ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားအတြက္ ႏိုင္ငံႏွင့္ အာဆီယံ စံႏႈန္းသင္ၾကားေရးဆရာျဖစ္ သင္တန္း တာခ်ီလိတ္တြင္ ပို႔ခ်

ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားအတြက္ ႏိုင္ငံႏွင့္ အာဆီယံ စံႏႈန္းသင္ၾကားေရးဆရာျဖစ္ သင္တန္း တာခ်ီလိတ္တြင္ ပို႔ခ်
ဇန်နဝါရီ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းရွင္မ်ားအတြက္ ႏိုင္ငံအဆင့္ ႏွင့္ ႏိုင္ငံအဆင့္အာဆီယံ စံ ႏႈန္းသင္ၾကားေရး ဆရာျဖစ္သင္တန္းကို ဟိုတယ္ႏွင့္ ခရီးသြားလာေရး ၀န္ႀကီးဌာနမွ ဦးေဆာင္ၿပီး သင္တန္းပို႔ခ်ေပးေနလွ်က္ရွိေၾကာင္း သိရသည္။

“ဒီလိုဆရာျဖစ္သင္တန္းေတြ ေဆာင္ရြက္ရာမွလည္း ဒီ “စံ”သတ္မွတ္ခ်က္ေတြကို သိရုံနဲ႔ ေအာင္ျမင္စြာ ျပန္သင္ၾကားဖို႔ဆိုတာ လုပ္ငန္းခြင္အေတြ႕အၾကံဳ မရွိရင္လည္း မလြယ္ပါဘူး၊ ဒါေၾကာင္း ဒီေန႔လို ႏိုင္ငံေတာ္အဆင့္ ေဒသအလိုက္ ဆရာျဖစ္သင္တန္းကို စီစဥ္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ပါတယ္။”ဟု ဟိုတယ္ႏွင့္ခရီးသြားညြန္ၾကားမႈဦးစီဌာနမွ ဒုညြန္ၾကားေရးမွဴးဦးစံလင္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယခုလို သင္တန္းမ်ဳိးကို ေနာက္မ်ားတြင္ ပို႔ခ်ရန္ သင္ၾကားမႈ သင္တန္းဆရာမ်ားကို အေ၀းမွ ေခၚယူရန္ မလိုေတာ့ဘဲဲ အဆိုပါ ဆရာျဖစ္သင္တန္းမွ သင္တန္းဆင္းဆရာမ်ားျဖင့္ ျပန္လည္၍ ပို႔ခ်ႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း သိရသည္။

“တာခ်ီလိတ္မွာ သင္တန္းဖြင့္မယ္ဆိုရင္ ရန္ကုန္ - မႏၱေလးက ဆရာေတြ ငွားစရာမလိုေတာ့ဘူး။ ကြ်န္ေတာ္တို႔ပဲ သင္တန္းပို႔ခ်ေတာ့မယ္။ ဆရာေတြက ၿမိဳ႕မွာ အခံရွိသြားၿပီဆိုေတာ့ တျခားၿမိဳ႕က ဆရာေတြ ေခၚစရာမလိုေတာ့ဘူးေပ့ါ။ ဒီၿမိဳ႕က ဆရာေတြကလည္း အာဆီယံအသိမွတ္ျပဳေပါ့။ အာဆီယံ စံ သတ္မွတ္ခ်က္နဲ႔ ျဖစ္တယ္။”ဟု တာခ်ီလိတ္ၿမိဳ႕ ျမန္မာႏိုင္ငံဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းဥကၠဌ ဦးအာကာက ေျပာသည္။

ယင္းကဲ့သို႔ ဆရာျဖစ္သင္တန္းကို ရန္ကုန္၊ ေနျပည္ေတာ္၊ အင္းေလး၊ မႏၱေလးစသည္တို႔တြင္ (၈)ႀကိမ္ခန္႔ သင္တန္းပို႔ခ်ႏိုင္ခဲ့ၿပီး အာဆီယံႏိုင္ငံအဆင့္ ဆရာအျဖစ္ (၁၆၆)ဦး ႏွင့္ ႏိုင္ငံေတာ္ အဆင့္ အကဲျဖတ္ဆရာ အျဖစ္ (၄၉)ဦးကို ျမန္မာႏိုင္ငံ ခရီသြားလုပ္ငန္းလူ႕စြမ္းအားရင္းျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းက ပို႔ခ်ႏိုင္ခဲ့ေၾကာင္ းသိရသည္။

