တာခ်ီလိတ္မွ အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ကိုင္သူမ်ားအတြက္ ရက္တိုသင္တန္းမ်ား ေက်းရြာမ်ားအထိ ဖြင့္မည္

တာခ်ီလိတ္မွ အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ကိုင္သူမ်ားအတြက္ ရက္တိုသင္တန္းမ်ား ေက်းရြာမ်ားအထိ ဖြင့္မည္
ဖေဖော်ဝါရီ 23, 2017
By Tachileik News Agency

ျမန္မာနိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲက ေဒသတြင္း အိမ္ၿခံေျမ ဝန္ေဆာင္မႈ လုပ္ကိုင္သူမ်ား ဥပေဒလုပ္ထံုးလုပ္နည္းဆိိုင္ရာ ရက္တိုသင္တန္းမ်ား ဖြင့္လွစ္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

“အိမ္ၿခံေျမရဲ႕လုပ္ထံုးလုပ္နည္းေတြ အသိပညာနည္းလို႔ လုပ္မွားကိုင္မွားျဖစ္တာေတြေၾကာင့္ အိမ္ၿခံေျမေစ်းကြက္ ထိခိုက္တယ္လို႔ ယူဆပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အိမ္ၿခံေျမအသင္းက ႀကီးမွဴးၿပီးေတာ့ လုပ္ထံုးလုပ္နည္းဆိိုင္ရာ ရက္တိုသင္တန္းေတြေပးဖို႔ ၿမိဳ႕နယ္ခြဲေတြ၊ ေက်းရြာေတြအထိ လုပ္ေဆာင္သြားဖို႔ ရည္ရြယ္ထားပါတယ္”ဟု ျမန္မာႏုိင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲ ဥကၠဌ ဦးဝင္းေက်ာ္က ေျပာသည္။

ျမန္မာႏုိင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲအတြက္ သက္တမ္းသံုးႏွစ္ တာဝန္ထမ္းေဆာင္ရမည့္ အဖြဲ႕ဝင္ (၁၀)ဦးပါသည့္ အလုပ္အမႈေဆာင္အဖြဲ႕သစ္အား ေဖေဖၚဝါရီလ (၂၃) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ရွိ (၂၉) စားေသာက္ဆိုင္တြင္ အခမ္းအနားျပဳလုပ္ကာ ေရြးခ်ယ္တင္ေျမႇာက္ လိုက္ျခင္းျဖစ္ၿပီး ယခင္အလုပ္အမႈေဆာင္အဖြဲ႕ဝင္ေဟာင္း (၃)ဦး ျပန္လည္ေရြးခ်ယ္ခံရကာ အဖြဲ႕ဝင္ေဟာင္း (၂) ဦးက နာယကအဖြဲ႕တြင္ ျပန္လည္ပါဝင္ေၾကာင္း သိရသည္။

 “အရင္ကေတာ့ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္းေရြးေကာက္ပြဲဆိုေပမဲ့ ကၽြန္ေတာ္တုိ႔ အိမ္ၿခံေျမဝန္ေဆာင္မႈ ေလာကက သိပ္မသိလုိက္ဘူး။ ကားေလာကနဲ႔ သြင္းကုန္ထုတ္ကုန္ပုဂၢိဳလ္ေတြက ျမန္မာႏုိင္ငံ အိမ္ၿခံေျမ ဝန္ေဆာင္မႈ အသင္းနဲ႔ ခ်ိတ္ဆက္မိၿပီး ဖြဲ႕ျဖစ္သြားတာပါ။ အခု ဒုတိယအႀကိမ္မွာေတာ့ အိမ္ၿခံေျမ ဝန္ေဆာင္မႈ လုပ္ေဆာင္သူေတြ စုစည္းၿပီး ေရြးခ်ယ္ႏုိင္ခဲ့တာပါ”ဟု ဦးဝင္းေက်ာ္က ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္းမွ အသင္းဝင္ (၆၀) ေက်ာ္ရိွေနသည့္ ျမန္မာႏုိင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲ၏ အသစ္ေရြးခ်ယ္ တင္ေျမႇာက္လုိက္သည့္ အလုပ္အမႈေဆာင္အဖြဲ႕တြင္ ဥကၠဌအျဖစ္ ဦးဝင္းေက်ာ္၊ အတြင္းေရးမွဴး အျဖစ္ ေဒၚမိုးမိုးစံ၊ တြဲဘက္အတြင္းေရးမွဴးအျဖစ္ ဦးထြန္းျမင့္၊ ဘ႑ာေရးမွဴးအျဖစ္ ေဒၚနန္းစင္၊ တြဲဘက္ဘ႑ာေရးမွဴးအျဖစ္ ေဒၚနန္းႏြန္း၊ စာရင္းစစ္အျဖစ္ ဦးသိန္းဝင္း၊ အဖြဲ႔ဝင္မ်ား အျဖစ္ ေစာနႏၵာထြန္း၊ ေဒၚညိဳမာ၊ ဦးရဲျမင့္၊ ဦးစိုးေအာင္၊ ဦးထြန္းထြန္းႏိုင္၊ အရန္အျဖစ္ ဦးျမင့္ေအာင္တို႔အား ေရြးခ်ယ္တင္ေျမႇာက္ထားေၾကာင္း သိရသည္။

