တောင်ကြီးခရိုင်အတွင်းမှ မြေသိမ်းဆည်းခံ တောင်သူ ဦးရေ (၁၃၀) တရားစွဲဆိုခံနေရ

တောင်ကြီးခရိုင်အတွင်းမှ မြေသိမ်းဆည်းခံ တောင်သူ ဦးရေ (၁၃၀) တရားစွဲဆိုခံနေရ
ဇူလိုငျ 25, 2016
By Tachileik News Agency


"ဒီနေ့ တောင်သူ(၂၅)ဦးကို ထပ်ပြီးတရားစွဲခဲ့တာပါ၊ ရွှေညောင်တရားရုံးမှာပါဘဲ အခုတစ်ခါက တာဝန်ခံ ဗိုလ်မှူးအောင်ထွေးကနေပြီး ပုဒ်မ(၄၄၇)၊ ပုဒ်မ(၄၂၇)တွေနဲ့ တရားစွဲတာပါ၊ တရားစွဲခံရတာ(၃)မှုရှိသွားပြီ အားလုံး တရားလိုဘက်က သက်သေတွေဘဲ စစ်တယ်၊ ကျွန်မတို့ကို အမှုရုံးချိန်းလာခိုင်းပြီး ဘာမှမစစ်ဘူး အခုချိန်ထိ အချိန်ကုန်လူပမ်းဖြစ်နေပါတယ်"ဟု ရေပူကျေးရွာမှ တောင်သူ ဒေါ်မော်မော်ဦးက ပြောသည်။

တပ်မတော်မှ သိမ်းဆည်းထားသော မြေဧကမှာ (၄,၀၀၀)ကျော်ရှိပြီး တရားမ၀င် သိမ်းဆည်းထားသည့် မြေဧကများလည်း ပါဝင်ကြောင်းနှင့် စိုက်ပျိုးရာသီဖြစ်သည့် အတွက် တောင်သူများအား ရုံးချိန်းများ ဆက်တိုက်ခေါ်ယူနေခြင်းကြောင့် လယ်ယာလုပ်ငန်းခွင် ထိခိုက်မှုများ ရှိလာကြောင်း ၎င်းမှပြောသည်။

စိုက်ပျိုးထားသည့် မြေနေရာကို အဓမ္မဖယ်ရှားခံရသောကြောင့် ရေပူကျေးရွာမှ တောင်သူ ဦးမြင့်အောင်က မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့သတ်သေရန် ကြံစည်ခဲ့ပြီး၊ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သောကြောင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး အမှုအခြေအနေမှာ ပြီးပြတ်ခြင်းမရှိဘဲ တောင်သူများအား ထပ်မံ၍ ဆက်တိုက် တရားစွဲဆိုနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ကိုဇက်

.....................

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရေပူကျေးရွာမှ မြေသိမ်းဆည်းခံ တောင်သူများ တရားစွဲဆို ခံရမှုမှာ တောင်သူ ဦးရေ (၁၃၀)ကျော် ခန့်ရှိလာပြီး ဇူလိုင်(၂၅)ရက်နေ့က တောင်သူ(၂၅)ဦးအား ရွှေညောင်မြို့နယ် တရားရုံးတွင် ထပ်မံ တရားစွဲဆိုထားကြောင်း သိရသည်။

"ဒီနေ့ တောင်သူ(၂၅)ဦးကို ထပ်ပြီးတရားစွဲခဲ့တာပါ၊ ရွှေညောင်တရားရုံးမှာပါဘဲ အခုတစ်ခါက တာဝန်ခံ ဗိုလ်မှူးအောင်ထွေးကနပြေီး ပုဒ်မ(၄၄၇)၊ ပုဒ်မ(၄၂၇)တွေနဲ့ တရားစွဲတာပါ၊ တရားစွဲခံရတာ(၃)မှုရှိသွားပြီ အားလုံး တရားလိုဘက်က သက်သေတွေဘဲ စစ်တယ်၊ ကျွန်မတို့ကို အမှုရုံးချိန်းလာခိုင်းပြီး ဘာမှမစစ်ဘူး အခုချိန်ထိ အချိန်ကုန်လူပမ်းဖြစ်နေပါတယ်"ဟု ရေပူကျေးရွာမှ တောင်သူ ဒေါ်မော်မော်ဦးက ပြောသည်။

တပ်မတော်မှ သိမ်းဆည်းထားသော မြေဧကမှာ (၄,ဝဝဝ)ကျော်ရှိပြီး တရားမဝင် သိမ်းဆည်းထားသည့် မြေဧကများလည်း ပါဝင်ကြောင်းနှင့် စိုက်ပျိုးရာသီဖြစ်သည့် အတွက် တောင်သူများအား ရုံးချိန်းများ ဆက်တိုက်ခေါ်ယူနခြေင်းကြောင့် လယ်ယာလုပ်ငန်းခွင် ထိခိုက်မှုများ ရှိလာကြောင်း၎င်းမှပြောသည်။

စိုက်ပျိုးထားသည့် မြေနေရာကို အဓမ္မဖယ်ရှားခံရသောကြောင့် ရေပူကျေးရွာမှ တောင်သူ ဦးမြင့်အောင်က မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့သတ်သေရန် ကြံစည်ခဲ့ပြီး၊ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သောကြောင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှု ခံယူစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး အမှုအခြေအနေမှာ ပြီးပြတ်ခြင်းမရှိဘဲ တောင်သူများအား ထပ်မံ၍ ဆက်တိုက် တရားစွဲဆိုနခြေင်းဖြစ်ကြောင်း သိရသည်။

ကွန်လုံကျေးရွာအုပ်စုနှင့် ကျောက်နီကျေးရွာအုပ်စု အတွင်းရှိ တောင်ယာမြေ ဧက ၅,ဝဝဝ ကို ၂၀၀၄ ခုနှစ်က ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၀ ခုနှစ်မှ စတင်ကာ တောင်သူများကို သီးစားခ ပေးဆောင်ခိုင်းပြီး တောင်ယာလုပ်ကိုင်ခွင့် ပြုခဲ့ရာမှ ၂၀၁၅ ခုနှစ် မေလ (၂၀)ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်သူများ စိုက်ပျိုးထားသည့် မြေနေရာတွင် အဆောက်အအုံ (၅)လုံးဆောက်လုပ်ရန် ဆောက်လုပ်ရေးပစ္စည်းများ လာရောက် ထားရှိခဲ့သည်ကို တောင်သူ ဦးရေ (၁၀၀)ကျော်က ကန့်ကွက်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~