ဘုတ္ျပင္းေရပိုင္နက္အတြင္း က်ပ္သိန္း (၁၈၈၀၀) တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိ

ဘုတ္ျပင္းေရပိုင္နက္အတြင္း က်ပ္သိန္း (၁၈၈၀၀) တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိ
ဒီဇင်ဘာ 19, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းခရိုင္၊ ဘုတ္ျပင္းေရပိုင္နက္အတြင္း မသကၤာဖြယ္ စက္ေလွတစ္စီးကို ေခၚယူစစ္ေဆးရာမွ  "ကက္တမင္း" (Ketamine) မူးယစ္ေဆး၀ါးမ်ားကိုေတြ႕ရွိ၍ တနသၤာရီေရတပ္စခန္း ဌာနခ်ဳပ္မွ ဖမ္းဆီးအေရးယူကာ ဒီဇင္ဘာလ (၁၈) ရက္ေန႔တြင္ ၿမိတ္ၿမိဳ႕မရဲစခန္းရံုးမွ အမွဳဖြင္႔ အေရးယူ လိုက္ေၾကာင္း သိရသည္။

အဆိုပါ အျဖဴေရာင္အမႈန္႔ "ကက္တမင္း" (Ketamine) မူးယစ္ေဆးမ်ားကို တင္ေဆာင္လာသည့္ ေက်းဇူးေတာ္ (၁၂)အမည္ရွိ စက္ေလွ (စိမ္ပိုက္ငါးဖမ္းေလွ) သည္ ဘုတ္ျပင္းေရပိုင္နက္အတြင္း ခုတ္ေမာင္း ေနစဥ္ မသကၤာသျဖင့္ တနသၤာရီေရတပ္စခန္း ဌာနခ်ဳပ္မွ စစ္ေရယာဥ္အမွတ္ (၅၆၆) မွ စစ္ေဆးရန္ ေခၚယူရာ ေမာင္းနွင္ထြက္ေျပးသျဖင့္ လိုက္လံဖမ္းဆီးရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါစက္ေလွေပၚတြင္ အျဖဴေရာင္အမႈန္႔ "ကက္တမင္း" (Ketamine) မူးယစ္ေဆး (၉၄၀) ထုပ္ ကာလတန္ဖိုး က်ပ္သိန္းတစ္ေသာင္း ရွစ္ေထာင္ ရွစ္ရာ ႏွင္႔ ေရလုပ္သား အမ်ိဳးသား (၁၁) ဦးတို႔ကို ဖမ္းဆီးရမိခဲ႔ေၾကာင္း ၿမိတ္ခရိုင္ရဲတပ္ဖြဲ႕ ဒုရဲမွဴး တင္ထြန္းထံမွ သိရသည္။

အဆိုပါ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိေသာ ေရလုပ္သား (၁၁) ဦးအား  ၿမိတ္ၿမိဳ႕နယ္ရဲစခန္းမွ
မယ (ပ)၁၈၈/၂၀၁၆ မူး/ စိတ္၊ပုဒ္မ ၁၅/၁၉(က)/၂၀(က)၂၁ ျဖင့္ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ေဇာ္ေဇာ္


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းရေပိုင်နက်အတွင်း မသင်္ကာဖွယ် စက်လှေတစ်စီးကို ခေါ်ယူစစ်ဆေးရာမှ "ကက်တမင်း" (Ketamine) မူးယစ်ဆေးဝါးများကိုတွေ့ရှိ၍ တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ဖမ်းဆီးအရေးယူကာ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် မြိတ်မြို့မရဲစခန်းရုံးမှ အမှုဖွင့် အရေးယူ လိုက်ကြောင်း သိရသည်။

အဆိုပါ အဖြူရောင်အမှုန့် "ကက်တမင်း" (Ketamine) မူးယစ်ဆေးများကို တင်ဆောင်လာသည့် ကျေးဇူးတော် (၁၂)အမည်ရှိ စက်လှေ (စိမ်ပိုက်ငါးဖမ်းလှေ) သည် ဘုတ်ပြင်းရေပိုင်နက်အတွင်း ခုတ်မောင်း နေစဉ် မသင်္ကာသဖြင့် တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ်အမှတ် (၅၆၆) မှ စစ်ဆေးရန် ခေါ်ယူရာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစက်လှေပေါ်တွင် အဖြူရောင်အမှုန့် "ကက်တမင်း" (Ketamine) မူးယစ်ဆေး (၉၄၀) ထုပ် ကာလတန်ဖိုး ကျပ်သိန်းတစ်သောင်း ရှစ်ထောင် ရှစ်ရာ နှင့် ရေလုပ်သား အမျိုးသား (၁၁) ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူး တင်ထွန်းထံမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ရေလုပ်သား (၁၁) ဦးအား မြိတ်မြို့နယ်ရဲစခန်းမှ
မယ (ပ)၁၈၈/၂၀၁၆ မူး/ စိတ်၊ပုဒ်မ ၁၅/၁၉(က)/၂၀(က)၂၁ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဇော်ဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~