တာခ်ီလိတ္တ္ၿမိဳ႕မသုသာန္အတြင္း မူးယစ္ေဆး၀ါးသံုးစြဲ၍ ေလလြႊင့္ေနသူမ်ားအား ေဆးျဖတ္ေပးႏုိင္ရန္အတြက္ ဒုတိယအႀကိမ္ စာရင္းထပ္မံေကာက္ခံ

တာခ်ီလိတ္တ္ၿမိဳ႕မသုသာန္အတြင္း မူးယစ္ေဆး၀ါးသံုးစြဲ၍ ေလလြႊင့္ေနသူမ်ားအား ေဆးျဖတ္ေပးႏုိင္ရန္အတြက္ ဒုတိယအႀကိမ္ စာရင္းထပ္မံေကာက္ခံ
ဇန်နဝါရီ 12, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါးသံုးစြဲ၍ ေလလြႊင့္ေနသူမ်ားအား ေဆးျဖတ္ေပးႏိုင္ရန္ အတြက္ တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း ေနာက္ဆံုး စာရင္းေကာက္မႈအျဖစ္ ဇန္န၀ါရီလ (၁၂)ရက္ေန႔ ညေနပိုင္းက သြားေရာက္ ေကာက္ယူရာ (၂၁)ဦး၏ အမည္စာရင္းမ်ား ရလာေၾကာင္း မဇၥ်ိမလူမႈကူညီေရးအသင္းမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း စာရင္းေကာက္ရာတြင္ လတ္တေလာအခ်ိန္ သုသာန္တြင္းရွိေနၿပီး စာရင္းေပးၾကသူမ်ားမွာ ဇန္န၀ါရီလ(၁၀)ရက္ေန႔က အမ်ဳိးသား (၂၉)ဦး ႏွင့္ အမ်ဳိးသမီး (၁၆)ဦး စုစုေပါင္း (၄၅)ဦး ရွိေၾကာင္းႏွင့္ ဇန္န၀ါရီလ(၁၂)ရက္ေန႔က ေကာက္ခံရွိသည့္ (၂၁)ဦး အပါအ၀င္ စုစုေပါင္း (၆၆)ဦး ရွိေၾကာင္း သိရသည္၊

တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း မူးယစ္ေဆး၀ါးသံုးစြဲေနသူမ်ားႏွင့္ မူးယစ္ေဆး၀ါးေၾကာင့္ ေလလြင့္သူမ်ား၏ စာရင္းမ်ားကို လိုက္လံေကာက္ယူရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြႏွင့္ အသင္းသားမ်ား ပူးေပါင္း ပါ၀င္ခဲ့ၾကျခင္း ျဖစ္သည္။

သတင္း / ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲ၍ လေလွှင့်နေသူများအား ဆေးဖြတ်ပေးနိုင်ရန် အတွက် တာချီလိတ်မြို့မသုသာန်အတွင်း နောက်ဆုံး စာရင်းကောက်မှုအဖြစ် ဇန်နဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းက သွားရောက် ကောက်ယူရာ (၂၁)ဦး၏ အမည်စာရင်းများ ရလာကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ သိရသည်။

တာချီလိတ်မြို့မသုသာန်အတွင်း စာရင်းကောက်ရာတွင် လတ်တလောအချိန် သုသာန်တွင်းရှိနပြေီး စာရင်းပေးကြသူများမှာ ဇန်နဝါရီလ(၁၀)ရက်နေ့က အမျိုးသား (၂၉)ဦး နှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၄၅)ဦး ရှိကြောင်းနှင့် ဇန်နဝါရီလ(၁၂)ရက်နေ့က ကောက်ခံရှိသည့် (၂၁)ဦး အပါအဝင် စုစုပေါင်း (၆၆)ဦး ရှိကြောင်း သိရသည်၊

တာချီလိတ်မြို့မသုသာန်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများနှင့် မူးယစ်ဆေးဝါးကြောင့် လေလွင့်သူများ၏ စာရင်းများကို လိုက်လံကောက်ယူရာတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေနှင့် အသင်းသားများ ပူးပေါင်း ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

သတင်း / ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~