အစိုးရသစ္ လက္ထက္တြင္ ထိုင္းေရာက္ ျမန္မာလုပ္သားမ်ား ဘ၀ အေျပာင္းအလဲျဖစ္ရန္အတြက္ ေမွ်ာ္လင့္ေန

အစိုးရသစ္ လက္ထက္တြင္ ထိုင္းေရာက္ ျမန္မာလုပ္သားမ်ား ဘ၀ အေျပာင္းအလဲျဖစ္ရန္အတြက္ ေမွ်ာ္လင့္ေန
မတ် 14, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၁၄) ရက္ ။   ။ NLD ၏ ဒုတိယသမၼတေလာင္း အမည္စာရင္းထြက္ေပၚလာၿပီးေနာက္ ထိုင္းႏိုင္ငံေရာက္ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမားဘ၀မ်ား ေျပာင္းလဲကာ ပိုမိုေကာင္းမြန္လာႏိုင္သည္ဟု ေမွ်ာ္လင့္ေနၾကေၾကာင္း ျမန္မာလုပ္သားမ်ားကို ကူညီေပးေနသူမ်ားထံမွ သိရသည္။

ျပည္ေထာင္စုလႊတ္ေတာ္မွ ေရြးေကာက္ခံကိုယ္စားလွယ္မ်ားအစုအဖြဲ႕မ်ားက ဒုတိယသမၼတေလာင္း အမည္စာရင္း တင္သြင္းျခင္းကို မတ္လ ၁၀ ရက္ေန႔က လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

"အခု ဒုသမၼတအျဖစ္ NLD ပါတီက ေရြးခ်ယ္တဲ့လူေတြက အာဏာရွင္ဆန္ဆန္ လုပ္တာလည္း မေတြ႕မိဘူး၊ ျပည္သူလူထုနဲ႔လည္း နီးနီးကပ္ကပ္ ေနခဲ့တဲ့အတြက္ အာဏာရွင္ဆန္တဲ့ အသိုင္းအ၀ိုင္းက လာတာလည္း မဟုတ္ေတာ့ ဒါေၾကာင့္ အရင္ကထက္ ေကာင္းလာမယ္လို႔ေမွ်ာ္လင့္တယ္။ ဒုသမၼတစာရင္းမွာ တိုင္းရင္းသားေတြ ပါလာတဲ့အတြက္ ၀မ္းသာတယ္"ဟု ထိုင္းႏိုင္ငံအေျခစိုက္ ျမန္မာသံရံုး အလုပ္သမား ကူညီေစာင့္ေရွာက္ေရးေကာ္မတီဝင္''AAC''မဟာမိတ္အဖြဲ႕ ဒါရိုက္တာ ဦးခိုင္က ေျပာသည္။

ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားအမ်ားစုမွာ ဆင္းရဲသား လုပ္သားမ်ားျဖစ္သျဖင့္ ေခါင္းပံုျဖတ္၊ အဓမၼျပဳက်င့္ခံရလွ်က္ရွိရာ ေနရပ္ျပန္၍ အလုပ္ လုပ္ခြင့္ရရန္ ျပည္တြင္း အလုပ္အကိုင္ အခြင့္အလမ္းမ်ား လ်င္ျမန္စြာျဖစ္ေပၚလာရန္ အစိုးရသစ္အေနျဖင့္ ေဆာင္ရြက္ေစလိုေၾကာင္း ၎က ေျပာသည္။

"ေခါင္းေဆာင္ေကာင္း တစ္ေယာက္ကို ျပည္သူေတြက ယံုယံုၾကည္ၾကည္ ေရြးခ်ယ္ၿပီးၿပီဆိုေတာ့ ပိုေကာင္းဖို႔ပဲျမင္တယ္။ ဒီ ဒုသမၼတ(၂)ေယာက္ကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က ေရြးခ်ယ္ခဲ့တာမို႔လို႔ ယံုၾကည္တယ္လို႔ပဲ ေျပာခ်င္တယ္"ဟု ထုိင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေရး ေဆာင္ရြက္ေနသူ ဦးတင့္ေဆြက ေျပာသည္။

