ေမြးရာပါ ေခါင္းႀကီးကေလးငယ္အား ကုသရန္လွဴဒါန္းေငြမွ လစဥ္ေထာက္ပံ့ရန္ စီစဥ္ေန

ေမြးရာပါ ေခါင္းႀကီးကေလးငယ္အား ကုသရန္လွဴဒါန္းေငြမွ လစဥ္ေထာက္ပံ့ရန္ စီစဥ္ေန
ဒီဇင်ဘာ 30, 2016
By Tachileik News Agency

ၿမိတ္ၿမိဳ႕နယ္၊ ေက်ာက္ဖ်ာေက်းရြာမွ ေမြးရာပါ ေခါင္းႀကီးေနသည့္ ကေလးငယ္အား ရန္ကုန္ေဆးရံုႀကီးတြင္ ေဆးကုသမႈခံယူရန္ လႈဒါန္းေငြ က်ပ္သိန္း (၄၀)ေက်ာ္အနက္ ကုသမႈအၿပီးတြင္ လက္က်န္ေငြ က်ပ္ (၂၄)သိန္း က်န္ရိွသျဖင့္ လစဥ္ေထာက္ပံ့ေငြရရိွရန္ ဘဏ္တြင္ အပ္ႏွံထားေပးရန္ စီစဥ္ထားေၾကာင္း သိရသည္။

အဆိုပါ ကေလးငယ္ ေမာင္ပိုင္းလင္းစိုးအတြက္ အလႈေငြမ်ားမွ လက္က်န္ေငြ (၂၄) သိန္းက်ပ္ကို ပရဟိတေမာင္ႏွမကြန္ရက္မွ တာ၀န္ရွိသူတစ္ဦး၊ ရပ္မိရပ္ဖႏွစ္ဦးတို႔ျဖင္႔ လစဥ္ေထာက္ပံ႔ေငြ၊ အေရးေပၚေဆးကုသႏိုင္ရန္အတြက္ ဘဏ္တြင္ အပ္ႏွံသြားမည္ျဖစ္ေၾကာင္း ပရဟိတေမာင္ႏွမကြန္ရက္မွ သိရသည္။

“ကေလးက်န္းမာေရး အေျခအေနက ခြဲစိတ္ဆရာ၀န္ႀကီး ကိုယ္တိုင္ကိုက အသက္ရွင္မယ္ မရွင္ဘူးဆိုတာ အာမ မခံဘူးေျပာတယ္။ ကြ်န္မတို႔က ဒီကေလးေလးကို အသက္ရွင္ေနႏိုင္သြားေအာင္ဆိုၿပီး ဒီလက္က်န္ေငြေလးကို အခ်ိန္မေရြး အေရးေပၚ ထုတ္သံုးႏိုင္ဖို႔ မိဘႏွစ္ဦးရဲ႕ သေဘာတူညီခ်က္အရ ဘဏ္မွာ အပ္ႏွံေပးသြားမွာပါ”ဟု ေဒၚမိမာက ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ ေဆးကုသခံယူေနရသည္႔ ေမြးရာပါ ေခါင္းႀကီး ကေလးငယ္ တစ္ဦးျဖစ္ေသာ ေမာင္ပိုင္လင္းစိုးသည္၊ ႏို၀င္ဘာလ (၁၆) ရက္ေန႔တြင္ ၿမိတ္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာကာ ဒီဇင္ဘာလ (၃၀) ရက္ေန႔တြင္ ပရဟိတေမာင္ႏွမကြန္ရက္ႏွင့္ ေစတနာရွင္မ်ားမွ လွဴဒါန္းထားသည့္ အလွဴေငြ ရွင္းတမ္းႏွင့္ ဆြမ္းေၾကြးဒါနျပဳ အစီအစဥ္တစ္ခုကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အသက္ (၁၁) လေက်ာ္အရြယ္ ေမာင္ပိုင္လင္းစိုးအား တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕နယ္၊ ေက်ာက္ဖ်ာေက်းရြာတြင္ ေမြးဖြားခဲ့ၿပီး ေမြးရာပါ ေခါင္းႀကီးေရာဂါ ေ၀ဒနာကို ခံစားေနရေသာ္လည္း မိသားစုမွာ ဆင္းရဲခ်ိဳ႕တဲ့သျဖင့္ ေဆးကုသခံႏိုင္ျခင္း မရွိဘဲျဖစ္ေနစဥ္ ၿမိတ္ၿမိဳ႕မွ ပရဟိတ ေမာင္ႏွမကြန္ရက္မွ ကူညီပံ့ပိုးမွဳျဖင့္ ရန္ကုန္ၿမိဳ႕ ေဆးရံုႀကီးတြင္ ေအာင္တိုဘာလ (၂၅) ရက္ေန႔မွ ႏို၀င္ဘာလအထိ ေဆးကုသခံယူခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကေလးငယ္၏ ဦးေခါင္းအတြင္းမွ ေရအိတ္ကို ခြဲစိတ္ကုသ စုပ္ထုတ္ခဲ႔ရေၾကာင္း သိရၿပီး အလားတူ ေခါင္းႀကီးေ၀ဒနာေရာဂါကို ခံစားေနရသည္႔ ကေလးငယ္ႏွစ္ဦးလည္း ၿမိတ္ၿမိဳ႕တြင္ရွိေနေၾကာင္း သိရသည္။

