းႏွင့္ ထိုင္းႏိုင္ငံမယ္ဆိုင္ကုန္သည္ႀကီးမ်ားအသင္းတို႔၏ ပူးေပါင္းကူညီမႈျဖင့္ဖြင့္လွစ္သည့္ အဆိုပါ သင္တန္းသို႔ တာခ်ီလိတ္ခရိုင္မွ သင္တန္းသား(၆၀)ဦး တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

သင္တန္းဆင္းလက္မွတ္ေပးပြဲသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ တာ၀န္ရွိသူမ်ား၊၊ ထိုင္းႏိုင္ငံမွ  ခ်င္းရိုင္းခရိုင္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး Mr.Boonyawate Sripoung Jai တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

“အခုသင္တန္းမွာ ဆိုရင္ စာေတြ႕၊ လက္ေတြ႕သင္ၾကားပို႔ခ်တာကေတာ့ မိမိေဒသႏွင့္ သင့္ေလ်ာ္မယ့္ ေကာ္ဖီလုပ္ငန္းဆိုင္ရာ စီးပြားေရးလုပ္ငန္းမ်ားမွာ အသုံးခ်ႏိုင္မွာျဖစ္သလို၊ စိတ္ပါ၀င္စားသူမ်ားကိုလည္း တဆင့္ျပန္လည္ မွ်ေ၀ေပးႏိုင္တဲ့အထိ သင္ယူႏိုင္ခဲ့ပါတယ္။ အေသးစား အလတ္စား စီးပြားေရးလုပ္ငန္း ေတြမွာလည္း ဖြံ႕ၿဖိဳးတိုးတက္ေအာင္ အေထာက္အကူရတဲ့အျပင္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကိုလည္း တည္တံ့ေစပါတယ္”ဟု အဆိုပါသင္တန္းတက္ေရာက္ခဲ့သူ တာခ်ီလိတ္လူငယ္ကြန္ယက္အဖြဲ႕မွ မေမဇာျခည္လင္းက အဆိုပါ သင္တန္းဆင္းပြဲတြင္ ေျပာသည္။

အဆိုပါ သင္တန္းတြင္ ႏိုင္ငံတကာအဆင့္မီ သင္တန္းပို႔ခ်နည္းစနစ္မ်ားျဖင့္ ထုိင္းႏုိင္ငံတြင္ လက္ရွိ ေအာင္ျမင္ေနေသာ ေကာ္ဖီလုပ္ငန္းရွင္မ်ား၏ စာေတြ႕၊လက္ေတြ႕ ေဆြးေႏြးပုိ႔ခ်မႈမ်ား ပါဝင္ေၾကာင္း သိရသည္။

“သင္ၾကားမႈေတြက ေကာင္းတယ္။ အခက္အခဲကေတာ့ ဘာသာစကားပါပဲ။ ဆရာဖက္က (၁၀၀)ေလာက္ သင္ၾကားပို႔ခ်ရင္ စကားျပန္ဆီ (၈၀)ေလာက္၀င္မယ္။ စကားျပန္ကေန သင္တန္းသားေတြဆီ (၅၀) (၆၀) ေလာက္ပဲ နားလည္မွာ။ ဘာသာစကားေပါက္တဲ့သူအတြက္ေတာ့ အဆင္ေျပပါတယ္။ ေနာက္တစ္ေခါက္ သင္တန္း လုပ္ျဖစ္ရင္လည္း ဆက္တက္အုံးမွာပါ”ဟု သင္တန္းတက္ေရာက္ခဲ့သူ ကိုစတီဗင္ ကေျပာသည္။

တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ကုန္သည္ႀကီးမ်ားအသင္းတို႔က ၀ိုင္း၀န္းကူညီေထာက္ပံ့ခဲ့သည့္ အဆိုပါ သင္တန္းကို ေဖေဖာ္၀ါရီလ (၆)ေန႔မွ (၁၀)ရက္ေန႔အထိ (၅)ရက္ၾကာပို႔ခ်ခဲ့ၿပီး တာခ်ီလိတ္ခရိုင္အတြင္းရွိ ပုဂၢလိကလုပ္ငန္းရွင္မ်ား ၊ လူမႈေရးအသင္းအဖြဲ႕အစည္းတို႔ အျပင္ ေတာင္ၾကီး ၊မႏၱေလးတို႔မွ သင္တန္းသားမ်ားလည္း တက္ေရာက္ခဲ့ၾကျခင္းျဖစ္သည္။

တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းႏွင့္ ထိုင္းႏိုင္ငံမယ္ဆိုင္ကုန္သည္ၾကီးမ်ားအသင္းတို႔မွ အလားတူသင္တန္းမ်ား ထပ္မံဖြင့္လွစ္ႏုိင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း ကုန်သည်အသင်းများ ပူးပေါင်းကူညီမှုဖြင့် ဖွင့်လှစ်သည့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ ချင်းဆန်မြို့နယ်ရှိ နိုင်ငံတကာ သက်မွေးဝမ်းကြောင်းဆိုင်ရာဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကော်ဖီဖျော်နည်းနှင့်မုန့်ဖုတ်နည်း စီးပွားဖြစ်လုပ်ငန်းဆိုင်ရာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ (၁၀)နေ့တွင်ကျင်းပသည်။

တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံမယ်ဆိုင်ကုန်သည်ကြီးများအသင်းတို့၏ ပူးပေါင်းကူညီမှုဖြင့်ဖွင့်လှစ်သည့် အဆိုပါ သင်တန်းသို့ တာချီလိတ်ခရိုင်မှ သင်တန်းသား(၆၀)ဦး တက်ရောက်ခဲ့ခြင်းဖြစ်သည်။

သင်တန်းဆင်းလက်မှတ်ပေးပွဲသို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Boonyawate Sripoung Jai တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

“အခုသင်တန်းမှာ ဆိုရင် စာတွေ့၊ လက်တွေ့သင်ကြားပို့ချတာကတော့ မိမိဒေသနှင့် သင့်လျော်မယ့် ကော်ဖီလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများမှာ အသုံးချနိုင်မှာဖြစ်သလို၊ စိတ်ပါဝင်စားသူများကိုလည်း တဆင့်ပြန်လည် မျှေဝပေးနိုင်တဲ့အထိ သင်ယူနိုင်ခဲ့ပါတယ်။ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်း တွေမှာလည်း ဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူရတဲ့အပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုလည်း တည်တံ့စေပါတယ်”ဟု အဆိုပါသင်တန်းတက်ရောက်ခဲ့သူ တာချီလိတ်လူငယ်ကွန်ယက်အဖွဲ့မှ မမေဇာခြည်လင်းက အဆိုပါ သင်တန်းဆင်းပွဲတွင် ပြောသည်။

အဆိုပါ သင်တန်းတွင် နိုင်ငံတကာအဆင့်မီ သင်တန်းပို့ချနည်းစနစ်များဖြင့် ထိုင်းနိုင်ငံတွင် လက်ရှိ အောင်မြင်နေသော ကော်ဖီလုပ်ငန်းရှင်များ၏ စာတွေ့၊လက်တွေ့ ဆွေးနွေးပို့ချမှုများ ပါဝင်ကြောင်း သိရသည်။

“သင်ကြားမှုတွေက ကောင်းတယ်။ အခက်အခဲကတော့ ဘာသာစကားပါပဲ။ ဆရာဖက်က (၁၀၀)လောက် သင်ကြားပို့ချရင် စကားပြန်ဆီ (၈၀)လောက်ဝင်မယ်။ စကားပြန်ကနေ သင်တန်းသားတွေဆီ (၅၀) (၆၀) လောက်ပဲ နားလည်မှာ။ ဘာသာစကားပေါက်တဲ့သူအတွက်တော့ အဆင်ပြေပါတယ်။ နောက်တစ်ခေါက် သင်တန်း လုပ်ဖြစ်ရင်လည်း ဆက်တက်အုံးမှာပါ”ဟု သင်တန်းတက်ရောက်ခဲ့သူ ကိုစတီဗင် ကပြောသည်။

တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ကုန်သည်ကြီးများအသင်းတို့က ဝိုင်းဝန်းကူညီထောက်ပံ့ခဲ့သည့် အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ (၆)နေ့မှ (၁၀)ရက်နေ့အထိ (၅)ရက်ကြာပို့ချခဲ့ပြီး တာချီလိတ်ခရိုင်အတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့အစည်းတို့ အပြင် တောင်ကြီး၊မန္တလေးတို့မှ သင်တန်းသားများလည်း တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံမယ်ဆိုင်ကုန်သည်ကြီးများအသင်းတို့မှ အလားတူသင်တန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~