မီးေဘးသင့္ ေနအိမ္(၂၉)လံုး အသစ္ျပန္လည္တ ည္ေဆာက္ရာသို႔ ျပည္နယ္စည္ပင္၀န္ႀကီးႏွင့္ အဖြဲ႔မွ သြားေရာက္ၾကည့္ရႈ

မီးေဘးသင့္ ေနအိမ္(၂၉)လံုး အသစ္ျပန္လည္တ ည္ေဆာက္ရာသို႔ ျပည္နယ္စည္ပင္၀န္ႀကီးႏွင့္ အဖြဲ႔မွ သြားေရာက္ၾကည့္ရႈ
မေ 17, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၁၇)
၂၀၁၆ခုႏွစ္ ဧၿပီလ(၉)ရက္ေန႔က ေနအိမ္(၂၉)လံုးမီးေဘးသင့္ခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္တြင္ ယခုအခါမွာ ေနအိမ္မ်ား ျပန္လည္ေဆာက္လုပ္ေနၿပီၿဖစ္ရာ ယေန႔ ေမလ(၁၇)ရက္ေန႔ နံနက္ပိုင္းက ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းႏွင့္ တာ၀န္ရွိသူမ်ားမွ သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ေနအိမ္(၂၉)လံုး မီးေလာင္ကြ်မ္းခဲ့ရၿပီး အသစ္ျပန္လည္၍ ေဆာက္လုပ္ေနသည့္ ေနရာတြင္ လုပ္ငန္းေဆာင္ရြက္မႈအေျခအေနမ်ားကို ေပါင္းစပ္ေဆာင္ရြက္ေပးႏိုင္ရန္အတြက္ ကြင္းဆင္းၾကည့္ရႈ စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး တာ၀န္ရွိသူမ်ားမွ လုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းေစခဲ့ေၾကာင္း သိရသည္။

၂၀၁၆ခုႏွစ္ ဧၿပီလ(၉)ရက္ေန႔ ည(၇)နာရီ၀န္းက်င္မွ စ၍ အခ်ိန္(၂)နာရီေက်ာ္အၾကာ ေလာင္ကြ်မ္းခဲ့ေသာ အဆိုပါ မီးေလာင္မႈေၾကာင့္ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရွိရသည္။

....................

တာချီလိတ်၊ မေလ(၁၇)
၂၀၁၆ခုနှစ် ဧပြီလ(၉)ရက်နေ့က နေအိမ်(၂၉)လုံးမီးဘေးသင့်ခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် ယခုအခါမှာ နေအိမ်များ ပြန်လည်ဆောက်လုပ်နပြေီဖြစ်ရာ ယနေ့ မေလ(၁၇)ရက်နေ့ နံနက်ပိုင်းက ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေအိမ်(၂၉)လုံး မီးလောင်ကျွမ်းခဲ့ရပြီး အသစ်ပြန်လည်၍ ဆောက်လုပ်နေသည့် နေရာတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းစေခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~