ခရီးသြားျပည္သူမ်ား အသက္ေဘးအႏၱရာယ္လံုၿခံဳေရးအတြက္ ကညန အပါအ၀င္ ပူးေပါင္းအဖြဲ႔မွ ဒုတိယပတ္အျဖစ္ စစ္ေဆးမႈမ်ား ျပဳလုပ္

ခရီးသြားျပည္သူမ်ား အသက္ေဘးအႏၱရာယ္လံုၿခံဳေရးအတြက္ ကညန အပါအ၀င္ ပူးေပါင္းအဖြဲ႔မွ ဒုတိယပတ္အျဖစ္ စစ္ေဆးမႈမ်ား ျပဳလုပ္
ဇန်နဝါရီ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္  ခရီးသြားျပည္သူမ်ား အသက္ေဘးအႏၱရာယ္ လုံျခံဳေစေရးအတြက္ အေ၀းေျပးယာဥ္လိုင္းမ်ားအား ကုန္းလမ္းပို႔ေဆာင္ေရညႊန္းၾကားမႈဦးစီးဌာႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႕တို႔မွ ဒုတိယအၾကိမ္ စစ္ေဆးမႈျပဳလုပ္ေၾကာင္းသိရသည္။

တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမွဴး ဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴး ဦးေသာင္းျမင့္၊ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္) ႏွင့္ ပို႔/ဆက္တို႔ ပါ၀င္သည့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔မွ ဇန္န၀ါရီလ (၁၁)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ ဆမ္ေလာင္ ကားဂိတ္တြင္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

စစ္ေဆးသည့္အခါ အဓိကအားျဖင့္ လုပ္ငန္းလိုင္စင္စည္းကမ္းႏွင့္ ညီ မညီ ၊ ယာဥ္ေမာင္း၊ ယာဥ္အကူ ႏွင့္ ယာဥ္လုပ္သားမ်ား အရက္ေသစာ ေသာက္စားထားျခင္းရွိ မရွိ ၊မီးသတ္ေဆးဗူး၊ အေရးေပၚမွန္ခြဲ ပုဆိန္ ႏွင့္ အေရးေပၚထြက္ေပါက္ပါ မပါ ၊ ယာဥ္အကူ ပါ မပါ၊ ယာဥ္ေမာင္းခ်ိန္ (၈)နာရီထက္ေက်ာ္လြန္ေသာ ခရီးစဥ္တြင္ ယာဥ္ေမာင္း (၂)ဦး ပါ မပါ ၊ ေရာင္ျပန္ျပားပါ မပါ ၊ ကားတာယာေကာင္း မေကာင္း ၊ ထိုင္ခုံခါးပတ္ ျပည့္စုံမႈရွိ မရွိ ၊ယာဥ္ေမာင္းႏွင့္ ခရီးသည္မ်ား  ထိုင္ခုံခါးပတ္ ပတ္ဆင္းထားျခင္းရွိမရွိ စသည္တို႔ကို စစ္ေဆးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ခရီးသွားပြည်သူများ အသက်ဘေးအန္တရာယ် လုံခြုံစေရေးအတွက် အေဝးပြေးယာဉ်လိုင်းများအား ကုန်းလမ်းပို့ဆောင်ရေညွှန်းကြားမှုဦးစီးဌာနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ဒုတိယအကြိမ် စစ်ဆေးမှုပြုလုပ်ကြောင်းသိရသည်။

တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်) နှင့် ပို့/ဆက်တို့ ပါဝင်သည့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဆမ်လောင် ကားဂိတ်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးသည့်အခါ အဓိကအားဖြင့် လုပ်ငန်းလိုင်စင်စည်းကမ်းနှင့် ညီ မညီ၊ ယာဉ်မောင်း၊ ယာဉ်အကူ နှင့် ယာဉ်လုပ်သားများ အရက်သေစာ သောက်စားထားခြင်းရှိ မရှိ၊မီးသတ်ဆေးဗူး၊ အရေးပေါ်မှန်ခွဲ ပုဆိန် နှင့် အရေးပေါ်ထွက်ပေါက်ပါ မပါ၊ ယာဉ်အကူ ပါ မပါ၊ ယာဉ်မောင်းချိန် (၈)နာရီထက်ကျော်လွန်သော ခရီးစဉ်တွင် ယာဉ်မောင်း (၂)ဦး ပါ မပါ၊ ရောင်ပြန်ပြားပါ မပါ၊ ကားတာယာကောင်း မကောင်း၊ ထိုင်ခုံခါးပတ် ပြည့်စုံမှုရှိ မရှိ၊ယာဉ်မောင်းနှင့် ခရီးသည်များ ထိုင်ခုံခါးပတ် ပတ်ဆင်းထားခြင်းရှိမရှိ စသည်တို့ကို စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~