အလုပ်အကိုင်နဲ့ ပတ်သက်၍ TachileikJobs.com ရဲ့ အခမဲ့ ကြော်ငြာမှု အစီအစဉ်

အလုပ်အကိုင်နဲ့ ပတ်သက်၍ TachileikJobs.com ရဲ့ အခမဲ့ ကြော်ငြာမှု အစီအစဉ်
မေ 11, 2016
By Tachileik News Agency

TachileikJobs.com သည် အလုပ်အကိုင် လိုအပ်နေသော လူငယ်များအတွက် အထူးရည်ရွယ်ကာ တာချီလိတ်သတင်းအေဂျင်စီ ( Tachileik News Agency )မှ ကဏ္ဍတစ်ခုအနေဖြင့် ဖွင့်လှစ်လိုက်သည့် အခမဲ့ဝန်ဆောင်မှု တစ်ခုဖြစ်ပါသည်။

အဓိက အားဖြင့် တာချီလိတ်မြို့တွင်း အလုပ်အကိုင်များကို ရည်ရွယ်သော်လည်းကောင်း၊ တာချီလိတ်အနီးတစ်ဝိုက်မြို့များ အပါအ၀င် ရှမ်းပြည်နယ်အရှေ့ပိုင်းအထိလည်း ရည်ရွယ်ပါသည်။

အွန်လိုင်းပေါ်တွင် ၀န်ထမ်းလျှောက်လွှာခေါ်ယူရေးအတွက် ကြော်ငြာခြင်းသည် ပိုမိုထိရောက်သည့် အခြေအနေဖြစ်ပါသည်။ ယနေ့အခါသည် တော်တော်များများဟာ အွန်လိုင်းအသုံးပြုလာကြသည့်အတွက် အွန်လိုင်းပေါ်မှ ကြော်ငြာလိုက်ခြင်းဖြင့် ပိုမိုထိရောက် မြန်ဆန်စေမှာဖြစ်ပါသည်။

တာချီလိတ်မြို့ရှိ ကုမ္ပဏီများ၊ စတိုးဆိုင်များ၊ ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ စသည်တို့တွင် နေ့စား၊ လခစားတို့ဖြင့် ခန့်ထားနိုင်ရန်အတွက် ၀န်ထမ်းအလိုရှိပါက TachileikJobs.com  မှ အခမဲ့ ၀န်ဆောင်မှုပေးနေပါပြီ။ နေ့စားအတွက် ဖြစ်စေ၊ လခစား အတွက် ဖြစ်စေ ၀န်ထမ်းအမြန်ခန့်ထားရေးအတွက် TachileikJobs.com  ကို ဆက်သွယ်လိုက်ပါ။

အောက်ပါဆက်သွယ်ရန် ဖုန်းနံပါတ်မှ တဆင့် လွယ်ကူစွာ ဆက်သွယ်နိုင်ပြီး အချက်အလက်များကို Viber မှ ဖြစ်စေ၊ email မှ ဖြစ်စေ ပေးပို့နိုင်မှာ ဖြစ်ပါသည်။

Myanmar Ph: 09450046600
mai: [email protected]
Web: www.TachileikJobs.com
facebook: www.fb.com/TachileikJob ,

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net