အခမဲ့သင္ၾကားေပးေနသည့္ လူသံုးကုန္ႏွင့္အလွကုန္ ထုတ္လုပ္မႈနည္းပညာသင္တန္း တာခ်ီလိတ္တြင္ စတင္

အခမဲ့သင္ၾကားေပးေနသည့္ လူသံုးကုန္ႏွင့္အလွကုန္ ထုတ္လုပ္မႈနည္းပညာသင္တန္း တာခ်ီလိတ္တြင္ စတင္
ဒီဇင်ဘာ 18, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ လူသံုးကုန္ႏွင့္ အလွကုန္ပစၥည္း ထုတ္လုပ္မႈ နည္းပညာ သင္တန္းကို ဒီဇင္ဘာလ (၁၈)ရက္ေန႔မွစ၍ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရံုးတြင္ သင္တန္းသား (၃၀)ဦးအား အခမဲ့ သင္ၾကားေပးေနလွ်က္ရွိေၾကာင္း သိရသည္။

သင္တန္းဖြင့္ပြဲကို တာခ်ီလိတ္ၿမိဳ႕နယ္အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရံုးတြင္ ျပဳလုပ္ရာ  ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္ မွ အဆိုပါ သင္တန္းႏွင့္ ပတ္သက္၍ အဖြဲ႕အမွာစကား ေျပာၾကားခဲ့ၿပီး သင္တန္းကို စတင္ခဲ့ေၾကာင္းသိရသည္။

သင္တန္းကို လူသုံးကုန္ပစၥည္း(၁၆)မ်ိဳး ႏွင့္ အလွကုန္ပစၥည္း(၁၆)မ်ိဳးတို႔၏  ထုတ္လုပ္မႈနည္းပညာမ်ားကို မနက္(၉)နာရီမွညေန (၅)နာရီအခ်ိန္ထိ (၇)ရက္ၾကာ စာေတြ႕လက္ေတြ႕ သင္တန္းပို႔ခ် သြားမည္ျဖစ္ေၾကာင္းသိရသည္။

လူသံုးကုန္ႏွင့္ အလွကုန္ပစၥည္း ထုတ္လုပ္မႈ နည္းပညာ သင္တန္းကို ရန္ကုန္ရုံးခ်ဳပ္ ႏွင့္ ေတာင္ႀကီးရုံးတို႕မွ သင္တန္းဆရာမ (၂)ဦးတို႔က သင္ၾကားပို႔ခ်ေပးသြားမွာျဖစ္ၿပီး သင္တန္းၿပီးေျမာက္သည့္အခါ သင္တန္းဆင္းလက္မွတ္မ်ားကိုလည္း ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ဒီဇင်ဘာလ (၁၈)ရက်နေ့မှစ၍ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် သင်တန်းသား (၃၀)ဦးအား အခမဲ့ သင်ကြားပေးနေလျှက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲကို တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ရာ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် မှ အဆိုပါ သင်တန်းနှင့် ပတ်သက်၍ အဖွဲ့အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကို စတင်ခဲ့ကြောင်းသိရသည်။

သင်တန်းကို လူသုံးကုန်ပစ္စည်း(၁၆)မျိုး နှင့် အလှကုန်ပစ္စည်း(၁၆)မျိုးတို့၏ ထုတ်လုပ်မှုနည်းပညာများကို မနက်(၉)နာရီမှညနေ (၅)နာရီအချိန်ထိ (၇)ရက်ကြာ စာတွေ့လက်တွေ့ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။

လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ရန်ကုန်ရုံးချုပ် နှင့် တောင်ကြီးရုံးတို့မှ သင်တန်းဆရာမ (၂)ဦးတို့က သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းပြီးမြောက်သည့်အခါ သင်တန်းဆင်းလက်မှတ်များကိုလည်း ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~