တာခ်ီလိတ္ၿမိဳ႕နယ္လုံးဆိုင္ရာ ဓမၼစကူးလ္စုံညီပြဲေတာ္ ႏွင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ ေပးအပ္ပြဲ က်င္းပ

တာခ်ီလိတ္ၿမိဳ႕နယ္လုံးဆိုင္ရာ ဓမၼစကူးလ္စုံညီပြဲေတာ္ ႏွင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ ေပးအပ္ပြဲ က်င္းပ
ဇန်နဝါရီ 21, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္လုံးဆိုင္ရာ ဓမၼစကူးလ္စုံညီပြဲေတာ္ ႏွင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ ေပးအပ္ျခင္း အခမ္းအနားကို တာခ်ီလိတ္ၿမိဳ႕နယ္ ရန္ေအာင္ေျမရပ္ကြက္ရွိ တာဟြာတရုတ္ ဘံုေက်ာင္းရွိ မဂၤလာခန္းမတြင္း   ဇန္န၀ါရီလ (၂၁)ရက္ေန႔ နံနက္မွ ေန႔လယ္ပိုင္းအခ်ိန္အထိ စည္ကား သိုက္ၿမိဳက္စြာက်င္းပခဲ့ၾကသည္။

အဆိုပါ အခမ္းအနားသို႔ ဓမၼစကူးလ္ေဖာင္ေဒးရွင္း(ဗဟို)မွ ဒုဥကၠဌ(၂)ဆရာေတာ္ ေဒါက္တာဘဒၵႏၱဉာဏိႏၵ ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္းရွိ ဓမၼစကူးလ္ေက်ာင္းေတာ္မ်ားမွ အလုပ္အမႈေဆာင္ ဆရာေတာ္၊ သံဃာေတာ္မ်ား၊ လူပုဂၢိဳလ္မ်ား၊ သင္ၾကားမႈ ဆရာ၊ ဆရာမမ်ား ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်ာင္းသားမိဘမ်ား တက္ေရာက္လာခဲ့ၾကသည္။

ယင္းအျပင္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ဖိတ္ၾကားထားသည့္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ အလွဴရွင္မ်ား၊ ယဥ္ေက်းမႈအဖြဲ႔မ်ား တက္ေရာက္လာခဲ့ၾကသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ဓမၼစကူးလ္မ်ားမွ (၁)တန္းမွ (၇)တန္းအထိ ေက်ာင္းသား/ေက်ာင္းသူမ်ားကို သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ျခင္းႏွင့္ ပြဲေတာ္ျဖစ္ေျမာက္ေရးအတြက္ ေထာက္ပံ့ လွဴဒါန္းေသာ အလွဴရွင္မ်ားအား ဂုဏ္ျပဳလက္မွတ္လႊာမ်ားကို တာ၀န္ရွိသူမ်ားက အသီးသီး ေပးအပ္ ခ်ီးျမႇင့္ခဲ့ၾကသည္။

သတင္း -ေဇာင္းညီ
ဓာတ္ပံု - ေဇာင္းညီ ၊ စိုးထြန္းႏိုင္(ေကာင္းဆက္လင္း)

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်စုံညီပွဲတော် နှင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်ခြင်း အခမ်းအနားကို တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက်ရှိ တာဟွာတရုတ် ဘုံကျောင်းရှိ မင်္ဂလာခန်းမတွင်း ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက်မှ နေ့လယ်ပိုင်းအချိန်အထိ စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ ဒုဥက္ကဌ(၂)ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိန္ဒ နှင့် တာချီလိတ်ခရိုင်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းတော်များမှ အလုပ်အမှုဆောင် ဆရာတော်၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ သင်ကြားမှု ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်လာခဲ့ကြသည်။

ယင်းအပြင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်လာခဲ့ကြသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်များမှ (၁)တန်းမှ (၇)တန်းအထိ ကျောင်းသား/ကျောင်းသူများကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်းနှင့် ပွဲတော်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုလက်မှတ်လွှာများကို တာဝန်ရှိသူများက အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

သတင်း -ဇောင်းညီ
ဓာတ်ပုံ - ဇောင်းညီ၊ စိုးထွန်းနိုင်(ကောင်းဆက်လင်း)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~