ဘန္ေကာက္တြင္ ကားတိုက္ခံရသည့္ ျမန္မာလုပ္သား ထိုက္သင့္သည့္ေလ်ာ္ေၾကးရေရး AAC ေဆာင္ရြက္ေန

ဘန္ေကာက္တြင္ ကားတိုက္ခံရသည့္ ျမန္မာလုပ္သား ထိုက္သင့္သည့္ေလ်ာ္ေၾကးရေရး AAC ေဆာင္ရြက္ေန
မတ် 9, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၉) ရက္ ။   ။ ထုိင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ေရေဆးခံုလုပ္ကိုင္ေနေသာ ျမန္မာအလုပ္သမားတစ္ဦးအား ကားျဖင့္ ေနာက္ျပန္ဆုတ္တိုက္မိရာမွ ခါးရိုးမႀကီးက်ိဳးသြားသျဖင့္ ထိုက္သင့္သည့္နစ္နာေၾကးမ်ားရရွိရန္ ကူညီ ေဆာင္ရြက္ေနေၾကာင္း ျမန္မာသံရံုးအလုပ္သမား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ(AAC)မဟာမိတ္အဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ မတ္လ ၅ ရက္ေန႔က ဘန္ေကာက္ၿမိဳ႕ ဖက္လန္ဆမ္၊ နာလထိ၀တ္ စြယ္ဆမ္း ရပ္ကြက္အတြင္းရွိ ကားေရေဆးခံုတြင္ ႏိုင္ငံျခားသားတစ္ဦးမွ ကားေနာက္ျပန္ဆုတ္စဥ္အရွိန္ျဖင့္ ၀င္ေရာက္တိုက္မိၿပီး ခ်ိတ္ပါသြားျခင္းျဖစ္ေၾကာင္း သိရသည္။

"ကားနဲ႔ ေနာက္ျပန္တိုက္မိတာ။ ျဖစ္ျဖစ္ခ်င္း သူေဌးက ေဆးရံုတင္ေပးတယ္။ ၿပီးေတာ့ ဘာမွမျဖစ္ဘူးဆိုၿပီး ေဆးရံုကျပန္ေခၚလာတယ္။ အိမ္မွာပရုတ္ဆီေတြဘာေတြလိမ္းေပးတာ။ ဒါကို အလုပ္သမားရဲ႕ အမ်ိဳးသမီးက မေက်နပ္လို႔ ကၽြန္ေတာ္တို႔ကို အကူအညီေတာင္းလို႔ လိုက္လုပ္ေပးေနတာပါ။ အလုပ္သမားက တစ္သက္လံုး အလုပ္ၾကမ္းလုပ္ႏိုင္မယ့္ အေျခအေန မရွိဘူး"ဟု ျမန္မာသံရံုးအလုပ္သမား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ၀င္(AAC)မဟာမိတ္အဖြဲ႕မွ ကိုရဲမင္းက ေျပာသည္။

ကားျဖင့္ ေနာက္ျပန္တိုက္ခံရသည့္ အသက္ ၃၃ ႏွစ္အရြယ္ ကိုဇင္မင္းသည္ ကားတိုက္ခံရသျဖင့္ ခါးရိုးမႀကီး က်ိဳးသြားကာ ဖေနာင့္ေၾကာမ်ား ျပတ္သြားခဲ့သျဖင့္ အလုပ္မလုပ္ႏုိင္ေတာ့သည့္အတြက္ ကားတိုက္ခံရမႈေၾကာင့္ နစ္နာေၾကးအျပင္ အလုပ္ၾကမ္းမလုပ္ႏိုင္သည့္အတြက္ နစ္နာေၾကးမ်ားအား ရရွိေအာင္ပါ AAC အေနျဖင့္ ေဆာင္ရြက္ေပးလွ်က္ရွိေၾကာင္း သိရသည္။

သတင္း ။  ။ ကိုဇက္

**************

( unicode )

တာချီလိတ်၊ မတ်လ (၉) ရက်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရေဆေးခုံလုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးအား ကားဖြင့် နောက်ပြန်ဆုတ်တိုက်မိရာမှ ခါးရိုးမကြီးကျိုးသွားသဖြင့် ထိုက်သင့်သည့်နစ်နာကြေးများရရှိရန် ကူညီ ဆောင်ရွက်နေကြောင်း မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ(AAC)မဟာမိတ်အဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့က ဘန်ကောက်မြို့ ဖက်လန်ဆမ်၊ နာလထိဝတ် စွယ်ဆမ်း ရပ်ကွက်အတွင်းရှိ ကားရေဆေးခုံတွင် နိုင်ငံခြားသားတစ်ဦးမှ ကားနောက်ပြန်ဆုတ်စဉ်အရှိန်ဖြင့် ဝင်ရောက်တိုက်မိပြီး ချိတ်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။

"ကားနဲ့ နောက်ပြန်တိုက်မိတာ။ ဖြစ်ဖြစ်ချင်း သူဌေးက ဆေးရုံတင်ပေးတယ်။ ပြီးတော့ ဘာမှမဖြစ်ဘူးဆိုပြီး ဆေးရုံကပြန်ခေါ်လာတယ်။ အိမ်မှာပရုတ်ဆီတွေဘာတွေလိမ်းပေးတာ။ ဒါကို အလုပ်သမားရဲ့ အမျိုးသမီးက မကျေနပ်လို့ ကျွန်တော်တို့ကို အကူအညီတောင်းလို့ လိုက်လုပ်ပေးနေတာပါ။ အလုပ်သမားက တစ်သက်လုံး အလုပ်ကြမ်းလုပ်နိုင်မယ့် အခြေအနေ မရှိဘူး"ဟု မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်(AAC)မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ကားဖြင့် နောက်ပြန်တိုက်ခံရသည့် အသက် ၃၃ နှစ်အရွယ် ကိုဇင်မင်းသည် ကားတိုက်ခံရသဖြင့် ခါးရိုးမကြီး ကျိုးသွားကာ ဖနောင့်ကြောများ ပြတ်သွားခဲ့သဖြင့် အလုပ်မလုပ်နိုင်တော့သည့်အတွက် ကားတိုက်ခံရမှုကြောင့် နစ်နာကြေးအပြင် အလုပ်ကြမ်းမလုပ်နိုင်သည့်အတွက် နစ်နာကြေးများအား ရရှိအောင်ပါ AAC အနဖြေင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~