ထိုင္းႏုိင္ငံ ကင္ဟီးဂ်ယ္လီစက္ရံုမွ ဆႏၵျပျမန္မာလုပ္သား ၃၀၀ ေက်ာ္ လုပ္ငန္းခြင္ျပန္ဝင္

ထိုင္းႏုိင္ငံ ကင္ဟီးဂ်ယ္လီစက္ရံုမွ ဆႏၵျပျမန္မာလုပ္သား ၃၀၀ ေက်ာ္ လုပ္ငန္းခြင္ျပန္ဝင္
ဧပြီ 27, 2016
By Tachileik News Agency

( Photo: AAC )

တာခ်ီလိတ္၊ ဧၿပီလ (၂၇) ရက္
ထိုင္းႏိုင္ငံ၊ အုန္းႏြဲ႕နယ္ေျမရွိ "ကင္ဟီးဂ်ယ္လီ''စက္ရံုတြင္ လုပ္အားချဖတ္ေတာက္ခံရသည့္ ျမန္မာႏိုင္ငံသား အလုပ္သမား (၃၀၀)ေက်ာ္ ဆႏၵျပေတာင္းဆိုမႈအား ေျဖရွင္းေပးၿပီးျဖစ္၍ လုပ္ငန္းခြင္ ျပန္လည္ဝင္ေရာက္ေနၿပီ ျဖစ္ေၾကာင္း ျမန္မာသံရံုးအလုပ္သမားကူညီေစာင့္ေရွာက္ေရး ေကာ္မတီဝင္''AAC''အဖြဲ႕ထံမွ သိရသည္။

အဆိုပါစက္ရံုတြင္ အလုပ္သမားမ်ား၏ ေန႔စားခအားျဖတ္ေတာက္ခံရျခင္း၊ အခ်ိန္ပိုလုပ္အားခမရရွိျခင္း တို႔ေၾကာင့့္ ဧၿပီလ (၂၂)ရက္ေန႔တြင္ ဆႏၵျပေတာင္းဆိုေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိက ေန႔စားခ ဘတ္(၃၀၀)ထဲက ေန႔တိုင္း(၆၃)ဘတ္ျဖတ္ခံရတယ္။ ဘာေၾကာင့္ျဖတ္တာလဲဆိုေတာ့ ထမင္းေကၽြးလို႔တဲ့။ ထမင္းကလည္း အျပင္မွာ၀ယ္ရင္(၅)ဘတ္ေလာက္ပဲရွိတာ။ ဒါကို မေက်နပ္လို႔ ဆႏၵျပတာ။ တျခားဟာကေတာ့ အလုပ္သမားဖူလံုေရးအာမခံေတြေကာက္ၿပီး မထည့္တာ။ တနဂၤေႏြေန႔ဆိုရင္ ႏွစ္ရက္စာ အခ်ိန္ပိုေၾကးရမယ့္ေငြလည္း မေပးဘူး။ ဒါေၾကာင့္ ဆႏၵျပၾကတာပါ။ အခုေတာ့ အဆင္ေျပသြားပါၿပီ" ဟု''AAC''အဖြဲ႕မွ ကိုရဲမင္းက ေျပာသည္။

K.H Group ဂ်ယ္လီရံုတြင္ အလုပ္သမား(၄၀၀)ခန္႔ရွိသည့္အနက္ ျမန္မာအလုပ္သမား(၃၀၀)ခန္႔ ဆႏၵျပခဲ့ျခင္းျဖစ္ၿပီး နယ္ေျမခံထိုင္းစစ္တပ္ႏွင့္ အလုပ္သမားကူညီေစာင့္ေရွာက္ေရးရံုး(ဆ၀ါဒီကန္)၊ ျမန္မာသံရံုးအလုပ္သမားကူညီေစာင့္ေရွာက္ေရးေကာ္မတီ"AAC"အဖြဲ႕တို႔ု႔က အလုပ္သမားမ်ားႏွင့္ အလုပ္ရွင္တို႔ၾကား ညိွႏိႈင္းေပးခဲ့ရာ ေတာင္းဆိုခ်က္ (၁၀)ခ်က္အနက္ (၉)ခ်က္အား အလုပ္ရွင္မွ လိုက္ေလ်ာေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အလုပ္ရွင္မွ လိုက္ေလ်ာသည့္အခ်က္မ်ားကို ထုိင္းအလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးဌာန၊ ထုိင္းစစ္တပ္မွ တာဝန္ရွိသူမ်ားေရွ႕တြင္ အလုပ္ရွင္မွ ခံ၀န္ ကတိစာခ်ဳပ္ လက္မွတ္ေရးထိုးေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
...........
တာချီလိတ်၊ ဧပြီလ (၂၇) ရက်
ထိုင်းနိုင်ငံ၊ အုန်းနွဲ့နယ်မြေရှိ "ကင်ဟီးဂျယ်လီ''စက်ရုံတွင် လုပ်အားခဖြတ်တောက်ခံရသည့် မြန်မာနိုင်ငံသား အလုပ်သမား (၃၀၀)ကျော် ဆန္ဒပြတောင်းဆိုမှုအား ဖြေရှင်းပေးပြီးဖြစ်၍ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နပြေီ ဖြစ်ကြောင်း မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင်''AAC''အဖွဲ့ထံမှ သိရသည်။
အဆိုပါစက်ရုံတွင် အလုပ်သမားများ၏ နေ့စားခအားဖြတ်တောက်ခံရခြင်း၊ အချိန်ပိုလုပ်အားခမရရှိခြင်း တို့ကြောင့် ဧပြီလ (၂၂)ရက်နေ့တွင် ဆန္ဒပြတောင်းဆိုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဓိက နေ့စားခ ဘတ်(၃၀၀)ထဲက နေ့တိုင်း(၆၃)ဘတ်ဖြတ်ခံရတယ်။ ဘာကြောင့်ဖြတ်တာလဲဆိုတော့ ထမင်းကျွေးလို့တဲ့။ ထမင်းကလည်း အပြင်မှာဝယ်ရင်(၅)ဘတ်လောက်ပဲရှိတာ။ ဒါကို မကျေနပ်လို့ ဆန္ဒပြတာ။ တခြားဟာကတော့ အလုပ်သမားဖူလုံရေးအာမခံတွေကောက်ပြီး မထည့်တာ။ တနင်္ဂေနွနေ့ဆိုရင် နှစ်ရက်စာ အချိန်ပိုကြေးရမယ့်ငွေလည်း မပေးဘူး။ ဒါကြောင့် ဆန္ဒပြကြတာပါ။ အခုတော့ အဆင်ပြေသွားပါပြီ" ဟု''AAC''အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
K.H Group ဂျယ်လီရုံတွင် အလုပ်သမား(၄၀၀)ခန့်ရှိသည့်အနက် မြန်မာအလုပ်သမား(၃၀၀)ခန့် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး နယ်မြေခံထိုင်းစစ်တပ်နှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးရုံး(ဆဝါဒီကန်)၊ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ"AAC"အဖွဲ့တို့က အလုပ်သမားများနှင့် အလုပ်ရှင်တို့ကြား ညှိနှိုင်းပေးခဲ့ရာ တောင်းဆိုချက် (၁၀)ချက်အနက် (၉)ချက်အား အလုပ်ရှင်မှ လိုက်လျောပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်ရှင်မှ လိုက်လျောသည့်အချက်များကို ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန၊ ထိုင်းစစ်တပ်မှ တာဝန်ရှိသူများရှေ့တွင် အလုပ်ရှင်မှ ခံဝန် ကတိစာချုပ် လက်မှတ်ရေးထိုးပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~