အဆိုပါ သင္တန္းကို ျမန္မာႏိုင္ငံခရီသြားလုပ္ငန္းလူ႕စြမ္းအားရင္းျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းက စီစဥ္ကာ တာခ်ီလိတ္ၿမိဳ႕ ပလက္တီနမ္စတားဟိုတယ္တြင္ ဇန္န၀ါရီလ (၉)ရက္ေန႔မွ (၁၈)ရက္ေန႔အထိ (၉)ရက္ၾကာ သင္တန္းပို႔ ခ်သြားမွာ ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအတွက် နိုင်ငံအဆင့် နှင့် နိုင်ငံအဆင့်အာဆီယံ စံ နှုန်းသင်ကြားရေး ဆရာဖြစ်သင်တန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး သင်တန်းပို့ချပေးနေလျှက်ရှိကြောင်း သိရသည်။

“ဒီလိုဆရာဖြစ်သင်တန်းတွေ ဆောင်ရွက်ရာမှလည်း ဒီ “စံ”သတ်မှတ်ချက်တွေကို သိရုံနဲ့ အောင်မြင်စွာ ပြန်သင်ကြားဖို့ဆိုတာ လုပ်ငန်းခွင်အတွေ့အကြုံ မရှိရင်လည်း မလွယ်ပါဘူး၊ ဒါကြောင်း ဒီနေ့လို နိုင်ငံတော်အဆင့် ဒေသအလိုက် ဆရာဖြစ်သင်တန်းကို စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။”ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီဌာနမှ ဒုညွန်ကြားရေးမှူးဦးစံလင်းက ပြောသည်။

တာချီလိတ်မြို့တွင် ယခုလို သင်တန်းမျိုးကို နောက်များတွင် ပို့ချရန် သင်ကြားမှု သင်တန်းဆရာများကို အေဝးမှ ခေါ်ယူရန် မလိုတော့ဘဲ အဆိုပါ ဆရာဖြစ်သင်တန်းမှ သင်တန်းဆင်းဆရာများဖြင့် ပြန်လည်၍ ပို့ချနိုင်တော့မှာ ဖြစ်ကြောင်း သိရသည်။

“တာချီလိတ်မှာ သင်တန်းဖွင့်မယ်ဆိုရင် ရန်ကုန် - မန္တလေးက ဆရာတွေ ငှါးစရာမလိုတော့ဘူး။ ကျွန်တော်တို့ပဲ သင်တန်းပို့ချတော့မယ်။ ဆရာတွေက မြို့မှာ အခံရှိသွားပြီဆိုတော့ တခြားမြို့က ဆရာတွေ ခေါ်စရာမလိုတော့ဘူးပေါ့။ ဒီမြို့က ဆရာတွေကလည်း အာဆီယံအသိမှတ်ပြုပေါ့။ အာဆီယံ စံ သတ်မှတ်ချက်နဲ့ ဖြစ်တယ်။”ဟု တာချီလိတ်မြို့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအာကာက ပြောသည်။

ယင်းကဲ့သို့ ဆရာဖြစ်သင်တန်းကို ရန်ကုန်၊ နပြေည်တော်၊ အင်းလေး၊ မန္တလေးစသည်တို့တွင် (၈)ကြိမ်ခန့် သင်တန်းပို့ချနိုင်ခဲ့ပြီး အာဆီယံနိုင်ငံအဆင့် ဆရာအဖြစ် (၁၆၆)ဦး နှင့် နိုင်ငံတော် အဆင့် အကဲဖြတ်ဆရာ အဖြစ် (၄၉)ဦးကို မြန်မာနိုင်ငံ ခရီသွားလုပ်ငန်းလူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပို့ချနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းကို မြန်မာနိုင်ငံခရီသွားလုပ်ငန်းလူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက စီစဉ်ကာ တာချီလိတ်မြို့ ပလက်တီနမ်စတားဟိုတယ်တွင် ဇန်နဝါရီလ (၉)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၉)ရက်ကြာ သင်တန်းပို့ ချသွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~