သတင္း - ေဇာ္ေဇာ္ (ၿမိတ္)


~~~~~~~~⊰❂ unicode ~~~~~~~~

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာမှ မွေးရာပါ ခေါင်းကြီးနေသည့် ကလေးငယ်အား ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် လှုဒါန်းငွေ ကျပ်သိန်း (၄၀)ကျော်အနက် ကုသမှုအပြီးတွင် လက်ကျန်ငွေ ကျပ် (၂၄)သိန်း ကျန်ရှိသဖြင့် လစဉ်ထောက်ပံ့ငွေရရှိရန် ဘဏ်တွင် အပ်နှံထားပေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ကလေးငယ် မောင်ပိုင်းလင်းစိုးအတွက် အလှုငွေများမှ လက်ကျန်ငွေ (၂၄) သိန်းကျပ်ကို ပရဟိတမောင်နှမကွန်ရက်မှ တာဝန်ရှိသူတစ်ဦး၊ ရပ်မိရပ်ဖနှစ်ဦးတို့ဖြင့် လစဉ်ထောက်ပံ့ငွေ၊ အရေးပေါ်ဆေးကုသနိုင်ရန်အတွက် ဘဏ်တွင် အပ်နှံသွားမည်ဖြစ်ကြောင်း ပရဟိတမောင်နှမကွန်ရက်မှ သိရသည်။

“ကလေးကျန်းမာရေး အခြေအနေက ခွဲစိတ်ဆရာဝန်ကြီး ကိုယ်တိုင်ကိုက အသက်ရှင်မယ် မရှင်ဘူးဆိုတာ အာမ မခံဘူးပြောတယ်။ ကျွန်မတို့က ဒီကလေးလေးကို အသက်ရှင်နေနိုင်သွားအောင်ဆိုပြီး ဒီလက်ကျန်ငွေလေးကို အချိန်မရွေး အရေးပေါ် ထုတ်သုံးနိုင်ဖို့ မိဘနှစ်ဦးရဲ့ သဘောတူညီချက်အရ ဘဏ်မှာ အပ်နှံပေးသွားမှာပါ”ဟု ဒေါ်မိမာက ပြောသည်။

ရန်ကုန်မြို့တွင် ဆေးကုသခံယူနေရသည့် မွေးရာပါ ခေါင်းကြီး ကလေးငယ် တစ်ဦးဖြစ်သော မောင်ပိုင်လင်းစိုးသည်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာကာ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပရဟိတမောင်နှမကွန်ရက်နှင့် စေတနာရှင်များမှ လှူဒါန်းထားသည့် အလှူငွေ ရှင်းတမ်းနှင့် ဆွမ်းကြွေးဒါနပြု အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် (၁၁) လကျော်အရွယ် မောင်ပိုင်လင်းစိုးအား တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးရာပါ ခေါင်းကြီးရောဂါေဝဒနာကို ခံစားနေရသော်လည်း မိသားစုမှာ ဆင်းရဲချို့တဲ့သဖြင့် ဆေးကုသခံနိုင်ခြင်း မရှိဘဲဖြစ်နေစဉ် မြိတ်မြို့မှ ပရဟိတ မောင်နှမကွန်ရက်မှ ကူညီပံ့ပိုးမှုဖြင့် ရန်ကုန်မြို့ ဆေးရုံကြီးတွင် အောင်တိုဘာလ (၂၅) ရက်နေ့မှ နိုဝင်ဘာလအထိ ဆေးကုသခံယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်၏ ဦးခေါင်းအတွင်းမှ ရေအိတ်ကို ခွဲစိတ်ကုသ စုပ်ထုတ်ခဲ့ရကြောင်း သိရပြီး အလားတူ ခေါင်းကြီးေဝဒနာရောဂါကို ခံစားနေရသည့် ကလေးငယ်နှစ်ဦးလည်း မြိတ်မြို့တွင်ရှိနေကြောင်း သိရသည်။

သတင်း - ဇော်ဇော် (မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~