တာချီလိတ်မှ အဝေးပြေး ယာဉ်လိုင်းများ ခရီးသွားအသက်အန္တရာယ် လုံခြုံရေးဆောင်ရွက်မှု အခြေအနေကို အပတ်စဉ်စစ်ဆေးမည်

တာချီလိတ်မှ အဝေးပြေး ယာဉ်လိုင်းများ ခရီးသွားအသက်အန္တရာယ် လုံခြုံရေးဆောင်ရွက်မှု အခြေအနေကို အပတ်စဉ်စစ်ဆေးမည်
ဇနျနဝါရီ 7, 2017
By Tachileik News Agency

တာချီလိတ်မြို့ရှိ အဝေးပြေးယာဉ်လိုင်းများအား ခရီးသွားပြည်သူများ အသက်ဘေးအန္တရာယ် လုံခြုံစေရေး ဆောင်ရွက်ထားမှု အခြေအနေကို အပတ်စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ် စည်းကမ်းချက်များကို လိုက်နာစေရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုတို့မှ စစ်ဆေးခြင်းကို ဇန်န၀ါရီလ (၇)ရက်နေ့က ရွှေရေကန် အဝေးပြေးကားကြီးကွင်းတွင် စတင်ဆောင်ရွက်ကြောင်း သိရသည်။


ယာဉ်လိုင်းများအနေဖြင့် လုပ်ငန်းလိုင်စင်စည်းကမ်းနှင့် ညီ မညီ ၊ ယာဉ်မောင်း၊ ယာဉ်အကူ နှင့် ယာဉ်လုပ်သားများ အရက်သေစာ သောက်စားထားခြင်းရှိမရှိ ၊မီးသတ်ဆေးဗူး၊ အရေးပေါ်မှန်ခွဲ ပုဆိန် နှင့် အရေးပေါ်ထွက်ပေါက်ပါမပါ ၊ ယာဉ်အကူ ပါမပါ၊ ယာဉ်မောင်းချိန် (၈)နာရီထက်ကျော်လွန်သော ခရီးစဉ်တွင် ယာဉ်မောင်း (၂)ဦး ပါမပါ ၊ ရောင်ပြန်ပြားပါမပါ ၊ တာယာကောင်းမကောင်း ၊ ထိုင်ခုံခါးပတ် ပြည့်စုံမှုရှိမရှိ ၊ ယာဉ်မောင်းနှင့် ခရီးသည်များ  ထိုင်ခုံခါးပတ် ပတ်ဆင်ထားခြင်းရှိမရှိ စသည်တို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ အေဝးပြေးယာဉ်လိုင်းများအား ခရီးသွားပြည်သူများ အသက်ဘေးအန္တရာယ် လုံခြုံစေရေး ဆောင်ရွက်ထားမှု အခြေအနေကို အပတ်စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ် စည်းကမ်းချက်များကို လိုက်နာစေရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုတို့မှ စစ်ဆေးခြင်းကို ဇန်နဝါရီလ (၇)ရက်နေ့က ရွှေရေကန် အေဝးပြေးကားကြီးကွင်းတွင် စတင်ဆောင်ရွက်ကြောင်း သိရသည်။

“စစ်ဆေးမှုကိုတော့ တစ်ပတ်တစ်ကြိမ် ယာဉ်လိုင်းများကို စစ်ဆေးသွားမှာဖြစ်တယ်။ စစ်ဆေးတွေ့ရှိလို့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာမှုမရှိတဲ့ ယာဉ်ကိုမှတ်တမ်းပြုလုပ်သွားမှာဖြစ်ပြီး (၃)ကြိမ်ပြည့်ရင်တော့ ယာယီ ရပ်ဆိုင်းခံရမှာဖြစ်ပါတယ်။ တကယ်လို့ ယာဉ်အသင်းတစ်သင်းမှာ ယာဉ်(၃)စီး အရေးယူခံရရင်တော့ ဒေသအုပ်ချုပ်ရေးထံတင်ပြပြီး အဲဒီအသင်းကို ယာယီရပ်ဆိုင်းခံရမှာဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က ပြောသည်။

ယာဉ်လိုင်းများအနဖြေင့် လုပ်ငန်းလိုင်စင်စည်းကမ်းနှင့် ညီ မညီ၊ ယာဉ်မောင်း၊ ယာဉ်အကူ နှင့် ယာဉ်လုပ်သားများ အရက်သေစာ သောက်စားထားခြင်းရှိမရှိ၊မီးသတ်ဆေးဗူး၊ အရေးပေါ်မှန်ခွဲ ပုဆိန် နှင့် အရေးပေါ်ထွက်ပေါက်ပါမပါ၊ ယာဉ်အကူ ပါမပါ၊ ယာဉ်မောင်းချိန် (၈)နာရီထက်ကျော်လွန်သော ခရီးစဉ်တွင် ယာဉ်မောင်း (၂)ဦး ပါမပါ၊ ရောင်ပြန်ပြားပါမပါ၊ တာယာကောင်းမကောင်း၊ ထိုင်ခုံခါးပတ် ပြည့်စုံမှုရှိမရှိ၊ ယာဉ်မောင်းနှင့် ခရီးသည်များ ထိုင်ခုံခါးပတ် ပတ်ဆင်ထားခြင်းရှိမရှိ စသည်တို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~