တာခ်ီလိတ္တြင္ ကား/ဆိုင္ကယ္ေမာင္းသူမ်ား အရက္ေသာက္ထားျခင္းႏွင့္ ကားထိုင္ခံု ခါးပတ္ထားျခင္း ရွိမရွိအျပင္ ဆိုင္ကယ္ဦးထုပ္ေဆာင္းျခင္း ရွိမရွိကို ကညန ႏွင့္ ယာဥ္ထိန္းအပါအ၀င္ ပူးေပါင္းအဖြဲ႔မွ စစ္ေဆး

တာခ်ီလိတ္တြင္ ကား/ဆိုင္ကယ္ေမာင္းသူမ်ား အရက္ေသာက္ထားျခင္းႏွင့္ ကားထိုင္ခံု ခါးပတ္ထားျခင္း ရွိမရွိအျပင္ ဆိုင္ကယ္ဦးထုပ္ေဆာင္းျခင္း ရွိမရွိကို ကညန ႏွင့္ ယာဥ္ထိန္းအပါအ၀င္ ပူးေပါင္းအဖြဲ႔မွ စစ္ေဆး
ဖေဖော်ဝါရီ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ - က်ိဳင္းတုံသြားလမ္း  တာခ်ီလိတ္ၿမိဳ႕အ၀င္အနီးနား၌ သက္ဆိုင္ရာပူးေပါင္းအဖြဲ႕တို႔မွ လမ္းသြားလမ္းလာ ယာဥ္ေမာင္းမ်ားအား အသက္ေဘးကင္းစြာ သြားလာႏိုင္ေရးအတြက္ အသိပညာေပးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီလ (၂)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမွဴး ဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴး ဦးေသာင္းျမင့္၊ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္) ႏွင့္ ပို႔/ဆက္တို႔ ပါ၀င္သည့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔မွ အသက္ကယ္ထိုင္ခံု ခါးပတ္ ပတ္ရန္  ၊ ဆိုင္ကယ္ဦးထုပ္ ေဆာင္ရန္ ႏွင့္ ယာဥ္ေမာင္းေနစဥ္ အရက္ေသစာ မေသာက္စားရန္ စသည္တို႔ကို လမ္းသြားလမ္းလာ ယာဥ္ေမာင္းမ်ားအား စစ္ေဆးမႈမ်ားျပဳလုပ္ကာ အသိပညာေပးၾကျခင္း ျဖစ္သည္။

“အခုက အေရးယူမႈေတာ့ မလုပ္ပါဘူး။ အဓိကကေတာ့ ခါးပတ္ေတြ ပတ္ေအာင္ ၊ ယာဥ္ေမာင္း အရက္ေသစာ မေသာက္စားထားေအာင္ အယ္ကိုေဟာ Test မ်ားနဲ႔ စစ္ေဆးၿပီး အသိပညာေပးတယ္။ ယာဥ္ေမာင္းလိုင္စင္ မပါတာတို႔ ၊ လိုင္စင္ (က) (ခ) လြဲၿပီး ယာဥ္ေမာင္းေနတဲ့ သူေတြကိုေတာ့ ယာဥ္ထိန္းကေတာ့ ဒဏ္ရိုက္ပါတယ္။”ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမွဴး ဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

တာခ်ီလိတ္ - က်ိဳင္းတုံသြားလမ္း  တာခ်ီလိတ္ၿမိဳ႕အ၀င္ အနီးနား၌ နံနက္ (၈)နာရီခြဲမွ (၁၀)နာရီအခ်ိန္ထိ ပူးေပါင္းအဖြဲ႕တို႔မွ ကား(၅၅)စီး ႏွင့္ ဆိုင္ကယ္(၁၅)စီးတို႔ကို  အသက္ကယ္ခါးပတ္ ၊ ဆိုင္ကယ္ဦးထုပ္ ၊ယာဥ္ေမာင္းလိုင္စင္ ၊ အယ္လ္ကိုေဟာ Test မ်ား စစ္ေဆးခဲ့ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် - ကျိုင်းတုံသွားလမ်း တာချီလိတ်မြို့အဝင်အနီးနား၌ သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ လမ်းသွားလမ်းလာ ယာဉ်မောင်းများအား အသက်ဘေးကင်းစွာ သွားလာနိုင်ရေးအတွက် အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်) နှင့် ပို့/ဆက်တို့ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အသက်ကယ်ထိုင်ခုံ ခါးပတ် ပတ်ရန်၊ ဆိုင်ကယ်ဦးထုပ် ဆောင်ရန် နှင့် ယာဉ်မောင်းနေစဉ် အရက်သေစာ မသောက်စားရန် စသည်တို့ကို လမ်းသွားလမ်းလာ ယာဉ်မောင်းများအား စစ်ဆေးမှုများပြုလုပ်ကာ အသိပညာပေးကြခြင်း ဖြစ်သည်။

“အခုက အရေးယူမှုတော့ မလုပ်ပါဘူး။ အဓိကကတော့ ခါးပတ်တွေ ပတ်အောင်၊ ယာဉ်မောင်း အရက်သေစာ မသောက်စားထားအောင် အယ်ကိုဟော Test များနဲ့ စစ်ဆေးပြီး အသိပညာပေးတယ်။ ယာဉ်မောင်းလိုင်စင် မပါတာတို့၊ လိုင်စင် (က) (ခ) လွဲပြီး ယာဉ်မောင်းနေတဲ့ သူတွေကိုတော့ ယာဉ်ထိန်းကတော့ ဒဏ်ရိုက်ပါတယ်။”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

တာချီလိတ် - ကျိုင်းတုံသွားလမ်း တာချီလိတ်မြို့အဝင် အနီးနား၌ နံနက် (၈)နာရီခွဲမှ (၁၀)နာရီအချိန်ထိ ပူးပေါင်းအဖွဲ့တို့မှ ကား(၅၅)စီး နှင့် ဆိုင်ကယ်(၁၅)စီးတို့ကို အသက်ကယ်ခါးပတ်၊ ဆိုင်ကယ်ဦးထုပ်၊ယာဉ်မောင်းလိုင်စင်၊ အယ်လ်ကိုဟော Test များ စစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~