ၿမိတ္ခရိုင္အတြင္းရွိ ကင္းမြန္မီးထြန္းေလွ အစီး ၁၀၀ ေက်ာ္ လုပ္ငန္းလိုင္စင္မရရိွ

ၿမိတ္ခရိုင္အတြင္းရွိ ကင္းမြန္မီးထြန္းေလွ အစီး ၁၀၀ ေက်ာ္ လုပ္ငန္းလိုင္စင္မရရိွ
ဒီဇင်ဘာ 23, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခရိုင္အတြင္း လုပ္ကိုင္ေနသာ ကင္းမြန္မီးထြန္းေလွ အစီးေရ (၁၀၀) ေက်ာ္အား ယခုႏွစ္အတြက္ လုပ္ပိုင္ခြင္႔ လုပ္ငန္းလိုင္စင္မ်ားထပ္မံ မရရိွေတာ့ေၾကာင္း ၿမိတ္ခရိုင္ ကင္းမြန္ လုပ္ငန္းရွင္မ်ားအသင္းရံုးမွ သိရသည္။

ၿမိတ္ခရိုင္အတြင္း ၿမိတ္ - ကြ်န္းစုၿမိဳ႕နယ္တို႔တြင္ ကင္းမြန္မီးထြန္းေလွ အစီးေရ (၈၀၀) ေက်ာ္ ရွိသည့္အနက္ လိုင္စင္မရွိ၊ ေလွ်ာက္ထားဆဲ ကင္းမြန္မီးထြန္းေလွ အစီးေရ (၁၀၀) ေက်ာ္အား ယခင္ အစိုးရလက္ထက္မွ စတင္၍ လက္ရွိ အစိုးရလက္ထက္အထိ လုပ္ပိုင္ခြင့္ လိုင္စင္မ်ားကို အႀကိမ္ႀကိမ္ ေလွ်ာက္ထားေသာ္လည္း ထပ္မံ မခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လိုင္စင္မရိွသည့္အတြက္ အဆိုပါ ေလွမ်ားမွာ ပင္လယ္ျပင္တြင္ တနသၤာရီ ေရတပ္စခန္းဌာနခ်ဳပ္မွ ေခၚယူ စစ္ေဆးျခင္းအျပင္ အေထာက္အထား စာရြက္စာတမ္းမ်ား စံုလင္စြာ မပါရွိျခင္းတို႔ေၾကာင့္ ဖမ္းဆီး အေရးယူမွဳမ်ားႏွင့္ ႀကံဳေနရသည္ဟု ၿမိတ္ခရိုင္ ၊ ကင္းမြန္လုပ္ငန္းရွင္မ်ားအသင္းရံုးမွ တြဲဖက္အတြင္းေရးမွဴး ဦးေဌးလွိဳင္ထံမွ သိရသည္။

“လက္ရွိျဖစ္ေနတာက ကင္းမြန္မီးထြန္းေလွေတြမွာ ေလွဂရမ္၊ စက္ဂရမ္ေတြ အားလံုး ရွိၾကပါတယ္။ တိုင္းေဒသႀကီး ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ရံုးအထိ တင္ျပထားေပမဲ့ အစိုးရဖက္က ဒီကိစၥေတြကို ေျပလည္ေအာင္ ေျဖရွင္းေပးႏိုင္ျခင္း မရွိေသးဘူး။ အဲဒါေၾကာင့္ ကမ္းနီးေရလုပ္သားေတြမွာ တရားမ၀င္ကင္းမြန္မီးေလွအျဖစ္ သတ္မွတ္ခံေနရၿပီး အလုပ္ဆက္လုပ္လို႔မရ ျဖစ္ေနၾကတယ္”ဟု ဦးေဌးလွိဳင္က ရွင္းျပသည္။

တရားမ၀င္ ကင္းမြန္မီးထြန္းေလွမ်ားနဲ႔ ပတ္သက္ၿပီး ၿမိတ္ခရိုင္ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ရံုးမွ ေဆာင္ရြက္ႏိုင္ျခင္း မရိွဘဲ တိုင္းေဒသႀကီး ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ကသာ ေျဖရွင္းေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း ၿမိတ္ခရိုင္ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ရံုး တာဝန္ရိွသူတစ္ဦးက ဆိုသည္။

သတင္း - ေဇာ္ေဇာ္

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း လုပ်ကိုင်နေသာ ကင်းမွန်မီးထွန်းလှေ အစီးရေ (၁၀၀) ကျော်အား ယခုနှစ်အတွက် လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်များထပ်မံ မရရှိတော့ကြောင်း မြိတ်ခရိုင် ကင်းမွန် လုပ်ငန်းရှင်များအသင်းရုံးမှ သိရသည်။

မြိတ်ခရိုင်အတွင်း မြိတ် - ကျွန်းစုမြို့နယ်တို့တွင် ကင်းမွန်မီးထွန်းလှေ အစီးရေ (၈၀၀) ကျော် ရှိသည့်အနက် လိုင်စင်မရှိ၊ လျှောက်ထားဆဲ ကင်းမွန်မီးထွန်းလှေ အစီးရေ (၁၀၀) ကျော်အား ယခင် အစိုးရလက်ထက်မှ စတင်၍ လက်ရှိ အစိုးရလက်ထက်အထိ လုပ်ပိုင်ခွင့် လိုင်စင်များကို အကြိမ်ကြိမ် လျှောက်ထားသော်လည်း ထပ်မံ မချပေးခြင်းဖြစ်ကြောင်း သိရသည်။

လိုင်စင်မရှိသည့်အတွက် အဆိုပါ လှေများမှာ ပင်လယ်ပြင်တွင် တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ခေါ်ယူ စစ်ဆေးခြင်းအပြင် အထောက်အထား စာရွက်စာတမ်းများ စုံလင်စွာ မပါရှိခြင်းတို့ကြောင့် ဖမ်းဆီး အရေးယူမှုများနှင့် ကြုံနေရသည်ဟု မြိတ်ခရိုင်၊ ကင်းမွန်လုပ်ငန်းရှင်များအသင်းရုံးမှ တွဲဖက်အတွင်းရေးမှူး ဦးဌေးလှိုင်ထံမှ သိရသည်။

“လက်ရှိဖြစ်နေတာက ကင်းမွန်မီးထွန်းလှေတွေမှာ လှေဂရမ်၊ စက်ဂရမ်တွေ အားလုံး ရှိကြပါတယ်။ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးအထိ တင်ပြထားပေမဲ့ အစိုးရဖက်က ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူး။ အဲဒါကြောင့် ကမ်းနီးရေလုပ်သားတွေမှာ တရားမဝင်ကင်းမွန်မီးလှေအဖြစ် သတ်မှတ်ခံနေရပြီး အလုပ်ဆက်လုပ်လို့မရ ဖြစ်နကြေတယ်”ဟု ဦးဌေးလှိုင်က ရှင်းပြသည်။

တရားမဝင် ကင်းမွန်မီးထွန်းလှေများနဲ့ ပတ်သက်ပြီး မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ကသာ ဖြေရှင်းဆောင်ရွက်နခြေင်းဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သတင်း - ဇော်ဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~