ျပည္သူ႔လႊတ္ေတာ္ ေရြးေကာက္ခံကိုယ္စားလွယ္မ်ားအစုအဖြဲ႕မွ ဒုတိယသမၼတေလာင္းမ်ားအျဖစ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီမွ ဦးထင္ေက်ာ္ႏွင့္ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေဒါက္တာ စိုင္းေမာက္ခမ္းတို႔ကုိလည္းေကာင္း၊ အမ်ိဳးသားလႊတ္ေတာ္ ေရြးေကာက္ခံကိုယ္စားလွယ္မ်ား အစုအဖြဲ႕မွ  ဒုတိယသမၼတေလာင္းမ်ားအျဖစ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ဦးဟင္နရီဗန္ထီးယူႏွင့္ ဦးခင္ေအာင္္ျမင့္တို႔အား လည္းေကာင္း အသီးသီးအဆိုတင္သြင္းခဲ့ျခင္းျဖစ္သည္။

မတ္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းတြင္ ႏိုင္ငံေတာ္သမၼတ ေရြးခ်ယ္ေရးအတြက္ ဦးထင္ေက်ာ္၊ ဦးဟင္နရီဗန္ထီးယူ ႏွင့္ ဦးျမင့္ေဆြ တို႔အား ေရြးခ်ယ္သတ္မွတ္ခဲ့ၾကၿပီး မတ္လ(၁၅)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္တြင္ အဆိုပါ (၃)ဦးအနက္ တစ္ဦးကို ႏိုင္ငံသမၼတအျဖစ္ ေရြးခ်ယ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
---------------------

( unicode )

တာချီလိတ်၊ မတ်လ (၁၄) ရက်။ NLD၏ ဒုတိယသမ္မတလောင်း အမည်စာရင်းထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားဘဝများ ပြောင်းလဲကာ ပိုမိုကောင်းမွန်လာနိုင်သည်ဟု မျှော်လင့်နကြေကြောင်း မြန်မာလုပ်သားများကို ကူညီပေးနေသူများထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့များက ဒုတိယသမ္မတလောင်း အမည်စာရင်း တင်သွင်းခြင်းကို မတ်လ ၁၀ ရက်နေ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

"အခု ဒုသမ္မတအဖြစ် NLD ပါတီက ရွေးချယ်တဲ့လူတွေက အာဏာရှင်ဆန်ဆန် လုပ်တာလည်း မတွေ့မိဘူး၊ ပြည်သူလူထုနဲ့လည်း နီးနီးကပ်ကပ် နေခဲ့တဲ့အတွက် အာဏာရှင်ဆန်တဲ့ အသိုင်းအဝိုင်းက လာတာလည်း မဟုတ်တော့ ဒါကြောင့် အရင်ကထက် ကောင်းလာမယ်လို့မျှော်လင့်တယ်။ ဒုသမ္မတစာရင်းမှာ တိုင်းရင်းသားတွေ ပါလာတဲ့အတွက် ဝမ်းသာတယ်"ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင်''AAC''မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားအများစုမှာ ဆင်းရဲသား လုပ်သားများဖြစ်သဖြင့် ခေါင်းပုံဖြတ်၊ အဓမ္မပြုကျင့်ခံရလျှက်ရှိရာ နေရပ်ပြန်၍ အလုပ် လုပ်ခွင့်ရရန် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ လျင်မြန်စွာဖြစ်ပေါ်လာရန် အစိုးရသစ်အနဖြေင့် ဆောင်ရွက်စေလိုကြောင်း၎င်းက ပြောသည်။

"ခေါင်းဆောင်ကောင်း တစ်ယောက်ကို ပြည်သူတွေက ယုံယုံကြည်ကြည် ရွေးချယ်ပြီးပြီဆိုတော့ ပိုကောင်းဖို့ပဲမြင်တယ်။ ဒီ ဒုသမ္မတ(၂)ယောက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခဲ့တာမို့လို့ ယုံကြည်တယ်လို့ပဲ ပြောချင်တယ်"ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ဆောင်ရွက်နေသူ ဦးတင့်ဆွေက ပြောသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတလောင်းများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးထင်ကျော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းတို့ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတလောင်းများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဟင်နရီဗန်ထီးယူနှင့် ဦးခင်အောင်မြင့်တို့အား လည်းကောင်း အသီးသီးအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်အစည်းအေဝးတွင် နိုင်ငံတော်သမ္မတ ရွေးချယ်ရေးအတွက် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူ နှင့် ဦးမြင့်ဆွေ တို့အား ရွေးချယ်သတ်မှတ်ခဲ့ကြပြီး မတ်လ(၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် အဆိုပါ (၃)ဦးအနက် တစ်ဦးကို နိုင်ငံသမ္မတအဖြစ် ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~