မိုင္းေယာင္းတြင္ ညီအစ္ကိုခ်င္း စကားမ်ားရာမွ ဓါးျဖင့္ထိုး၍ ညီေသဆံုး

မိုင္းေယာင္းတြင္ ညီအစ္ကိုခ်င္း စကားမ်ားရာမွ ဓါးျဖင့္ထိုး၍ ညီေသဆံုး
ဇန်နဝါရီ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းရွိ (၁၉)မိုင္ေက်ာက္ခြဲစခန္းတြင္ ဇန္န၀ါရီလ(၁၈)ရက္ေန႔အကူး အေစာပိုင္းအခ်ိန္က ညီအစ္ကိုခ်င္း စကားမ်ားရာမွ လူသတ္မႈအထိ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ရဲစခန္း၊ စခန္းမွဴး ဒုရဲမွဴးခင္ေမာင္ေဌးႏွင့္အဖြဲ႔သည္ မိုင္းျဖတ္ျပည္သူ႔ေဆးရံုတြင္ ဒဏ္ရာျဖင့္ ေသဆံုးေနသည့္ အေလာင္း တစ္ေလာင္း ေရာက္ရွိေနေၾကာင္း သတင္းရရွိသျဖင့္ သြားေရာက္ စစ္ေဆးရာမွ ေသဆံုးသူမွာအသက္(၂၃)ႏွစ္ရွိ ရန္ႏိုင္စိုး ျဖစ္ေနၿပီး ၎၏ ေက်ာကုန္း ၀ဲဘက္ျခမ္းတြင္ ထိုးသြင္းဒဏ္ရာ (၁)ခ်က္ရရွိကာ ေသဆံုးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ မိုင္းျဖတ္ရဲစခန္းမွ မိုင္းေယာင္းရဲစခန္းသို႔ ဆက္သြယ္ အေၾကာင္းၾကားလိုက္ၿပီးေနာက္ ေသဆံုးသူႏွင့္ ပတ္သက္၍ စံုစမ္းရာ ညီျဖစ္သူ၏ အေလာင္းအား လာေရာက္၍ ေဆးရံုသို႔ ပို႔ေဆာင္ရာတြင္ ပါလာသည့္ အစ္ကိုျဖစ္သူ အသက္(၂၅)ႏွစ္ရွိ ဇင္ပိုင္စိုးသည္ မိုင္းေယာင္းၿမိဳ႕နယ္၊ ဖတၱဴရြာအနီး၊ (၁၉)မိုင္ေက်ာက္ခြဲစက္ေနထိုင္သူျဖစ္ၿပီး ၎သည္ ညီျဖစ္သူအား ဆံုးမရာမွ ယခုလို ျဖစ္ပြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူ၏ အစ္ကိုျဖစ္သူ ဇင္ပိုင္စိုးအား မိုင္းျဖတ္ရဲစခန္းသို႔ ယေန႔ ဇန္န၀ါရီလ(၁၈)ရက္ေန႔ နံနက္ပိုင္းက ေခၚယူစစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ၎မွ ညီျဖစ္သူအား ေျပာဆိုဆံုးမစဥ္ ညီျဖစ္သူမွ ၎အား ၀ါးတုတ္ျဖင့္ ေျပးလာရိုက္သျဖင့္ ခါးတြင္ အသင့္ခ်ိတ္ထားသည့္ ဓားဦးခြ်န္ျဖင့္ (၁)ခ်က္ထိုးမိခဲ့သည္ကို ထြက္ဆိုေၾကာင္း သိရသည္။

"သတ္တဲ့လူကိုေတာ့ မိုင္းေယာင္းရဲစခန္းကို လႊဲေပးလိုက္တယ္လို႔ သိရပါတယ္။ အခု ကြ်န္ေတာ္တို႔ ေသဆံုးသူရဲ႕ အေလာင္းကို အခု ညေန (၆)နာရီမွာပဲ သၿဂဳႋလ္ေပးလိုက္ပါတယ္"ဟု မိုင္းျဖတ္ၿမိဳ႕ရွိ သဂၤဟ လူမႈကူညီေရးအသင္း ဥကၠဌ ဦးလွေမာင္သာက ေျပာသည္။

