တာခ်ီလိတ္၌ ဘတ္ - က်ပ္လဲလွယ္ရာတြင္ က်ပ္ေငြတန္ဖိုးက်ေနသျဖင့္ က်ပ္ေငြျဖင့္ရသည့္ ဝန္ထမ္းမ်ားနစ္နာ

တာခ်ီလိတ္၌ ဘတ္ - က်ပ္လဲလွယ္ရာတြင္ က်ပ္ေငြတန္ဖိုးက်ေနသျဖင့္ က်ပ္ေငြျဖင့္ရသည့္ ဝန္ထမ္းမ်ားနစ္နာ
ဒီဇင်ဘာ 7, 2016
By Tachileik News Agency

ဘတ္ေငြကို အဓိကထား သံုးစြဲေနသည့္ ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ က်ပ္ေငြတန္ဖိုး က်ဆင္းေနသျဖင့္ က်ပ္ေငြျဖင့္ လစာရေသာ ၀န္ထမ္းမ်ား အဆင္မေျပျဖစ္လာေၾကာင္း သိရသည္။

"တခ်ိဳ႕ထိုင္းနယ္စပ္ေတြမွာက အဲဒီေလာက္ အေျပာင္းအလဲမရွိဘူး။ က်ပ္သုံးစြဲမႈက ရွိေသးတယ္။ တာခ်ီလိတ္မွာက အဲဒီလို မဟုတ္ေတာ့ဘူး။ ေန႔စဥ္သုံးစြဲစရိတ္ကိုက ဘတ္နဲ႔ပဲ သုံးရတာဆိုေတာ့ က်ပ္ေငြတန္ဖိုးက်တဲ့အခါမွာ အပိုေငြ မထြက္ေတာ့ဘဲနဲ႔ သုံးရ စြဲရနည္းနည္း ၾကပ္သြားမွာေပါ့ဗ်ာ။ ဒီဘက္မွာ ဘတ္ပဲရၿပီး ဘတ္ပဲသုံးေနတဲ့ သူေတြအတြက္က်ေတာ့ ေျပာင္းလဲမႈမရွိဘူး”ဟု ေငြစင္သိုက္ ေငြလႊဲ၀န္ေဆာင္မႈလုပ္ငန္းမွ ကိုသီလေက်ာ္ဆင့္က ေျပာသည္။

ထုိင္း - ျမန္မာ ေငြလဲႏႈန္းသည္ ၾသဂုတ္လအတြင္းက က်ပ္(၁)သိန္းလွ်င္ (၃၀၀၀)ဘတ္အထိရိွခဲ့ေသာ္လည္း စက္တင္ဘာလမွစ၍ ဘတ္(၂၈၀၀)ေက်ာ္၀န္းက်င္အထိ တန္ဖိုးက်ဆင္းလာကာ ႏို၀င္ဘာလတြင္ က်ပ္(၁)သိန္းလွ်င္ (၂၆၃၀)ဘတ္အထိ က်ဆင္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္လနဲ႔ ဒီလဆိုရင္ ဘတ္(၂၀၀)ေလာက္ ကြာသြားတယ္။ (၂၀၀)ဘတ္ ဆိုရင္ က်ပ္(၆)ေထာင္ေလာက္ နစ္နာေနၿပီ။ တစ္ခါတေလ ေပါက္ေစ်းကို ၾကည့္ၿပီး လဲခ်င္စိတ္ေတာင္မရွိေတာ့ဘဲ သိမ္းထားလိုက္တယ္။ က်ပ္ေငြျပန္တက္လာမွ ျပန္လဲတယ္။ အခုဆိုရင္ ႏို၀င္ဘာလ တစ္လလုံး က်ပ္ေစ်းက က်ေနတာ။ ဒီဇင္ဘာလ ပထမပတ္ထိလည္း မေျပာင္းေသးဘူ”ဟု က်ပ္ေငြျဖင့္လစာရေသာ ပညာေရး၀န္ထမ္းတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ႏုိင္ငံ့ဝန္ထမ္း၊ ပုဂၢလိကဘဏ္ဝန္ထမ္းလစာမ်ားမွလြဲ၍ လုပ္ငန္းမ်ား၏ လစာမ်ားတြင္ ဘတ္ေငြကို အသံုးျပဳၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၏ ဒီဇင္ဘာလ(၇)ရက္ေန႔ က်ပ္ေငြလဲႏႈန္းမွာ ထိုင္းဘတ္ေငြ (၂၆၁၅)ဘတ္လွ်င္ က်ပ္(၁)သိန္းရွိေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
ဘတ်ငွေကို အဓိကထား သုံးစွဲနေသည့် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကျပ်ငွေတန်ဖိုး ကျဆင်းနေသဖြင့် ကျပ်ငွဖြေင့် လစာရသော ဝန်ထမ်းများ အဆင်မပြဖြေစ်လာကြောင်း သိရသည်။

