ျမိတ္ၿမိဳ႕တြင္ ေက်ာက္မိုင္းလုပ္ငန္းခြင္အတြင္း ေပါက္ကဲြမႈ ျဖစ္ပြား၍ အလုပ္သမား ၂ ဦးေသဆံုး

ျမိတ္ၿမိဳ႕တြင္ ေက်ာက္မိုင္းလုပ္ငန္းခြင္အတြင္း ေပါက္ကဲြမႈ ျဖစ္ပြား၍ အလုပ္သမား ၂ ဦးေသဆံုး
ဒီဇင်ဘာ 24, 2016
By Tachileik News Agency

တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕ နယ္ စႏၵဝတ္ေက်းရြာအုပ္စု ကြ်ဲကူးေက်းရြာအနီး ကြ်ဲကူးေက်းရြာမွ ေက်ာက္မိုင္းခြဲ လုပ္ငန္းခြင္တြင္ ဒီဇင္ဘာလ ၂၄ ရက္ေန႔ ညေန ၅ နာရီခြဲ အခ်ိန္ခန္႔က ေက်ာက္မိုင္းေပါက္ကြဲမွဳေၾကာင့္ အလုပ္သမား ၂ ဦးေသဆုံးကာ ၈ ဦး ထိခိုက္ဒဏ္ရာရရွိသြားေၾကာင္း အလုပ္သမားမ်ားထံမွ သိရသည္။

​"ေက်ာက္​မိုင္းလုပ္ငန္းခြင္အတြင္းမွာ မ​ေတာ္​တဆမႈျဖစ္​တာပါ။ ဒဏ္​ရာရ႐ွိသူ ၈ ဦး၊ ​ေသဆံုး​ေရာက္​႐ွိလာတာက ၂ဦး ျဖစ္ပါတယ္။ ဒဏ္​ရာရ႐ွိသူေတြကို အ​ေရး​ေပၚေဆးကုသမႈ​ေတြ ျပဳလုပ္ေပးေနပါတယ္။ အေျခအေနစိုးရိမ္​ရတဲ့ လူနာသံုးဦးထဲက တစ္​ဦးကို အ​ေရး​ေပၚ ခြဲစိတ္​ကုသေနပါတယ္"ဟု ၿမိတ္ျပည္သ႔ူေဆးရံုမွ တာဝန္က် ဆရာဝန္တစ္ဦးက ေျပာသည္။

အဆိုပါ အခင္းျဖစ္ပြားသည့္ ေက်ာက္မိုင္းလုပ္ငန္းမွာ ဦးေမာင္ေအးဆိုသူမွ ငွားရမ္းလုပ္ကိုင္ေနသည့္ ေက်ာက္ထုတ္လုပ္ငန္းတစ္ခုျဖစ္ၿပီး ေက်ာက္ေတာင္ကုိ မိုင္းေဖာက္ခြဲရာမွ ေက်ာက္လံုးႀကီးမ်ားလြင့္စင္ကာ လုုပ္ငန္းခြင္အတြင္း ေက်ာက္ခြဲေနေသာ အလုပ္သမားမ်ားအား ထိမွန္ခဲ့ျခင္းျဖစ္ေၾကာင္း အလုပ္သမားမ်ား၏ မိသားစုဝင္မ်ားထံမွ သိရသည္။

သတင္း - ေဇာ္ေဇာ္
ဓာတ္ပံု - ၿမိတ္ေဆးရံု


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာအနီး ကျွဲကူးကျေးရွာမှ ကျောက်မိုင်းခွဲ လုပ်ငန်းခွင်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က ကျောက်မိုင်းပေါက်ကွဲမှုကြောင့် အလုပ်သမား ၂ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အလုပ်သမားများထံမှ သိရသည်။

​"ကျောက်​မိုင်းလုပ်ငန်းခွင်အတွင်းမှာ မ​တော်​တဆမှုဖြစ်​တာပါ။ ဒဏ်​ရာရရှိသူ ၈ ဦး၊ ​သေဆုံး​ရောက်​ရှိလာတာက ၂ဦး ဖြစ်ပါတယ်။ ဒဏ်​ရာရရှိသူတွေကို အ​ရေး​ပေါ်ဆေးကုသမှု​တွေ ပြုလုပ်ပေးနေပါတယ်။ အခြေအနေစိုးရိမ်​ရတဲ့ လူနာသုံးဦးထဲက တစ်​ဦးကို အ​ရေး​ပေါ် ခွဲစိတ်​ကုသနေပါတယ်"ဟု မြိတ်ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားသည့် ကျောက်မိုင်းလုပ်ငန်းမှာ ဦးမောင်အေးဆိုသူမှ ငှါးရမ်းလုပ်ကိုင်နေသည့် ကျောက်ထုတ်လုပ်ငန်းတစ်ခုဖြစ်ပြီး ကျောက်တောင်ကို မိုင်းဖောက်ခွဲရာမှ ကျောက်လုံးကြီးများလွင့်စင်ကာ လုပ်ငန်းခွင်အတွင်း ကျောက်ခွဲနေသော အလုပ်သမားများအား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ မိသားစုဝင်များထံမှ သိရသည်။

သတင်း - ဇော်ဇော်
ဓာတ်ပုံ - မြိတ်ဆေးရုံ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~