NLD သည် အတိုက်အခံပါတီ မဟုတ်တော့ကြောင်း ပါတီဝင်များအား ပြည်နယ်ဝန်ကြီး သတိပေး
NLD သည် အတိုက်အခံပါတီ မဟုတ်တော့ကြောင်း ပါတီဝင်များအား ပြည်နယ်ဝန်ကြီး သတိပေး
မေ 20, 2016
By Tachileik News Agency
တာချီလိတ်၊ မေလ(၂၀)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ပါတီအနေဖြင့် အတိုက်အခံပါတီ မဟုတ်တော့သည့်အတွက် ပါတီဝင်များ အနေဖြင့် ဌာနဆိုင်ရာများနှင့် လက်တွဲဆောင်ရွက်ရန် ရှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတွင် ပါတီဝင်များအား ပြောကြားလိုက်သည်။
ပြည်နယ်အစိုးရ၏ သက်တမ်းတစ်လကျော်တွင် ရှမ်းပြည်နယ်အတွင်း ခရီးစဉ် (၂၁) ရက်မြောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သတင်း။  ။ ကိုဇက်
.....................
တာချီလိတ်၊ မေလ(၂၀)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ပါတီအနဖြေင့် အတိုက်အခံပါတီ မဟုတ်တော့သည့်အတွက် ပါတီဝင်များ အနဖြေင့် ဌာနဆိုင်ရာများနှင့် လက်တွဲဆောင်ရွက်ရန် ရှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတွင် ပါတီဝင်များအား ပြောကြားလိုက်သည်။
မေလ(၁၆)ရက်နေ့က ညနေပိုင်းက တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် တွေ့ဆုံစဉ်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
"ကျွန်တော်တို့က နှစ်ပေါင်း(၂၅)နှစ်လောက် အတိုက်အခံလုပ်လာတော့ အကျင့်က မပျောက်ချင်ကြဘူး။ အဓိက သတိပြုရမှာ ကျွန်တော်တို့က အစိုးရဖြစ်နပြေီ။ အတိုက်အခံ မဟုတ်တော့ဘူး။ ဒါကြောင့် တပ်မတော်နဲ့လည်း လက်တွဲရမယ်။ ဌာနဆိုင်ရာနဲ့လည်း ပူးပေါင်းရမယ်။ အခုချိန်ကတည်းက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမယ်"ဟု ရှမ်းပြည်နယ် လျှပ်စစ်နှင့်စွမ်းအင် ပြည်နယ်ဝန်ကြီး ဦးဆွေသိန်းက ပြောသည်။
ပြည်နယ်အစိုးရ၏ သက်တမ်းတစ်လကျော်တွင် ရှမ်းပြည်နယ်အတွင်း ခရီးစဉ် (၂၁) ရက်မြောက်ရှိနပြေီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်ကြည့်နေတာ ပါတီဝင်တွေ ကိုယ့်ပါတီ ယူနီဖောင်းဖြစ်တဲ့ ပင်နီတိုက်ပုံနဲ့ ပုဆိုးကို အဝတ်နည်းလာတာ တွေ့ရတယ်။ ဒီယူနီဖောင်းက ကျွန်တော်တို့ရဲ့ တိုက်ပွဲဝတ်စုံပါ။ ဒါလေးကို အလေးထား တန်ဖိုးထားစေချင်တယ်။ နောက်တစ်ခု အခုပါတီဝင်(၁၀၀)ရှိရင် နောက်ရွေးကောက်ပွဲအတွက် (၂၀၀)ဖြစ်အောင် ကြိုတင်ပြင်ဆင်ရမယ်။ ဌာနဆိုင်ရာနဲ့ အထူးသဖြင့် ထွေ/အုပ်နဲ့ ပူးပေါင်းဆောင်ရွက်မှရမှာ။ အခုကျွန်တော့်မဲဆန္ဒနယ် မောက်မယ်မှာ လေဘေးသင့်တော့ ပါတီကလူတွေက ကိုယ့်ဟာကိုယ် လုပ်မယ်ပြောလိုက်တော့ အောက်ခြေမှာ ပြဿနာတွဖြေစ်တယ်လေ။ ဒါမျိုးမဖြစ်အောင် ဒီမှာလည်း ပူးပေါင်းရမယ်"ဟု၎င်းက ဆိုသည်။
တာချီလိတ်မြို့သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သော စည်ပင်သာယာရေးဝန်ကြီးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးတို့ လာရောက်စဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတွင် ပါတီဝင်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~