အဆိုပါအဖြဲ႔၏ နာယကမ်ားအျဖစ္ ဦးေဌးဝင္း၊ ဦးညီညီ၊ ဦးစံသိန္း၊ ဦးျမင့္သိန္းႏွင့္ ေဒၚၾကည္ၾကည္သန္းတို႔က ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲက ဒေသတွင်း အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ကိုင်သူများ ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ ရက်တိုသင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။

“အိမ်ခြံမြေရဲ့လုပ်ထုံးလုပ်နည်းတွေ အသိပညာနည်းလို့ လုပ်မှားကိုင်မှားဖြစ်တာတွေကြောင့် အိမ်ခြံမြေဈေးကွက် ထိခိုက်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အိမ်ခြံမြေအသင်းက ကြီးမှူးပြီးတော့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ရက်တိုသင်တန်းတွေပေးဖို့ မြို့နယ်ခွဲတွေ၊ ကျေးရွာတွေအထိ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်”ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲ ဥက္ကဌ ဦးဝင်းကျော်က ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲအတွက် သက်တမ်းသုံးနှစ် တာဝန်ထမ်းဆောင်ရမည့် အဖွဲ့ဝင် (၁၀)ဦးပါသည့် အလုပ်အမှုဆောင်အဖွဲ့သစ်အား ဖေဖော်ဝါရီလ (၂၃) ရက်နေ့က တာချီလိတ်မြို့ရှိ (၂၉) စားသောက်ဆိုင်တွင် အခမ်းအနားပြုလုပ်ကာ ရွေးချယ်တင်မြှောက် လိုက်ခြင်းဖြစ်ပြီး ယခင်အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း (၃)ဦး ပြန်လည်ရွေးချယ်ခံရကာ အဖွဲ့ဝင်ဟောင်း (၂) ဦးက နာယကအဖွဲ့တွင် ပြန်လည်ပါဝင်ကြောင်း သိရသည်။

 “အရင်ကတော့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရွေးကောက်ပွဲဆိုပေမဲ့ ကျွန်တော်တို့ အိမ်ခြံမြေဝန်ဆောင်မှု လောကက သိပ်မသိလိုက်ဘူး။ ကားလောကနဲ့ သွင်းကုန်ထုတ်ကုန်ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းနဲ့ ချိတ်ဆက်မိပြီး ဖွဲ့ဖြစ်သွားတာပါ။ အခု ဒုတိယအကြိမ်မှာတော့ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ဆောင်သူတွေ စုစည်းပြီး ရွေးချယ်နိုင်ခဲ့တာပါ”ဟု ဦးဝင်းကျော်က ပြောသည်။

တာချီလိတ်ခရိုင်အတွင်းမှ အသင်းဝင် (၆၀) ကျော်ရှိနေသည့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲ၏ အသစ်ရွေးချယ် တင်မြှောက်လိုက်သည့် အလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဌအဖြစ် ဦးဝင်းကျော်၊ အတွင်းရေးမှူး အဖြစ် ဒေါ်မိုးမိုးစံ၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဦးထွန်းမြင့်၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းစင်၊ တွဲဘက်ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းနွန်း၊ စာရင်းစစ်အဖြစ် ဦးသိန်းဝင်း၊ အဖွဲ့ဝင်များ အဖြစ် စောနန္ဒါထွန်း၊ ဒေါ်ညိုမာ၊ ဦးရဲမြင့်၊ ဦးစိုးအောင်၊ ဦးထွန်းထွန်းနိုင်၊ အရန်အဖြစ် ဦးမြင့်အောင်တို့အား ရွေးချယ်တင်မြှောက်ထားကြောင်း သိရသည်။

အဆိုပါအဖွဲ့၏ နာယကများအဖြစ် ဦးဌေးဝင်း၊ ဦးညီညီ၊ ဦးစံသိန်း၊ ဦးမြင့်သိန်းနှင့် ဒေါ်ကြည်ကြည်သန်းတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~