က်ဳိင္းတံုၿမိဳ႕ ေနာင္တံုကန္အတြင္း အမ်ဳိးသမီးတစ္ဦး ေသဆံုး

က်ဳိင္းတံုၿမိဳ႕ ေနာင္တံုကန္အတြင္း အမ်ဳိးသမီးတစ္ဦး ေသဆံုး
ဇူလိုင် 28, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ဳိင္းတံုၿမိဳ႕ရွိ ေနာင္တုံကန္အတြင္း အသက္(၂၈)ႏွစ္ရွိ အမ်ဳိးသမီးတစ္ဦး ေရနစ္ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေရနစ္ေသဆံုးသူသည္ က်ဳိင္းတံုၿမိဳ႕၊ ေနာင္ကုန္အုပ္စုရွိ ပန္လင္ရြာ၌ ေနထိုင္သူ မနန္းေအြေက်ာက္ျဖစ္ၿပီး အသက္(၂၈)ႏွစ္ရွိေၾကာင္းႏွင့္ ဇူလိုင္လ(၂၈)ရက္ေန႔ နံနက္(၇)နာရီခြဲ၀န္းက်င္းက ေနာင္တံုကန္အတြင္း၌ ေရနစ္ေသဆံုးျခင္း ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မနန္းေအြေက်ာက္သည္ ေနအိမ္မွ အလုပ္သို႔ နံနက္အေစာပိုင္းက ထြက္ခြာသြားခဲ့ၿပီး နံနက္(၇)နာရီခြဲ အခ်ိန္ခန္႔တြင္ ၎ႏွင့္ခင္မင္ရင္းႏွီးသူ စိုင္းဖတ္တစ္မွာ ေနအိမ္သို ့ သြားေရာက္ ေမးျမန္းရာ နန္းေအြေက်ာက္မွာ အလုပ္သို ့သြားၿပီဟု သိရသျဖင့္ စိုင္းဖတ္တစ္မွာ နန္းေအြေက်ာက္အား ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ေခၚဆို၍ မရသျဖင့္ လိုက္လံရွာေဖြရာမွ နန္းေအြေက်ာက္ စီးနင္းသည့္ ဆိုင္ကယ္အား ေနာင္တုံကန္ပတ္လမ္း၊ ျပည္ခိုင္ၿဖိဳးရုံးေရွ ့တြင္ ေတြ ့ရသည့္အျပင္ ၎အသုံးျပဳသည့္ လြယ္အိတ္အား ေနာင္တုံကန္ေဘာင္ေဘးရိွ ထို္င္ခုံေပၚႏွင့္ မိန္းမစီးဖိနပ္တစ္ရံအား ေတြ ့ရိွရသျဖင့္ စိုင္းဖတ္တစ္မွ နန္းေအြေက်ာက္၏ မိဘမ်ားအား သြားေရာက္ေခၚယူကာ  ေနာင္တုံကန္အတြင္းဆင္း၍ ရွာေဖြရာ ေရကန္၏ အုပ္စီထားသည့္ နံရံအနီးေရေအာက္၌  ေရနစ္ေသဆုံးသူ နန္းေအြေက်ာက္၏ အေလာင္းကို ရွာေဖြေတြ ့ရိွခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဆီ ဆက္သြယ္လာေတာ့ (၉)နာရီေလာက္ရိွၿပီ။သူတို ့ျဖစ္တာက (၇)နာရီခြဲေလာက္ထင္တယ္။ ျဖစ္ျဖစ္ခ်င္းေတာ့ အနားကလူေတြက ရွာေတာ့ရွာၾကတယ္္ ဒါေပမဲ့ လူကျပဳတ္က်ျပီးေတာ့ မေပၚလာဘဲနဲ ့ ေပ်ာက္သြားတဲ့အတြက္ အခ်ိန္ၾကာေတာ့ ေသသြားတယ္ ထင္ပါတယ္။ အဲ့ကေန ကၽြန္ေတာ္တို ့လည္း အေလာင္းကိုသယ္ၿပီးေတာ့ ေဆးရုံကိုပို ့ေပးခဲ့ပါတယ္။"ဟု က်ဳိင္းတံုၿမိဳ႕ ႏွလုံးလွပိုင္ရွင္မ်ား (အခမဲ့)လူမႈကူညီေရးအသင္းမွ ကိုသန္း၀င္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေရႏွစ္ေသဆံုးမႈႏွင့္ ပတ္သက္၍ သက္ဆိုင္ရာမွ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - ကိုသန္းဝင္းေအာင္
..........

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်း အသက်(၂၈)နှစ်ရှိ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသူသည် ကျိုင်းတုံမြို့၊ နောင်ကုန်အုပ်စုရှိ ပန်လင်ရွာ၌ နေထိုင်သူ မနန်းအွေကျောက်ဖြစ်ပြီး အသက်(၂၈)နှစ်ရှိကြောင်းနှင့် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်းက နောင်တုံကန်အတွင်း၌ ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မနန်းအွေကျောက်သည် နေအိမ်မှ အလုပ်သို့ နံနက်အစောပိုင်းက ထွက်ခွာသွားခဲ့ပြီး နံနက်(၇)နာရီခွဲ အချိန်ခန့်တွင်၎င်းနှင့်ခင်မင်ရင်းနှီးသူ စိုင်းဖတ်တစ်မှာ နေအိမ်သို့ သွားရောက် မေးမြန်းရာ နန်းအွေကျောက်မှာ အလုပ်သို့သွားပြီဟု သိရသဖြင့် စိုင်းဖတ်တစ်မှာ နန်းအွေကျောက်အား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆို၍ မရသဖြင့် လိုက်လံရှာဖွေရာမှ နန်းအွေကျောက် စီးနင်းသည့် ဆိုင်ကယ်အား နောင်တုံကန်ပတ်လမ်း၊ ပြည်ခိုင်ဖြိုးရုံးရှေ့တွင် တွေ့ရသည့်အပြင်၎င်းအသုံးပြုသည့် လွယ်အိတ်အား နောင်တုံကန်ဘောင်ဘေးရှိ ထို်င်ခုံပေါ်နှင့် မိန်းမစီးဖိနပ်တစ်ရံအား တွေ့ရှိရသဖြင့် စိုင်းဖတ်တစ်မှ နန်းအွေကျောက်၏ မိဘများအား သွားရောက်ခေါ်ယူကာ နောင်တုံကန်အတွင်းဆင်း၍ ရှာဖွေရာ ရေကန်၏ အုပ်စီထားသည့် နံရံအနီးရေအောက်၌ ရေနစ်သေဆုံးသူ နန်းအွေကျောက်၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ဆီ ဆက်သွယ်လာတော့ (၉)နာရီလောက်ရှိပြီ။သူတို့ဖြစ်တာက (၇)နာရီခွဲလောက်ထင်တယ်။ ဖြစ်ဖြစ်ချင်းတော့ အနားကလူတွေက ရှာတော့ရှာကြတယ် ဒါပေမဲ့ လူကပြုတ်ကျပြီးတော့ မပေါ်လာဘဲနဲ့ ပျောက်သွားတဲ့အတွက် အချိန်ကြာတော့ သေသွားတယ် ထင်ပါတယ်။ အဲ့ကနေ ကျွန်တော်တို့လည်း အလောင်းကိုသယ်ပြီးတော့ ဆေးရုံကိုပို့ပေးခဲ့ပါတယ်။"ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ (အခမဲ့)လူမှုကူညီရေးအသင်းမှ ကိုသန်းဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ရေနှစ်သေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကိုသန်းဝင်းအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~