"တချို့ထိုင်းနယ်စပ်တွေမှာက အဲဒီလောက် အပြောင်းအလဲမရှိဘူး။ ကျပ်သုံးစွဲမှုက ရှိသေးတယ်။ တာချီလိတ်မှာက အဲဒီလို မဟုတ်တော့ဘူး။ နေ့စဉ်သုံးစွဲစရိတ်ကိုက ဘတ်နဲ့ပဲ သုံးရတာဆိုတော့ ကျပ်ငွေတန်ဖိုးကျတဲ့အခါမှာ အပိုငွေ မထွက်တော့ဘဲနဲ့ သုံးရ စွဲရနည်းနည်း ကြပ်သွားမှာပေါ့ဗျာ။ ဒီဘက်မှာ ဘတ်ပဲရပြီး ဘတ်ပဲသုံးနေတဲ့ သူတွေအတွက်ကျတော့ ပြောင်းလဲမှုမရှိဘူး”ဟု ငွေစင်သိုက် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းမှ ကိုသီလကျော်ဆင့်က ပြောသည်။

ထိုင်း - မြန်မာ ငွေလဲနှုန်းသည် သြဂုတ်လအတွင်းက ကျပ်(၁)သိန်းလျှင် (၃၀၀၀)ဘတ်အထိရှိခဲ့သော်လည်း စက်တင်ဘာလမှစ၍ ဘတ်(၂၈၀၀)ကျော်ဝန်းကျင်အထိ တန်ဖိုးကျဆင်းလာကာ နိုဝင်ဘာလတွင် ကျပ်(၁)သိန်းလျှင် (၂၆၃၀)ဘတ်အထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“အရင်လနဲ့ ဒီလဆိုရင် ဘတ်(၂၀၀)လောက် ကွာသွားတယ်။ (၂၀၀)ဘတ် ဆိုရင် ကျပ်(၆)ထောင်လောက် နစ်နာနပြေီ။ တစ်ခါတလေ ပေါက်ဈေးကို ကြည့်ပြီး လဲချင်စိတ်တောင်မရှိတော့ဘဲ သိမ်းထားလိုက်တယ်။ ကျပ်ငွပြေန်တက်လာမှ ပြန်လဲတယ်။ အခုဆိုရင် နိုဝင်ဘာလ တစ်လလုံး ကျပ်ဈေးက ကျနေတာ။ ဒီဇင်ဘာလ ပထမပတ်ထိလည်း မပြောင်းသေးဘူ”ဟု ကျပ်ငွဖြေင့်လစာရသော ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းလစာများမှလွဲ၍ လုပ်ငန်းများ၏ လစာများတွင် ဘတ်ငွေကို အသုံးပြုကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ ဒီဇင်ဘာလ(၇)ရက်နေ့ ကျပ်ငွေလဲနှုန်းမှာ ထိုင်းဘတ်ငွေ (၂၆၁၅)ဘတ်လျှင် ကျပ်(၁)သိန်းရှိကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~