အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ၂၀၁၆ -၂၀၁၇ ပညာေရး စံုညီပြဲေတာ္က်င္းပ

အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ၂၀၁၆ -၂၀၁၇ ပညာေရး စံုညီပြဲေတာ္က်င္းပ
ဇန်နဝါရီ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္အတြက္ ပညာေရးစုံညီပြဲေတာ္ကို ဇန္န၀ါရီလ (၆)ရက္ေန႔က က်င္းပရာ ထူးခၽြန္ဆရာ၊ဆရာမမ်ား ၊ ထူးခၽြန္ေက်ာင္းသား၊ေက်ာင္းသူမ်ားကိုလည္း ဆုခ်ီးျမႇင့္ေၾကာင္း သိရသည္။

ပညာေရးစံုညီပြဲေတာ္သို႔ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေက်ာ္ကုိထုိက္၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္အလွဴရွင္မ်ား၊ ေက်ာင္းအက်ဳိးေတာ္ေဆာင္အဖြဲ႔ အပါအ၀င္ ေက်ာင္းသားမိဘမ်ားလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

အဆိိုပါပြဲ၌ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္တြင္ ဘက္စုံထူးခၽြန္ေက်ာင္းသားေက်ာင္းသူမ်ား၊ စာစီစာကုံး၊ ပန္းခ်ီ၊ ကဗ်ာ၊ ၿပိဳင္ပြဲမ်ား၌ ဆုရေက်ာင္းသူေက်ာင္းသားမ်ား၊ တာခ်ီလိတ္ခရိုင္အမ်ိဳးသမီးေရးရာမွ က်င္းပသည့္ ပရိတ္ႀကီး ရြတ္ဆိုပူေဇာ္ၿပိဳင္ပြဲတြင္ ဆုရရွိသူမ်ား ၊ထူးခၽြန္ဆရာ၊ဆရာမ်ား ၊U16 ေက်ာင္းေပါင္းစုံအမ်ိဳးသား ေဘာလုံးပြဲတြင္ ဒုတိယဆုရ အသင္း ႏွင့္ ေက်ာင္းဖြံ႕ျဖိဳးေရးအတြက္ အဘက္ဘက္မွ ကူညီေထာက္ပံ့ေပးေသာအလွဴရွင္တို႔ကုိ ဂုဏ္ျပဳအမွတ္တရဆုမ်ားကို တာ၀န္ရွိသူမ်ားက အသီးသီး ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၆)ရက်နေ့က ကျင်းပရာ ထူးချွန်ဆရာ၊ဆရာမများ၊ ထူးချွန်ကျောင်းသား၊ကျောင်းသူများကိုလည်း ဆုချီးမြှင့်ကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်သို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အပါအဝင် ကျောင်းသားမိဘများလည်း တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါပွဲ၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဘက်စုံထူးချွန်ကျောင်းသားကျောင်းသူများ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပြိုင်ပွဲများ၌ ဆုရကျောင်းသူကျောင်းသားများ၊ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာမှ ကျင်းပသည့် ပရိတ်ကြီး ရွတ်ဆိုပူဇော်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ထူးချွန်ဆရာ၊ဆရာများ၊U16 ကျောင်းပေါင်းစုံအမျိုးသား ဘောလုံးပွဲတွင် ဒုတိယဆုရ အသင်း နှင့် ကျောင်းဖွံ့ဖြိုးရေးအတွက် အဘက်ဘက်မှ ကူညီထောက်ပံ့ပေးသောအလှူရှင်တို့ကို ဂုဏ်ပြုအမှတ်တရဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~