ကာယိနြေ္ဒပျက်စေမှုဖြင့် တရားစွဲခံရသည့် တရုတ်နိုင်ငံသား ဥပဒေသုံးခုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ

ကာယိနြေ္ဒပျက်စေမှုဖြင့် တရားစွဲခံရသည့် တရုတ်နိုင်ငံသား ဥပဒေသုံးခုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ
ဒီဇငျဘာ 28, 2016
By Tachileik News Agency

ဝန်ထမ်းအမျိုးသမီးကို ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် တရားစွဲခံထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ကြိမ်သီးပုတီးစေ့လုပ်ငန်း  အလုပ်ရုံပိုင်ရှင် တရုတ်နိုင်ငံသားအား မြိတ်ခရိုင်တရားရုံးက ဥပဒေသုံးခုဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် နှစ်လ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား zhawg Quan (ခ) တာကွန်းသည် အလုပ်ရုံမှ အမျိုးသမီးတစ်ဦးအား ကာယိနြေ္ဒပျက်ပြားစေရန် ပြုလုပ်ခြင်း၊ ညစ်ညမ်းပုံများ ပြသခြင်းတို့ကြောင့် အောက်တိုဘာလတွင် တရား စွဲဆိုခံရခြင်း ဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် ထောင်ဒဏ် (၂) နှစ်၊ သစ်တောဥပဒေပုဒ်မ ၄၁ (က) အရ ထောင်ဒဏ် (၁) လနှင့် ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခြင်း၊ ညစ်ညမ်းပုံများ ပြသခြင်း ဥပဒေပုဒ်မ ၂၉၂ (က) အရ ထောင်ဒဏ် (၁) လ စုစုပေါင်း ပြစ်ဒဏ် (၂) နှစ်နှင့် (၂)လကို ဒီဇင်ဘာလ (၂၃) ရက်နေ့က ချမှတ်လိုက်ကြောင်း မြိတ်မြို့နယ်တရားသူကြီး ဦးမျိုးဝင်းထံမှ သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့က ကလွင်ရေပုန်းရပ် တက္ကသိုလ်ရိပ်သာ (၄) လမ်းရှိ ကြိမ်သီးပုတီးစေ့ အလုပ်ရုံမှ အလုပ်သမား ဖြစ်သူအမျိုးသမီးတစ်ဦးအား ကာယိနြေ္ဒပျက်ပြားအောင် ပြုမူခဲ့ကြောင်း ကလွင်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် တိုင်တန်းရာမှ တရားစွဲဆိုခြင်းခံရပြီး ရုံးချိန်း ဆယ်ကြိမ် တက်ရောက် စစ်ဆေးခံပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်း - ဇော်ဇော်

~~~~~~~~⊰❂ unicode ~~~~~~~~
ဝန်ထမ်းအမျိုးသမီးကို ကာယိန္ဒပျြေက်ပြားစေမှုဖြင့် တရားစွဲခံထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ကြိမ်သီးပုတီးစေ့လုပ်ငန်း အလုပ်ရုံပိုင်ရှင် တရုတ်နိုင်ငံသားအား မြိတ်ခရိုင်တရားရုံးက ဥပဒေသုံးခုဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် နှစ်လ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား zhawg Quan (ခ) တာကွန်းသည် အလုပ်ရုံမှ အမျိုးသမီးတစ်ဦးအား ကာယိန္ဒပျြေက်ပြားစေရန် ပြုလုပ်ခြင်း၊ ညစ်ညမ်းပုံများ ပြသခြင်းတို့ကြောင့် အောက်တိုဘာလတွင် တရား စွဲဆိုခံရခြင်း ဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် ထောင်ဒဏ် (၂) နှစ်၊ သစ်တောဥပဒေပုဒ်မ ၄၁ (က) အရ ထောင်ဒဏ် (၁) လနှင့် ကာယိန္ဒပျြေက်ပြားအောင် ပြုလုပ်ခြင်း၊ ညစ်ညမ်းပုံများ ပြသခြင်း ဥပဒေပုဒ်မ ၂၉၂ (က) အရ ထောင်ဒဏ် (၁) လ စုစုပေါင်း ပြစ်ဒဏ် (၂) နှစ်နှင့် (၂)လကို ဒီဇင်ဘာလ (၂၃) ရက်နေ့က ချမှတ်လိုက်ကြောင်း မြိတ်မြို့နယ်တရားသူကြီး ဦးမျိုးဝင်းထံမှ သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့က ကလွင်ရေပုန်းရပ် တက္ကသိုလ်ရိပ်သာ (၄) လမ်းရှိ ကြိမ်သီးပုတီးစေ့ အလုပ်ရုံမှ အလုပ်သမား ဖြစ်သူအမျိုးသမီးတစ်ဦးအား ကာယိန္ဒပျြေက်ပြားအောင် ပြုမူခဲ့ကြောင်း ကလွင်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် တိုင်တန်းရာမှ တရားစွဲဆိုခြင်းခံရပြီး ရုံးချိန်း ဆယ်ကြိမ် တက်ရောက် စစ်ဆေးခံပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်း - ဇော်ဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~