တာချီလိတ်မှ တယ်လီနော အသုံးပြုသူများအတွက် အခမဲ့ မှတ်ပုံတင်ပေးခြင်းအဖြစ် ရှမ်းရိုးမကွင်းအတွင်း ဆောင်ရွက်ပေးနေ

တာချီလိတ်မှ တယ်လီနော အသုံးပြုသူများအတွက် အခမဲ့ မှတ်ပုံတင်ပေးခြင်းအဖြစ် ရှမ်းရိုးမကွင်းအတွင်း ဆောင်ရွက်ပေးနေ
ဇနျနဝါရီ 11, 2017
By Tachileik News Agency

တာချီလိတ်တွင်  တယ်လီနော(Telenor)ဆင်းကဒ် အသုံးပြုသူများအား အခမဲ့ မှတ်ပုံတင်ပေးခြင်းအဖြစ် ဖေဖော်ဝါရီလ အတွင်း ရပ်ကွက်များတွင် သွားရောက်၍ မှတ်ပုံတင်ပေးခြင်းများကို ပြုလုပ်ပေးမည်ဖြစ်ပြီး Viber အသုံးပြုသူများ အနေဖြင့်လည်း Viber ကတဆင့် မှတ်ပုံတင်နိုင်မှာ ဖြစ်ကြောင်း  တာချီလိတ်မြို့ တယ်လီနောကိုယ်စားလှယ်ရုံးမှ သိရသည်။


လက်ရှိတွင် တာချီလိတ်၌ တယ်လီနော(Telenor)ဆင်းကဒ်များကို လာရောက်၍ မှတ်ပုံတင်ထားရှိသည်မှာ သုံးစွဲသူ (၃၀%)၀န်းကျင်ရှိနေပြီး ဆက်လက်၍လည်း တယ်လီနော(Telenor)ဆင်းကဒ် အသုံးပြုသူများ အနေဖြင့် မတ်လ(၃၁)ရက်နေ့ မတိုင်ခင်အချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ Telenor Show Roomတွင်လည်း လာရောက်၍ မှတ်ပုံတင်ခြင်းအဖြစ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများအနေဖြင့် MPT၊ Telenor နှင့် ooredooများကို အသုံးပြုလုပ်လျှက်ရှိရာ သက်ဆိုင်ရာ ကုမ္ပဏီများက ဆင်းကဒ်များ မှတ်ပုံတင်ထားရှိရေးအတွက် အခမဲ့ ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း နှင့် မှတ်ပုံတင်ရမည့် နောက်ဆုံး သတ်မှတ်ရက်မှာ ၂၀၁၇ခုနှစ် မတ်လ(၃၁)ရက်နေ့ ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇောင်းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် တယ်လီနော(Telenor)ဆင်းကဒ် အသုံးပြုသူများအား အခမဲ့ မှတ်ပုံတင်ပေးခြင်းအဖြစ် ဖေဖော်ဝါရီလ အတွင်း ရပ်ကွက်များတွင် သွားရောက်၍ မှတ်ပုံတင်ပေးခြင်းများကို ပြုလုပ်ပေးမည်ဖြစ်ပြီး Viber အသုံးပြုသူများ အနဖြေင့်လည်း Viber ကတဆင့် မှတ်ပုံတင်နိုင်မှာ ဖြစ်ကြောင်း တာချီလိတ်မြို့ တယ်လီနောကိုယ်စားလှယ်ရုံးမှ သိရသည်။

"Viber မှ တဆင့် 09768046158၊ 09775263247၊ 09775263246 နံပါတ်တွေကို မိမိဖုန်းနံပါတ်၊ မှတ်ပုံတင်၊ ယာဉ်မောင်း လိုင်စင်၊ ကျောင်းသားကဒ် တခုခုကို ရှေ့နောက်ဓာတ်ပုံရိုက်ပြီး ပေးပို့ပြီး မှတ်ပုံတင် နိုင်ပါတယ်"ဟု တာချီလိတ်မြို့ တယ်လီနောကိုယ်စားလှယ်ရုံးတာဝန်ခံ ကို စိုင်းထွေးဟန်က ပြောသည်။

လက်ရှိတွင် တာချီလိတ်၌ တယ်လီနော(Telenor)ဆင်းကဒ်များကို လာရောက်၍ မှတ်ပုံတင်ထားရှိသည်မှာ သုံးစွဲသူ (၃၀%)ဝန်းကျင်ရှိနပြေီး ဆက်လက်၍လည်း တယ်လီနော(Telenor)ဆင်းကဒ် အသုံးပြုသူများ အနဖြေင့် မတ်လ(၃၁)ရက်နေ့ မတိုင်ခင်အချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ Telenor Show Roomတွင်လည်း လာရောက်၍ မှတ်ပုံတင်ခြင်းအဖြစ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဖေဖော်ဝါရီလ (၁)လလုံး အိမ်တိုင်ရာရောက် သွားမှာပါ၊ ရပ်ကွက်ရုံးတွေမှာလည်း လုပ်ပေး သွားမှာဖြစ်သလို၊ မနက်ပိုင်းမှာလည်း လူစည်ကားတဲ့ ရပ်ကွက်ထဲက ဈေးတွေမှာလည်း လုပ်ပေးသွားမှာပါ၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာတော့ ပုန်းထွန်ရပ်ကွက်ထဲမှာ အရင်စမှာပါ"ဟု၎င်းက ဆက်ပြောသည်။

တာချီလိတ်မြို့တွင် ဆက်သွယ်ရေး တယ်လီဖုန်းလို်င်းများအနဖြေင့် MPT၊ Telenor နှင့် ooredooများကို အသုံးပြုလုပ်လျှက်ရှိရာ သက်ဆိုင်ရာ ကုမ္ပဏီများက ဆင်းကဒ်များ မှတ်ပုံတင်ထားရှိရေးအတွက် အခမဲ့ ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း နှင့် မှတ်ပုံတင်ရမည့် နောက်ဆုံး သတ်မှတ်ရက်မှာ ၂၀၁၇ခုနှစ် မတ်လ(၃၁)ရက်နေ့ ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~