တာခ်ီလိတ္ၿမိဳ႕တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရံုး ဖြင့္လွစ္

တာခ်ီလိတ္ၿမိဳ႕တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရံုး ဖြင့္လွစ္
ဒီဇင်ဘာ 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရံုးကို ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းအတြင္း ဒီဇင္ဘာလ ၁၈ ရက္ေန႔က ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရံုးကို မကာဟိုခမ္းရပ္ကြက္၊ သာသနာေရးမွဴးဦးစီးရံုးလမ္းရွိ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရံုးအနီးတြင္ ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္။

ရံုးဖြင့္ပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္၊ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္ တက္ေရာက္ ဖြင့္လွစ္ေပးရာ  ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ ႏွင့္ ပါတီ၀င္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ဌာနဆိုင္ရာမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအဖြဲ႔အစည္းမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္ခဲ့ၾကသည္။

"လူထုေတြရဲ႕ ျဖစ္ေနတဲ့ ျပႆနာေတြရယ္ လူထုတိုင္ၾကားစာေတြရယ္ကို ေျဖရွင္းမယ္။ ေနာက္ၿပီး လူထုရဲ႕ လိုအပ္ခ်က္ေတြ သူတို႔ အကူအညီေတာင္းလာတဲ့ ေတာင္းဆိုခ်က္ေတြကို ဘာေတြ ျမန္ျမန္ဆန္ဆန္ လုပ္ေပးႏိုင္မလဲ ဆိုတာေတြနဲ႔ လႊတ္ေတာ္မွာ ေဆာင္ရြက္ေပးႏိုင္ဖို႔အတြက္ လုပ္သြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

အဆိုပါ ရံုးအား အမ်ားျပည္သူလူထုအတြက္ ေန႔စဥ္ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး စေန၊ တနဂၤေႏြ ပိတ္ရက္ သတ္မွတ္ထားျခင္းမရိွေၾကာင္း သိရသည္။

"ရံုးအဖြဲ႔(၆)ဦးနဲ႔ ေဆာင္ရြက္သြားၿပီး ရံုးကေတာ့ ေန႔စဥ္ ဖြင့္သြားမွာပါ။ လူထုက တစ္ခုခု အေရးေပၚျဖစ္တယ္ဆိုရင္ စေန၊ တနဂၤေႏြခံေနလို႔ အလုပ္မျဖစ္ဘူး။ လာေရာက္ၿပီး အကူအညီေတာင္းလာသူေတြ အဆင္ေျပဖို႔ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္ရြက္သြားမွာပါ" ဟု  ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

ပထမအႀကိမ္လႊတ္ေတာ္သက္တမ္းအတြင္းက  တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားရံုးအား ဖြင့္လွစ္ခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕တြင္ ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းအတြင္း ဖြင့္လွစ္လုိက္ျခင္းျဖစ္သည္။

သတင္း - ေဇာင္းညီ
ဓာတ္ပုံ -  စိုးထြန္းႏိုင္(ေကာင္းဆက္လင္း )


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံးကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံးကို မကာဟိုခမ်းရပ်ကွက်၊ သာသနာရေးမှူးဦးစီးရုံးလမ်းရှိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနီးတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ရုံးဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် တက်ရောက် ဖွင့်လှစ်ပေးရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ပါတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

"လူထုတွေရဲ့ ဖြစ်နေတဲ့ ပြဿနာတွေရယ် လူထုတိုင်ကြားစာတွေရယ်ကို ဖြေရှင်းမယ်။ နောက်ပြီး လူထုရဲ့ လိုအပ်ချက်တွေ သူတို့ အကူအညီတောင်းလာတဲ့ တောင်းဆိုချက်တွေကို ဘာတွေ မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မလဲ ဆိုတာတွေနဲ့ လွှတ်တော်မှာ ဆောင်ရွက်ပေးနိုင်ဖို့အတွက် လုပ်သွားမှာပါ"ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

အဆိုပါ ရုံးအား အများပြည်သူလူထုအတွက် နေ့စဉ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စနေ၊ တနင်္ဂေနွ ပိတ်ရက် သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။

"ရုံးအဖွဲ့(၆)ဦးနဲ့ ဆောင်ရွက်သွားပြီး ရုံးကတော့ နေ့စဉ် ဖွင့်သွားမှာပါ။ လူထုက တစ်ခုခု အရေးပေါ်ဖြစ်တယ်ဆိုရင် စနေ၊ တနင်္ဂေနွခံနေလို့ အလုပ်မဖြစ်ဘူး။ လာရောက်ပြီး အကူအညီတောင်းလာသူတွေ အဆင်ပြေဖို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမှာပါ" ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်းက တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့တွင် လွှတ်တော် ကိုယ်စားလှယ်များရုံးအား ဖွင့်လှစ်ခဲ့ပြီး တာချီလိတ်မြို့တွင် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

သတင်း - ဇောင်းညီ
ဓာတ်ပုံ - စိုးထွန်းနိုင်(ကောင်းဆက်လင်း )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~