တာချီလိတ်၌ သက်ကြီးရွယ်အို (၁၂၃)ဦးအား ပူဇော်ကန်တော့မည်ဖြစ်ရာ မည်သူမဆို လာရောက် ပူဇော်ကန်တော့နိုင်

တာချီလိတ်၌ သက်ကြီးရွယ်အို (၁၂၃)ဦးအား ပူဇော်ကန်တော့မည်ဖြစ်ရာ မည်သူမဆို လာရောက် ပူဇော်ကန်တော့နိုင်
ဧပြီ 14, 2016
By Tachileik News Agency

တာချီလိတ်၌ မြန်မာ့နှစ်ဆန်း (၁)ရက်နေ့တိုင်းတွင် စေတနာရှင် အလှူရှင်များမှ ပူးပေါင်းပါဝင် လှူဒါန်းလေ့ရှိပြီး နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သည့် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ နှင့် သက်ကြီး ရွယ်အိုဘိုးဘွား ပူဇော်ပွဲတို့ကို ကျင်းပပြုလုပ်လေ့ရှိရာ ယခု ၂၀၁၆ခုနှစ်၏ နှစ်ဆန်း (၁)ရက်နေ့ ဧပြီလ(၁၇)ရက် နံနက်(၉)နာရီတွင် သက်ကြီးရွယ်အို ဘိုးဘွား စုစုပေါင်း(၁၂၃)ဦးအား အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများ အပါအ၀င် ကန်တော့ငွေများဖြင့် စုပေါင်း ကန်တော့မည့် ကိစ္စနှင့် ပတ်သက်၍  အခမ်းအနား ကျင်းပသည့်နေ့တွင် ကိုယ်တိုင် ကိုယ်ကျလာရောက် လှူဒါန်းနိုင်ကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net