လူသတ္တရားခံ ဟု သိရွိရသူ ဇင္ပိုင္စိုးအား မိုင္းျဖတ္ၿမိဳ႕နယ္ရဲစခန္း၊ စခန္းမွဴး ဒုရဲမွဴးခင္ေမာင္ေဌးက မိုင္းေယာင္းစခန္းမွဴး ဒုရဲမွဴးစံလင္းႏွင့္အဖြဲ႔သို႔ ညေန(၄)နာရီ (၄၅)မိနစ္၀န္းက်င္က လြႊဲေျပာင္းေပးလိုက္ၿပီး မိုင္းေယာင္းရဲစခန္းအတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း / ဓာတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းရှိ (၁၉)မိုင်ကျောက်ခွဲစခန်းတွင် ဇန်နဝါရီလ(၁၈)ရက်နေ့အကူး အစောပိုင်းအချိန်က ညီအစ်ကိုချင်း စကားများရာမှ လူသတ်မှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်ရဲစခန်း၊ စခန်းမှူး ဒုရဲမှူးခင်မောင်ဌေးနှင့်အဖွဲ့သည် မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်း တစ်လောင်း ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သွားရောက် စစ်ဆေးရာမှ သေဆုံးသူမှာအသက်(၂၃)နှစ်ရှိ ရန်နိုင်စိုး ဖြစ်နပြေီး၎င်း၏ ကျောကုန်း ဝဲဘက်ခြမ်းတွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ သေဆုံးနခြေင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မိုင်းဖြတ်ရဲစခန်းမှ မိုင်းယောင်းရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားလိုက်ပြီးနောက် သေဆုံးသူနှင့် ပတ်သက်၍ စုံစမ်းရာ ညီဖြစ်သူ၏ အလောင်းအား လာရောက်၍ ဆေးရုံသို့ ပို့ဆောင်ရာတွင် ပါလာသည့် အစ်ကိုဖြစ်သူ အသက်(၂၅)နှစ်ရှိ ဇင်ပိုင်စိုးသည် မိုင်းယောင်းမြို့နယ်၊ ဖတ္တူရွာအနီး၊ (၁၉)မိုင်ကျောက်ခွဲစက်နေထိုင်သူဖြစ်ပြီး၎င်းသည် ညီဖြစ်သူအား ဆုံးမရာမှ ယခုလို ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဇင်ပိုင်စိုးအား မိုင်းဖြတ်ရဲစခန်းသို့ ယနေ့ ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ရာတွင်၎င်းမှ ညီဖြစ်သူအား ပြောဆိုဆုံးမစဉ် ညီဖြစ်သူမှ၎င်းအား ဝါးတုတ်ဖြင့် ပြေးလာရိုက်သဖြင့် ခါးတွင် အသင့်ချိတ်ထားသည့် ဓားဦးချွန်ဖြင့် (၁)ချက်ထိုးမိခဲ့သည်ကို ထွက်ဆိုကြောင်း သိရသည်။

"သတ်တဲ့လူကိုတော့ မိုင်းယောင်းရဲစခန်းကို လွှဲပေးလိုက်တယ်လို့ သိရပါတယ်။ အခု ကျွန်တော်တို့ သေဆုံးသူရဲ့ အလောင်းကို အခု ညနေ (၆)နာရီမှာပဲ သင်္ဂြိုလ်ပေးလိုက်ပါတယ်"ဟု မိုင်းဖြတ်မြို့ရှိ သဂငှ် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာက ပြောသည်။

လူသတ်တရားခံ ဟု သိရှိရသူ ဇင်ပိုင်စိုးအား မိုင်းဖြတ်မြို့နယ်ရဲစခန်း၊ စခန်းမှူး ဒုရဲမှူးခင်မောင်ဌေးက မိုင်းယောင်းစခန်းမှူး ဒုရဲမှူးစံလင်းနှင့်အဖွဲ့သို့ ညနေ(၄)နာရီ (၄၅)မိနစ်ဝန်းကျင်က လွှဲပြောင်းပေးလိုက်ပြီး မိုင်းယောင်းရဲစခန်းအတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း / ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~