နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် မန္တလေး၌ ပန်းချီပြပွဲ ပြုလုပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် မန္တလေး၌ ပန်းချီပြပွဲ ပြုလုပ်
ဇွန် 19, 2016
By Tachileik News Agency

မန္တလေး၊ ဇွန်(၁၉)
ယနေ့ ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီကားများကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး၊ အနုပညာလမ်းရှိ သီရိအနုပညာပြခန်းတွင် ပြသထားသည်။

အဆိုပါပြပွဲကို ဇွန်လ(၁၉)ရက်မှ ဇွန်လ(၂၁)ရက်နေ့ အထိ (၃)ရက်တိတိ နံနက်(၁၀)နာရီမှ ည(၈)နာရီအထိ ပြသသွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ။  ။ ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~